ဆည်ရေလှောင်တမံများ၌ ငါးမွေးမြူခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး

30/08/2024 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကမ္ဘာပေါ်ရှိ ဆည်ရေလှောင်တမံ၊ ဆည်ကြီး ၃၅၀၀၀ ခု၏ ဆည်ရေပြင်ဧရိယာ(၁၂၁.၆)သန်းဧကတွင် ငါးထုတ်လုပ်မှုအနေဖြင့် တစ်နှစ်ပိဿာချိန် သန်း(၁၂၀၀၀)ကို ထုတ်လုပ်လျက်ရှိရာ ဆည်ဧရိယာတစ်ဧကလျှင် ငါးပိဿာချိန်(၁၀၀)အထိသာ ထုတ်လုပ်နိုင်ပြီး ထိုထုတ်လုပ်နိုင်မှုမှာ သမားရိုးကျ ဖမ်းဆီးထုတ်လုပ်ခြင်းသာဖြစ်ပါသည်။ ယခုအခါ နိုင်ငံတကာ၌ ကုန်းတွင်းတည်ရှိ အရင်းအမြစ်ဖြစ်သည့် ဆည်တာတမံများအတွင်းတွင် ငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လာကြရာ၌ ဆည်ငါးထုတ်လုပ်မှုမှာ ယခင်ကထက်လျင်မြန်စွာ တိုးတက်ထုတ်လုပ်နိုင်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ဆည်တာတမံ၊ ရေလှောင်ကန်ဟုဆိုရာတွင် စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်ထုတ်ယူသည့် ဆည်များသာမက သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ကန်ကြီးများလည်း ပါဝင်ပါသည်။

ဆည်ရေလှောင်တမံများအတွင်း ငါးမွေးမြူရေးလုပ်ငန်းများအဖြစ် ယင်း၊ လမု(ဝါး၊ ပိုက်စ)များ ကာရံ၍ မွေးမြူသည့် Pen Culture စနစ်နှင့် လှောင်အိမ်ဖြင့် မွေးမြူသည့် Cage Culture စနစ်တို့ဖြင့် မွေးမြူနိုင်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ Pen Culture စနစ်သည် တစ်ပိုင် တစ်နိုင် ဒေသခံများမှ ဆောင်ရွက်နိုင်သည့်စနစ်ဖြစ်ပြီး လှောင်အိမ်ဖြင့် မွေးမြူသည့် Cage Culture စနစ်မှာ စီးပွားဖြစ် ငွေကြေးရင်းနှီးမြှုပ်နှံမှုများသည့် မွေးမြူနည်းစနစ်တစ်ခု ဖြစ်ပါသည်။ 

ဆည်အတွင်း ငါးမွေးမြူခွင့်ပြုရာတွင် ဆည်၏ လျှိုလက်တက်ကျဥ်းသည့် နေရာများတွင် ယင်းတားစနစ်ဖြင့် ယင်း၊ ပိုက်ကာရံ၍ ငါးသန်အဆင့်ရှိ ငါးသားပေါက်များကို ထည့်သွင်းမွေးမြူပါက အစာကိုလည်း များစွာကျွေးရန် မလိုအပ်ဘဲ ဆည်အတွင်း၌ အလိုအလျောက်ဖြစ်ပေါ်နေသည့် အပင်မျှောလှေး(Phytoplankton)၊ သတ္တမျှောလှေး(Zooplankton)များကို စားသုံးခြင်းဖြင့် မွေးကန်များတွင် မွေးမြူခြင်းထက် ကြီးထွားနှုန်း မြန်နိုင်ပါသည်။

ထို့အပြင် အသီးအရွက်စားငါးမျိုးများကို အဓိကထား မွေးမြူခြင်းဖြင့် ဆည်အတွင်း ပေါက်ရောက်သည့် ဒိုက်၊ ရေမှော်၊ ရေညှိများကို စားသုံးခြင်းဖြင့်လည်း ကန်ရေပြင်တိမ်ကောမှုကို ထိန်းသိမ်းရာရောက်မည် ဖြစ်ပါသည်။ ဆည်အတွင်း ရေနက်ပိုင်း၌ ပိုက်လှောင်အိမ်(Net Cage Culture)စနစ်ဖြင့် ရေပြင်ကျယ်နေရာများ၌ မျှောလှေးစားငါးမျိုးစိတ်များကို မွေးမြူခြင်းသည် ဆည်၏ အရည်အသွေး၊ ရေပို့လွှတ်မှု၊ ဆည်၊တာတမံများ၏ အရည်အသွေးကို ထိခိုက်မှု မရှိသဖြင့် ခွင့်ပြုပေးသင့်ပါသည်။

Pen Culture စနစ်ဖြင့် ငါးမွေးမြူခြင်းသည် - သဘာဝရေပြင်တွင် ခြံခတ်၍ ငါးများကို လှောင်မွေးမြူသည့်စနစ်ဖြစ်ပါသည်။ များသောအားဖြင့် ရေငန်ပိုင်းတွင် ဒီရေတောများ မပျက်စီးစေဘဲ မွေးမြူသည့်စနစ်ဖြစ်ပြီး အင်းရေပြင်များ၌ ဖမ်းဆီးရေးကို အခြေခံသည့် မွေးမြူနည်းစနစ် အဖြစ် ဆောင်ရွက်ကြပါသည်။ ခြံခတ်ရာတွင် ဝါးယင်းဖြင့် ဖြစ်စေ၊ ပိုက်ဖြင့် ဖြစ်စေ လျှိုကြား၌ တစ်ဘက်ပိတ်၍ လည်းကောင်း၊ ရေပြင်ကျယ်တွင် ပုံစံအမျိုးမျိုးဖြင့် ကာရံ၍လည်းကောင်း မွေးမြူ လေ့ရှိကြပါသည်။

ထိုသို့ မွေးမြူခြင်းအားဖြင့် ဆည်အတွင်း သဘာဝရေပြင်မှ ပေါကြွယ်ဝသည့်အစာကြောင့် ငါးများကြီးထွားနှုန်းမြန်၍ အချိန်တိုအတွင်း ကန်များတွင် မွေးမြူခြင်းထက် ငါးထုတ်လုပ်မှု ပိုမိုရရှိနိုင်ပါသည်။ရေတိမ်သည့် လျှိုလက်တက်များ၌ ဆောင်ရွက်နိုင်ပါသည်။ တစ်ဧကထွက်ရှိမှုမှာ တစ်နှစ်ပိဿာ(၁၃၀၀)အထိ ထွက်ရှိနိုင်ပါသည်။

အများအားဖြင့် မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမကြီး၊ ငါးမြစ်ချင်းများကို ဦးစားပေးမွေးမြူနိုင်ပါသည်။ ရေအနေအထားပေါ်မူတည်၍ နှစ်ပေါက်ဖြစ်စေ၊ ကာလတိုဖြစ်စေ မွေးမြူနိုင်ပါသည်။ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များမှ ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်ပါသည်။

Cage Culture စနစ်ဖြင့် ငါးမွေးမြူခြင်းသည်- ပိုက်လှောင်အိမ်ဖြင့် မွေးမြူသည့်စနစ်(ပေါလောပေါ်စနစ်)ဖြစ်သည်။ သဘာဝမြစ်ချောင်း၊ ပင်လယ်၊ ရေပြင်ကျယ်များတွင် မွေးမြူသည့်စနစ်တစ်ခုဖြစ်ပြီး ဆည်ရေလှောင်တမံများတွင် မွေးမြူကြပါသည်။ ၄င်းစနစ်မှာ သိပ္ပံနည်းကျအထွက်တိုးစနစ်တစ်ခုဖြစ်ပြီး ငါးကောင်ရေများများဖြင့် ကန်ကြပ်အထွက်တိုး မွေးမြူနိုင်ပါသည်။သို့ရာတွင် အဆိုပါစနစ်တွင် သဘာဝအစာဖြင့် မွေးမြူ၍ မရဘဲ ဖြည့်စွက်အစာကျွေးမွေးရန် လိုအပ်ချက်၊ ပိုက်လှောင်အိမ်တန်ဖိုးကြီးမြင့်မှုတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ၍ တစ်ပိုင်တစ်နိုင်သမားများ ဆောင်ရွက်မှုမရှိကြပါ။(၂၀)ပေ ပတ်လည်လှောင်အိမ်တစ်ခုလျှင် တစ်နှစ်(၃)တန်အထိ ထွက်ရှိအောင် မွေးမြူနိုင်ပါသည်။ ငါးတန်၊ ငါးခူ၊ ငါးရံ့ကဲ့သို့သော ငါးမျိုးများ၊ ကကတစ်၊ ငါးမုတ်နှင့် အခြားရေချိုငါးမျိုးစိတ်များကိုလည်း မွေးမြူနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်