သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ရပ်ဝေးဒေသများရှိ ကွမ်းဈေးမြင့်တက်နေ

10/11/2020 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ရပ်ဝေးဒေသများရှိ ကွမ်းဈေးမြင့်တက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးတင်ပို့နေသူများက ပြောသည်။

ရပ်ဝေးကိုတင်ပို့တဲ့ ကွမ်းဈေးတွေကကျတော့ အတက်အကျ အရှင်းတော့မရှိဘူး။ ထိုးကျနေတာမျိုးလည်း မဟုတ်ပြန်ဘူး။ အခုကာလမှာ သယ်ယူပို့ဆောင်စရိတ်နဲ့ ကားခတွေက အရင်ကထက် နှစ်ဆ, သုံးဆအထိလောက်ကို တက်နေလို့ပါ။ ဒိုင်တွေအနေနဲ့ကျတော့လည်း ကွမ်းဈေးကို ဝိုင်းထိန်းပေးနေရတဲ့သဘောပါ။

ဟု ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာမှ ကွမ်းပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုထွန်းထွန်းက ပြောသည်။

    ရန်ကုန်ဈေးကွက် (သီရိမင်္ဂလာဈေး) သို့ လက်ကားတင်ပို့ရောင်းချနေသည့် ကွမ်းရွက်ဈေးနှုန်းများ၊ ရန်ကုန်တိုင်းအတွင်း  လက်လီပြန်လည်ရောင်းချနေသည့် ကွမ်းရွက်ပေါက်ဈေးနှုန်းများနှင့် အခြားရပ်ဝေးဒေသများရှိ ကွမ်းရွက်ပေါက်ဈေးနှုန်းများမှာ သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ဈေးနှုန်းကွာခြားမှုရှိနေနိုင်ကြောင်း ၎င်းကဆိုသည်။

ဥပမာ ရခိုင်ပြည်နယ်၊ စစ်တွေမှာဆိုရင် ကျွန်တော်တို့ဧရာဝတီတိုင်းဘက်ကနေ တင်ပို့တဲ့ ကွမ်းဈေးက အခုချိန်အထိ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်၊ ၁၁,၀၀၀ အထိ ပေါက်ဈေးရှိနေတုန်းပါ။

ဟု ကိုထွန်းထွန်းက ဆက်လက်ပြောသည်။

    ကွမ်းဈေးအတက်အကျ မတူညီမှုသည် ဒေသတစ်ခုနှင့်တစ်ခု သယ်ယူစရိတ်၊ တင်ပို့စရိတ်များ မြင့်တက်နေခြင်းကြောင့်အပြင် ရာသီဥတုအခြေအနေအပြောင်းအလဲနှင့် လမ်းခရီးအခက်အခဲများကြောင့် ကွမ်းရွက်အရည်အသွေးထိခိုက်ခြင်းနှင့် ကွမ်းပျက်စီးခြင်းများကြောင့်လည်း မူတည်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်