အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရွှေဖရုံသီးအပါအဝင် သီးနှံစုံ ဈေးနှုန်းများမြင့်တက်နေသဖြင့် တောင်သူများအဆင်ပြေနေ

ရွှေဖရုံသီးအပါအဝင် သီးနှံစုံ ဈေးနှုန်းများမြင့်တက်နေသဖြင့် တောင်သူများအဆင်ပြေနေ

    ရွှေဖရုံသီးအပါအဝင် သီးနှံစုံဈေးနှုန်းများ မြင့်တက်နေသဖြင့် တောင်သူများအဆင်ပြေနေကြောင်း မကွေးတိုင်းဒေသကြီးရှိ သီးနှံစုံစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ဘာဖြစ်လို့ဈေးတက်လဲဆိုတော့ ရောဂါအခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်နဲ့အပြင် တောင်သူတွေကလည်း မြေဩဇာဈေးတွေ ကြီးတော့ သိပ်ပြီး မစိုက်ပျိုးနိုင်ကြတော့ဘူးလေ။ မြေဩဇာဈေးက နှစ်ဆတက်နေတာလေ။ ခရမ်းချဉ်သီးတစ်ပိဿာကို ဖောက်သည်ဈေး ကျပ် ၂၀၀၀ ဝန်းကျင်ဖြစ်နေပြီ။ အရင်ဒီအချိန်ဆို တစ်ပိဿာမှ တစ်ထောင်ကျပ်ပဲရခဲ့တယ်။ ရွှေဖရုံသီးဆိုလည်း ဈေးတအားကောင်းတော့ စိုက်ထားသူတွေက တွက်ခြေကိုက်နေပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ သီးနှံစုံစိုက်ပျိုးထုတ်လုပ်နေသူ ကိုဟန်ဇော်သက်က ပြောသည်။

    ၂၀၂၀ ခုနှစ်က ရွှေဖရုံသီးတစ်ပိဿာလျှင် ရန်ကုန်အရောက်ပို့ဈေး ၁၅၀ ကျပ် ဝန်းကျင်သာ ဈေးနှုန်းရှိခဲ့ပြီး ယခုအခါ ရွှေဖရုံသီး တစ်ပိဿာလျှင် ၃၇၀ ကျပ် ရရှိနေကြောင်း သိရသည်။

ပန်းဈေးတွေဆိုလည်း တအားတက်နေတယ်။ ကျွန်တော်က ဂန္ဓမာပန်းလည်းစိုက်တယ်လေ။ စိုက်ပျိုးသူနည်းတဲ့အတွက် ဒီနှစ်ကတော့ တခြားသီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေလည်း ဒေသအလိုက် သူ့ဈေးကွက်နဲ့သူ ဈေးကောင်းရနေပါတယ်။ ရွှေဖရုံသီးကတော့ အခုရက်မှာပဲ ထပ်ခူးရဦးမယ်။ ဈေးကတော့ နှစ်ဆကျော်တက်နေတော့ ပိုအဆင်ပြေတာပေါ့။

ဟု ၎င်းက ဆက််လက်ပြောသည်။

    မြန်မာနိုင်ငံတွင် ရွှေဖရုံသီးကို တစ်အိုးချက်ရွှေဖရုံသီး၊ ဒင်္ဂါးကြီး၊ ကျောက်စိမ်း၊ ရွှေဝါ စသည့် ရွှေဖရုံသီးမျိုးများကို အဓိကစိုက်ပျိုးထုတ်လုပ်နေပြီး၊ နှစ်စဉ် မေလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးလေ့ရှိကြသည်။

You

ဆက်စပ်မေးခွန်းများ

အဲ့ရာဘာဖစ်တာလည်း

Ah Sai Shesoi • ဖြေကြားချက် 0 ခု

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

ဦးမောင်ကို • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။