အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်ပုံမှန် ဝင်ငွေရရှိသည့် ကောက်ရိုးမှိုဈေးကွက် စဉ်ဆက်မပြတ်ကောင်းမွန်နေ

နေ့စဉ်ပုံမှန် ဝင်ငွေရရှိသည့် ကောက်ရိုးမှိုဈေးကွက် စဉ်ဆက်မပြတ်ကောင်းမွန်နေ

    နေ့စဉ်ပုံမှန် ဝင်ငွေရရှိသည့် ကောက်ရိုးမှိုဈေးကွက် စဉ်ဆက်မပြတ်ကောင်းမွန်နေကြောင်း မှိုဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

    ယခုကာလတွင် အခြားသီးနှံများ ဈေးကွက်အားနည်းချက် အနည်းနှင့်အများဆိုသလို ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ကောက်ရိုးမှိုဈေးနှုန်းများမှာ မြင့်တက်နေပြီး မှိုဈေးကွက်အတက်ဘက်သို့ ဦးတည်နေကြောင်း သိရသည်။

မှိုသည် နေ့စဉ်ဝင်ငွေရတဲ့အတွက် နေ့စဉ်ဝင်ငွေကို တွက်ချက်လို့ရတဲ့သီးနှံလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ကောက်ရိုးမှိုအရောင်းအဝယ်လုပ်တဲ့အခါ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့လိုဒေသကြီးတွေကို မတင်ပို့ဘဲနဲ့တောင် ကိုယ့်ဒေသတွင်းမှာတင် အရောင်းအဝယ်ဖြစ်ထွန်းမှု ရှိနေပါတယ်။ မုံရွာ၊ ရေဦး၊ တန့်ဆည်၊ ဂန့်ဂေါ၊ ယော၊ ဆော စတဲ့ ဒေသတွေကနေပါ ဆင်းဝယ်ကြတာပါ။ ကျွန်တော်တို့က လက်ကားဈေးနဲ့ကောက်တယ်။ သူတို့က ကျွန်တော်တို့ဆီကနေ တဆင့်ပြန်လာဝယ်ကြတာပေါ့ဗျာ။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်မှ ကောက်ရိုးမှိုစိုက်ပျိုးရေးနှင့် မှိုအဝယ်ဒိုင်လုပ်ငန်းလုပ်ကိုင်သူ ကိုအောင်ဆန်းဦးက ပြောသည်။

    ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်ရာတွင် (၃) ပေ - (၁၀) ပေ အရွယ်အစားရှိ ကောက်ရိုးမှိုဘောင်တစ်ဘောင်လျှင် ပျမ်းမျှစိုက်ပျိုးစရိတ် (၇၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

ဘောင်တစ်ဘောင်ကို ခန့်မှန်းခြေအားဖြင့် ကောက်ရိုးမှို သုံးပိဿာကနေ ငါးပိဿာအတွင်း အထွက်နှုန်းရရှိပါတယ်။ မှိုမျိုးထုပ်ကတော့ ဒေသမျိုးက တစ်ထုပ်ကို လေးရာ/ငါးရာကျပ်၊ ထိုင်းမျိုးကတော့ တစ်ထုပ်ကို ထောင့်နှစ်ရာကျပ်ရှိပါတယ်။ ဒေသမျိုးနဲ့စိုက်မယ်ဆိုရင် မှိုဘောင်တစ်ဘောင်ကို မျိုးထုပ် လေးထုပ်/ငါးထုပ်လောက် ထည့်ရပါတယ်။ ထိုင်းမျိုးဆိုရင်တော့ မှိုဘောင်တစ်ဘောင်ကို မျိုးထုပ် နှစ်ထုပ်ထည့်ရပါတယ်။

ဟု ကိုအောင်ဆန်းဦးက ဆက်လက်ပြောသည်။

    မြန်မာပြည်အလယ်ပိုင်း ကောက်ရိုးမှိုဈေးကွက်အတွင်း ကောက်ရိုးမှိုတစ်ပိဿာလျှင် ဒိုင်ကောက်ဈေး/လက်ကားဈေး (၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။

5
LiaDoPhe

LiaDoPhe

လွန်ခဲ့သော ၅ နှစ် က

ချင်တယ်ၓျား

ဦးမြင့်စိန်

ဦးမြင့်စိန်

လွန်ခဲ့သော ၅ နှစ် က

ကောက်ရိုးမှိုဘယ်လိုပျိုရဘာသလဲခင်ဗျသိချင်လို့တင်ပေးပါ

Khaing Moe

Khaing Moe

လွန်ခဲ့သော ၅ နှစ် က

ကောက်ရိုးမှိုုကိာဘယ်လိုစိုက်ပျိုးရသလဲ ရှင်းပြလိုရသလားဗျာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

စိုက်နည်းလေးသီချင်ပါတယ်

KO HTOO KO HTOO

KO HTOO KO HTOO

လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးပုံအဆင့်ဆင့်ကိုမျှဝေပေးစေလိုပါတယ်

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 0 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။