မြန်မာနိုင်ငံအနှံ့အပြား၌ စပျစ်စိုက်ပျိုးရေးကို စိတ်ပါဝင်စားမှုများပြားနေ

02/12/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၀ ခုနှစ်အတွင်း စပျစ်စိုက်ပျိုးရေးကို မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီးမှ စိတ်ပါဝင်စားလာကြပြီး ခြံသစ်များလည်း တိုးပွားလာကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

စပျစ်ပျိုးပင်တွေကို မြို့နယ်တော်တော်များများက အော်ဒါမှာယူလာကြပါတယ်။ ခြံသစ်တွေလည်း များလာတယ်။ ကျွန်တော်တာဝန်ယူစိုက်ပျိုးပေးနေတဲ့ ခြံတွေဆိုရင် မြဝတီ၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မုံရွာ၊ ချောင်းဦး၊ တန့်ဆည်၊ မြိုင်၊ ပခုက္ကူ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ နွားထိုးကြီး၊ ပြည်မြို့၊ မန္တလေး၊ ပဲခူး၊ တံတားဦး၊ ဗန်းမောက်၊ ရေနံချောင်းနဲ့ မတ္တရာ စတဲ့ နေရာအနှံ့အပြားမှာ ရှိနေပါပြီ။ လာမယ့် ဖေဖော်ဝါရီလထဲမှာဆိုရင် အပင်ရေတိုးချဲ့စိုက်ပျိုးပေးရမယ့်ခြံတွေလည်း ရှိနေပါတယ်။

ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသရှိ လပြည့်ဝန်းစပျစ်စိုက်ပျိုးရေးခြံ၊ စပျစ်ပျိုးအမျိုးမျိုးနှင့် ဝိုင်စပျစ်သီးရောင်းဝယ်ရေးမှ စီမံအုပ်ချုပ်သူ ကိုမင်းဆက်ပိုင်က ပြောသည်။

    ကနဦးစိုက်ပျိုးစဉ်အခါက အပင်ရေအနည်းငယ်သာ စမ်းသပ်စိုက်ပျိုးခဲ့ကြသူများမှာလည်း (သားစဉ်မြေးဆက် ရေရှည်အကျိုးဖြစ်ထွန်းမှုရှိသည့်) စပျစ်စိုက်ပျိုးရေး ဈေးကွက်အပေါ်  သဘောပေါက်နားလည်လာပြီး စိုက်ဧကတိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

စစိုက်တုန်းကတော့ စပျစ်စိုက်ပျိုးရေးအပေါ် ယုံကြည်မှုအားနည်းသေးတော့ အပင်ရေနည်းနည်းပဲ စမ်းစိုက်ခဲ့ကြတာမျိုးပါ။ အခုနောက်ပိုင်းမှာတော့ ကိုယ်တိုင်စိုက်ပျိုးတဲ့ခြံတွေအပြင် အနီးပတ်ဝန်းကျင်တွေကပါ စပျစ်စိုက်ပျိုးရေးက အမှန်တကယ်ကောင်းမွန်တဲ့ စိုက်ပျိုးရေးဆိုတာကို လက်ခံလာကြတယ်။ ဈေးကွက်ကလည်း ကိုယ့်အပေါ်မူတည်နေတာ၊ ဝယ်လိုအားကောင်းတာထက် ကိုယ်စိုက်ရင်စိုက်သလောက် အောင်မြင်မှုရနိုင်တယ်ဆိုတာကို အများစု သိလာကြတာ။ ဒါ့ကြောင့် အရင်က နည်းနည်းစိုက်ထားတဲ့သူတွေလည်း တိုးချဲ့စိုက်ပျိုးလာကြတယ်။ အရင်တုန်းကဆိုရင် နှစ်တိုင်းလိုလို အပင်ရေ ငါးထောင်၊ ခြောက်ထောင်လောက်သာ သွားခဲ့တာပါ။ အခုဆိုရင် အပင်ရေ တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးအထိ မှာယူမှုတွေရှိကြတယ်။

ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

    ယခုကာလသည် စပျစ်စတင်စိုက်ပျိုးမည့် ခြံများအနေဖြင့် စတင်စိုက်ပျိုးမည့်မြေပေါ်တွင် မြေပြုပြင်ခြင်း၊ ထယ်ရေးပြုပြင်ခြင်းများ ပြုလုပ်သင့်သည့် ကာလအပိုင်းအခြားတစ်ခုလည်း ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်