နေကြာသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

06/09/2019 10:26 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

(၁) အထွက်ကောင်းမျိုး ရေဆင်းစပ်မျိုး - ၁ ကို တစ်ဧက (၃) ပြည်နှုန်း၊ ဆင်းရွှေကြာ - ၂၊ ဆင်းရွှေကြာ - ၃ ကို တစ်ဧက (၄) ပြည်နှုန်း စိုက်ပျိုးပါ။

(၂) မြေချဉ်ငန်ဓာတ် (၅.၅ မှ ၈) အတွင်းရှိ နုန်းဆန်မြေ၊ သဲနုန်းမြေများတွင် စိုက်ပျိုးပါ။

(၃) မိုးနေကြာ (မေလ၊ ဇွန်လ)နှင့် ဆောင်းနေကြာ (စက်တင်ဘာ၊ အောက်တိုဘာ) လများတွင်စိုက်ပါ။

(၄) တန်းကြား (၂) ပေ၊ ပင်ကြား (၉ လက်မ) တစ်ကျင်းလျှင် (၂ စေ့) နှုန်း၊ မျိုးစေ့အတိမ်အနက် (၁.၅ မှ ၂) လက်မ စိုက်ပျိုးပါ။

(၅) တစ်ဧကလျှင် နွားချေး/ မြေဆွေးလှည်း (၅ မှ ၁၀) စီးနှုန်း၊ ပုလဲ (၃၁) ပြည်၊ တီစူပါ (၁၆) ပြည်၊ ပိုတက် (၁၆) ပြည်နှုန်းကို စိုက်ထယ်ရေးပြင်ချိန်တွင် ထည့်ပါ။ အဖူးဝင်ချိန်တွင် ပုလဲ (၁၆) ပြည်နှုန်း ထပ်ထည့်ပါ။

(၆) အပင်သက်တမ်း (၁၅) ရက် (သို့) အရွက် (၄ မှ ၆) ရွက်ရှိချိန် တစ်ကျင်း (၁) ပင်ချန်၍ သားခွဲပေးပါ။

(၇) အပင်သက်တမ်း (၁၅) ရက်အတွင်း (သို့) အရွက် (၄ မှ ၆) ရွက်ရှိချိန် တစ်ကျင်း (၁) ပင်ချန်၍ သားခွဲပေးပါ။

(၈) ပိုးမွှားရောဂါကာကွယ်ရန် မျိုးစေ့ကို သင့်တော်သောမှိုသတ်ဆေး လူးနယ်စိုက်ပျိုးခြင်းဖြင့် မြေတွင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ထည့်ပေးပါ။

(၉) ပန်းပွင့်ချိန်ဆေးဖျန်းပါက ဝတ်မှုန်ကူးမည့်ပျားများကို ထိခိုက်နိုင်၍ ပန်းမပွင့်မီ ကြိုတင်ကာကွယ်ပါ။

(၁၀) နေကြာပွင့်၏ ပွင့်ခံရွက်အုံ အညိုရောင်သမ်းလာပါက ရိတ်သိမ်း၍ (၂ – ၃) ရက် နေလှန်းပြီး စက် (သို့မဟုတ်) တုတ်ဖြင့် ရိုက်ခြွေပါ။ မျိုးစေ့များကို အစိုဓာတ် (၅ မှ ၆) ရာခိုင်နှုန်းအထိ အခြောက်ခံပြီး လေလုံစွာ သိုလှောင်ပါ။

   စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍ သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ (ရုံးချုပ်)၊ Call Center  ဖုန်းနံပါတ် ၀၆၇-၄၁၀၁၃၉၊ ၀၁ – ၂၃၉၉၅၅ နှင့် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးရုံးများတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်