မိုးရာသီတွင်အဖြစ်များသော သိုး၊ဆိတ် ခြေပုပ်စပ်နာရောဂါ ကာကွယ်ကုသနည်း

18/07/2022 14:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ခြေပုပ်စပ်နာ(Foot rot)ရောဂါသည် ဆိတ်တွင်အတွေ့ရများပြီး အထူးသဖြင့် စိုစွတ်သောမိုးရာသီကာလတွင် အဖြစ်များကြပါသည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ-

- လေရှိမှ အသက်ရှင်နိုင်သည့် ဘက်တီးရီးယားပိုး၂ မျိုးဖြစ် သော Dichelobacter nodosus နှင့် Fusobacterium necrophorum တို့ကြောင့် ဖြစ်ပွားပါသည်။ 

ရောဂါကူးစက်ပုံမှာ -

Foot rot ဖြစ်စေသော ဘက်တီးရီးယားများသည် စားကျက်အတွင်း ပျံ့နှံ့နေပြီး ခွာ၂ ခုကြားရှိ အရည်ပြားတွင် ဒဏ်ရာဖြစ်ပေါ်သည့်အခါ ထိုဒဏ်ရာမှတဆင့် ဝင်ရောက်သွားပါသည်။

စိုစွတ်သောအခြေအနေတွင် ဘက်တီးရီးယားများ ပိုမိုရှင်သန်ပေါက်ပွားနိုင်သဖြင့် မိုးရာသီတွင် foot rot ရောဂါကို ပိုမို တွေ့ရှိရပါသည်။

ရောဂါလက္ခဏာများမှာ -

Foot rot ဖြစ်ပါက သိုး၊ ဆိတ်တို့၏ခြေထောက်များ နာနေခြင်းဖြင့် သိရှိနိုင်ပါသည်။ 

ခွာခင်းပြား(heel)သည် ရောင်ပြီး နီနေနိုင်ပါသည်။

အရေပြား ကွဲနေသည်ကိုလည်း တွေ့ရှိရတတ်ပါသည်။

အဆိုပါ foot rot ရောဂါ ဖြစ်ပွားကြသော သိုး၊ ဆိတ်များမှာ သေဆုံးမှုမရှိကြသော်လည်း လမ်းမလျှောက်နိုင်သဖြင့် စားကျက်တွင် အစာမစားနိုင်ဘဲ အာဟာရပြတ်လပ်နိုင်ပါသည်။

ရောဂါအားစစ်ဆေးခြင်း

ရောဂါလက္ခဏာများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။ 

ကာကွယ်ခြင်း

  • ရောဂါဖြစ်နေသောတိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့်အတူ လွှတ်ကျောင်းခြင်း မပြုရပါ။
  • တိရစ္ဆာန်အား သန့်ရှင်းခြောက်သွေ့သောနေရာတွင်ထားပါ။
  • ရောဂါဖြစ်လာပါက တိရစ္ဆာန်၏ ခြေထောက်များအား ပိုးသတ်ဆေးရည်စိမ်ခြင်း(Foot bath)ပြုလုပ်ပေးပါ။

ကုသခြင်း

  • ရောဂါပိုးဝင်ရောက်ထားသော အရေပြားများနှင့် ခွာကို လှီးထုတ်ပစ်ခြင်းဖြင့် ကုသနိုင်ပါသည်။ 
  • ထို့နောက် ပဋိဇီဝညှစ်ဆေးများထည့်ပြီး ပတ်တီးစည်းပေးရပါမည်။
  • ပဋိဇီဝဆေးများထိုးပေးပါက ပိုမိုကောင်းမွန်ပါသည်။
  • တိရစ္ဆာန်ကို ခြောက်သွေ့သန့်ရှင်းသည့်နေရာတွင် အနာကျက်သည်အထိ ထားရှိရပါမည်။
  • မိုးရာသီအစတွင် တိရစ္ဆာန်များ၏ခွာများကို စစ်ဆေးပြီး ခွာပြင်ပေးထားပါက ရောဂါပိုးများ စားကျက်အတွင်းသို့ မပျံ့နှံ့တော့ဘဲ အခြားတိရစ္ဆာန်များသို့ ကူးစက်ခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

ဦးဇော် (dof)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်