ယခုနှစ်မိုးစပါးရာသီတွင် မြေခံဓာတ်မြေသြဇာများ ရောင်းအားကျဆင်းနေရခြင်း အကြောင်းရင်း

17/08/2020 13:30 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများ ရောင်းအားကျဆင်းနေကြောင်းကို စိုက်ပျိုးရေးဆေးကုမ္ပဏီ အရောင်းဝန်ထမ်းများထံမှ သိရသည်။

ရောင်းအားအဓိကကျဆင်းတာက မြေဆီအရောင်း target ကျတာ။ မြေဆီအရောင်း target ဆိုတာက စပါးမစိုက်ခင် မြေခံအနေနဲ့ထည့်တဲ့ ဓာတ်မြေသြဇာတွေ၊ စိုက်ပြီးအာဟာရအနေနဲ့ကျွေးတဲ့ဓာတ်မြေသြဇာတွေရဲ့ တစ်ရာသီအတွင်း မျှော်မှန်းထားတဲ့ရောင်းအားကိုပြောတာ။ ဆေးကတော့ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ ရောဂါသတ်ဆေးတွေပေါ့။ ဆေးအရောင်း target ကတော့ အရင်နှစ်တွေနီးပါးပါပဲ။ ပုံမှန်ထက် နည်းနည်းပဲအရောင်းကျတာ။ ဒါပေမယ့် အကိုတို့ မြေဆီအရောင်း target ကျတော့ အရင်နှစ်တွေထက်ကို ၄၀ ရာခိုင်နှုန်းလောက်ထိ သိသိသာသာ ကျသွားတာ။ အကိုတို့တင်မဟုတ်ဘူး တခြားစိုက်ပျိုးရေးဆေးကုမ္ပဏီတွေရောပဲ။ မြေဆီအရောင်း target အတော်လေးကျ ဆင်းသွားကြတာ။

ဟု စိုက်ပျိုးရေးသုံးဆေး၊ ဓာတ်မြေသြဇာကုမ္ပဏီတစ်ခုမှ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရေတာရှည်မြို့နယ်ကွင်းကို တာဝန်ယူရသော ဧရိယာမန်နေဂျာတစ်ဦးမှ ပြောကြားသည်။ 

    မြေဆီအရောင်း target ကျဆင်းလာရခြင်းမှာ တောင်သူများ အခြောက်ကြဲစနစ်ဖြင့် မိုးစပါးလုပ်ကိုင်ခဲ့ရ၍ အများစုမွာ မြေခံများ ထည့်သွင်းမသုံးတော့ခြင်းကြောင့် ဖြစ်ပါတယ်။ မိုးကိုမှီခိုလုပ်ကိုင်ရသော ယခုနှစ်မိုးစပါးရာသီတွင် မိုးဦးခေါင်ခြင်းကြောင့် တောင်သူများ အခြောက်ကြဲစနစ်ဖြင့်သာ လုပ်ကိုင်ခဲ့ရသည်။ 

    ဒါ့ကြောင့် ဓာတ်မြေသြဇာများ ရောင်းအားကျဆင်းလာရခြင်း အကြောင်းရင်းကို ၎င်းဒေသမှတောင်သူတစ်ဦးအား မေးမြန်းကြည့်ခဲ့ပါတယ်။ 

မိုးစပါးမှာ မိုးဦးကခေါင်လိုက်တော့ ဦးလေးတို့တောင်သူအတော်များများ အခြောက်ကြဲလိုက်ရတယ်။ အခြောက်ကြဲဆိုတော့ ထယ်ထိုးထွန်မွှေလုပ်ပြီး စပါးအခြောက်ကိုကြဲလိုက်ပြီး ပြန်ဖုံးထားလိုက်တာ။ မြေခံမထည့်တော့ဘူး။ နောက် မိုးရွာလို့ စပါးပင်ပေါက်လာမှ အပေါ်ကပဲ ဓာတ်မြေသြဇာကျွေးကြတာကို။ ဒါပေမယ့် နောက်မိုးကလည်းရွာလာပေမယ့်  ရေမတင်ဘူးလေ (ရေအလုံအလောက် မရရှိခြင်း)။ မြေသြဇာကျွေးဖို့ ရေမတင်တော့ ကျွေးလိုက်တဲ့မြေသြဇာ ဆုံးရှုံးမှာကြောက်တာနဲ့ ဦးဆို အခုထိ အခြေအနေကြည့်နေရတုန်း။ စပါးပင်က မြေသြဇာလိုနေပြီ ဒါပေမယ့် မိုးရေလေးများထပ်ရဦးမလားဆိုပြီး စောင့်နေတာ။ အဲ့တော့ ဦးလိုပဲ အခြားတောင်သူတွေလည်း မြေသြဇာဖိုးကို မရင်းရဲကြဘူး။ ကျွေးဖြစ်ရင်တောင် အရင်နှစ်တွေလောက် မသုံးတော့ဘူး။ ဒီနှစ်က စပါးအထွက်မသေချာတော့ဘူးလေ။

ဟု တောင်သူ ဦးကျော်စွာဝင်းမှ ပြောသည်။

    ယခုနောက်ပိုင်းနှစ်များတွင် စပါးစိုက်တောင်သူများ ရာသီဥတုဖောက်ပြန်မှုများ၊ ပိုးမွှားအန္တရာယ်များ၊ ဈေးကွက်ပျက်ခြင်းများကြောင့် အမြတ်နည်းလာ၍ တချို့ဆုံးရှုံးမှုများလာကြသည်။ ဒါ့ကြောင့် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုကုန်ကျစရိတ်များ မကာမိတော့ပဲ တဖြည်းဖြည်းကြွေးမြည်များတင်လာကြောင်း သိရသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်