စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အောက်တိုဘာလ(၉)ရက် နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (ဘုတလင်-မောင်းထောင်)လမ်း အိုင်ပေါင်းချောင်ကျေးရွာ၊ ဆည်ဝကျေးရွာများရှိ လမ်းဘေး အနိမ့်ပိုင်းလမ်းများနှင့် လူနေအိမ်ဝင်းများသို့ မိုးရေများဝင်ရောက် လျှက်ရှိကြောင်းသိရသည်။
အဆိုပါ မိုးရေနစ်မြုပ်သည့်နေရာများသို့ ယနေ့ ညနေ (၃)နာရီအချိန်ကမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဇော် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ဒေသခံ ကျေးရွာပြည်သူများ သွားရေးလာရေးအဆင်ပြေ ချောမွေ့စေရန် ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။
သတင်းရင်းမြစ် - ရတနာပုံသတင်းစာ
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more