မိုးရာသီတွင်အဖြစ်များသော သိုး၊ဆိတ် ခြေပုပ်စပ်နာရောဂါ ကာကွယ်ကုသနည်း

18/07/2022 14:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ခြေပုပ်စပ်နာ(Foot rot)ရောဂါသည် ဆိတ်တွင်အတွေ့ရများပြီး အထူးသဖြင့် စိုစွတ်သောမိုးရာသီကာလတွင် အဖြစ်များကြပါသည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ-

- လေရှိမှ အသက်ရှင်နိုင်သည့် ဘက်တီးရီးယားပိုး၂ မျိုးဖြစ် သော Dichelobacter nodosus နှင့် Fusobacterium necrophorum တို့ကြောင့် ဖြစ်ပွားပါသည်။ 

ရောဂါကူးစက်ပုံမှာ -

Foot rot ဖြစ်စေသော ဘက်တီးရီးယားများသည် စားကျက်အတွင်း ပျံ့နှံ့နေပြီး ခွာ၂ ခုကြားရှိ အရည်ပြားတွင် ဒဏ်ရာဖြစ်ပေါ်သည့်အခါ ထိုဒဏ်ရာမှတဆင့် ဝင်ရောက်သွားပါသည်။

စိုစွတ်သောအခြေအနေတွင် ဘက်တီးရီးယားများ ပိုမိုရှင်သန်ပေါက်ပွားနိုင်သဖြင့် မိုးရာသီတွင် foot rot ရောဂါကို ပိုမို တွေ့ရှိရပါသည်။

ရောဂါလက္ခဏာများမှာ -

Foot rot ဖြစ်ပါက သိုး၊ ဆိတ်တို့၏ခြေထောက်များ နာနေခြင်းဖြင့် သိရှိနိုင်ပါသည်။ 

ခွာခင်းပြား(heel)သည် ရောင်ပြီး နီနေနိုင်ပါသည်။

အရေပြား ကွဲနေသည်ကိုလည်း တွေ့ရှိရတတ်ပါသည်။

အဆိုပါ foot rot ရောဂါ ဖြစ်ပွားကြသော သိုး၊ ဆိတ်များမှာ သေဆုံးမှုမရှိကြသော်လည်း လမ်းမလျှောက်နိုင်သဖြင့် စားကျက်တွင် အစာမစားနိုင်ဘဲ အာဟာရပြတ်လပ်နိုင်ပါသည်။

ရောဂါအားစစ်ဆေးခြင်း

ရောဂါလက္ခဏာများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။ 

ကာကွယ်ခြင်း

  • ရောဂါဖြစ်နေသောတိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့်အတူ လွှတ်ကျောင်းခြင်း မပြုရပါ။
  • တိရစ္ဆာန်အား သန့်ရှင်းခြောက်သွေ့သောနေရာတွင်ထားပါ။
  • ရောဂါဖြစ်လာပါက တိရစ္ဆာန်၏ ခြေထောက်များအား ပိုးသတ်ဆေးရည်စိမ်ခြင်း(Foot bath)ပြုလုပ်ပေးပါ။

ကုသခြင်း

  • ရောဂါပိုးဝင်ရောက်ထားသော အရေပြားများနှင့် ခွာကို လှီးထုတ်ပစ်ခြင်းဖြင့် ကုသနိုင်ပါသည်။ 
  • ထို့နောက် ပဋိဇီဝညှစ်ဆေးများထည့်ပြီး ပတ်တီးစည်းပေးရပါမည်။
  • ပဋိဇီဝဆေးများထိုးပေးပါက ပိုမိုကောင်းမွန်ပါသည်။
  • တိရစ္ဆာန်ကို ခြောက်သွေ့သန့်ရှင်းသည့်နေရာတွင် အနာကျက်သည်အထိ ထားရှိရပါမည်။
  • မိုးရာသီအစတွင် တိရစ္ဆာန်များ၏ခွာများကို စစ်ဆေးပြီး ခွာပြင်ပေးထားပါက ရောဂါပိုးများ စားကျက်အတွင်းသို့ မပျံ့နှံ့တော့ဘဲ အခြားတိရစ္ဆာန်များသို့ ကူးစက်ခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

ဦးဇော် (dof)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်