ဝါသီးနှံအထွက်ကောင်းရရှိပြီး စျေးကောင်းရရှိစေရန်အတွက် သတိပြုလိုက်နာ ဆောင်ရွက်ရန်အချက်များ
၁။ ဝါသီးနှံကို မိုးကြိုးရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။ မိုးကြိုရာသီစိုက်လျှင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီစိုက်လျှင် ဇူလိုင်လလယ်မှ သြဂုတ်လလယ်အတွင်း စိုက်ပျိုးရပါမည်။
၂။ အပင်ဖြစ်ထွန်းမှုကောင်းပြီး ဝါအထွက်ကောင်းရရန်အတွက် ထယ်ရေးနက်နက်နှင့် ညက်ညက်ရရှိအောင် ဆောင်ရွက်ပါ။
ဝါပင်အမြစ်အဖွဲ့အစည်းတွင် မြစ်မကြီး (ရေသောက်မြစ်)၊ ဘေးတက်မြစ်နှင့် မြစ်မွှေးကလေးများ ပါဝင်ပါသည်။ အပင်ပေါက်ချိန်မှ အပိန့်ဝင်ချိန် (၃၀) ရက်သားအတွင်း ရေသောက်မြစ် လျှင်မြန်စွာ ကြီးထွားနေချိန်တွင် ဝါပင်အတက်နှေးသည်။ အပိန့်ဝင်ချိန်မှ ပန်းပွင့်ဖြိုင်ချိန် (၇၅ – ၈၅) ရက်သားအတွင်း ဘေးမြစ်တက်နှင့်မြစ်မွှေးကလေးများ တိုးပွားနေချိန် ဝါပင်တဟုန်တိုး ကြီးထွားသည်။ ဝါအထွက်ကောင်းရရှိရန် အမြစ်အဖွဲ့အစည်း အားကောင်းစေမည့် ထယ်ရေးကောင်း အထူးလိုအပ်ပါသည်။
၃။ စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချသော အထွက်နှုန်းနှင့် ဝါဂွမ်းမွှေးအရည်အသွေး ကောင်းမွန်သည့် ငွေချည် (၆) ရွှေတောင်၊ (၈) နှင့် ငွေချည် (၉) ဝါမျိုးစေ့များကို အသုံးပြုစိုက်ပျိုးပါ။
၄။ ငွေချည် (၆) နှင့် ရွှေတောင် (၈) ဝါမျိုးများသည် သီးကိုင်းရှည်သည့်အတွက် တန်းကြား (၃) ပေ၊ ပင်ကြား (၃) ပေ၊ ငွေချည် (၉) ဝါမျိုးသည် သီးကိုင်းတိုသည့်အတွက် တန်ကြား (၂) ပေခွဲ၊ ပင်ကြား (၂) ပေခွဲကြောင်းခွဲပြီး ကွက်ဆုံတွင် မျိုးသန့်ဝါစေ့ (၃) စေ့ ထက်မပိုဘဲ မျိုးစေ့ချစိုက်ပျိုးပါ။
၅။ အပင်ပေါက်စုံချိန်တွင် စိုက်ကျင်းများကို စစ်ဆေးပြီး အပင်မပေါက်သည့် စိုက်ကျင်းများကို အမြန်ဆုံးပြန်စိုက်ပါ။ တစ်ဧကတွင် ရှိရမည့်ဝါပင်လျော့နည်းသွားလျှင် ဝါအထွက်လည်း လျော့နည်းသွားမည်ဖြစ်သဖြင့် အထူးဂရုပြု ဆောင်ရွက်ရပါမည်။
၆။ ဝါအထွက်ကောင်းရရှိရန် သဘာဝမြေသြဇာ နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေသြဇာ တွဲဖက်အသုံးပြုပါ။
သဘာဝမြေသြဇာ နွားချေးသည် ဝါပင်အကြီးမြန်စေခြင်း၊ ရေအစိုဓာတ် ပိုမိုထိန်းသိမ်းနိုင်စေခြင်းတို့ကြောင့် ဝါစိုက်လျှင် နွားချေးနှင့် မြေဆွေးကို ဓာတ်မြေသြဇာနှင့်တွဲဖက်အသုံးပြုရန် အရေးကြီးပါသည်။ တစ်ဧကလျှင် နွားချေးလှည်း (၁၀) စီးမှ (၂၅) စီးအထိ အသုံးပြုသင့်ပါသည်။
နွားချေး၊ မြေဆွေးနှင့် ကွန်ပေါင်းမြေသြဇာ (၁) အိတ်ကို စိုက်ထယ်ရေးပြင်ချိန်တွင် မြေခံထည့်ပါ။ အပိန့်ဝင်ချိန်တွင် နွားချေး၊ မြေဆွေးနှင့် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားအိတ်ဝက်ကို အပင်ခြေမှ (၆) လက်မခန့်ခွဲ၍ ထည့်ပါ။ ပန့်ပွင့်ချိန်တွင် နွားချေး၊ မြေဆွေး၊ ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားအိတ်ဝက်ကို အပင်ခြေမှ (၈) လက်မခန့်ခွာ၍ ထည့်ပါ။
၇။ ရွက်စစ် (၃ – ၄) ရွက်ထွက်ချိန် (စိုက်ပြီး ၁၈ – ၂၁) ရက်အတွင်း၊ စိုက်ကျင်းတစ်ကျင်းတွင် (၂) ပင်ချန်လျှက် သားခွဲပါ။
၈။ ဝါပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်စွာထားပါ။ ပေါင်းမြက်ကင်းစင်မှ ဝါပင် အစာကောင်းစွာ စားသောက်ကြီးထွားနိုင်ပြီး ဝါအထွက်ကောင်း ရရှိနိုင်ပါသည်။ အပင်ငယ်စဉ်တွင် ကြားထွန်ဝင်ပြီးတိုင်း လက်ပေါင်းလိုက်ပြီးတိုင်း (၂၄) နာရီကျော်လျှင် ဝါပင်များ သိသာစွာ လန်းဆန်းလာသည်ကို တွေ့ရှိရပါသည်။ ထိုသို့ တွေ့ရှိရခြင်းမှာ ဝါစိုက်ခင်းမြေဆီလွှာအား လေဝင်လေထွက်ကောင်းစေခြင်းကြောင့် ဖြစ်ပါသည်။ အမြစ်အဖွဲ့အစည်း အားကောင်းစေပြီး ဝါအထွက်ကောင်း ရရှိစေပါသည်.
၉။ ဝါသီးနှံသည် ရေငတ်ခံနိုင်သော်လည်း ရေလုံလောက်မှုရှိမှသာ အထွက်ကောင်း ရရှိနိုင်ပါသည်။ အပိန့် စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တို့ အစိုဓာတ်လုံလောက်စွာ မရပါက ရေသွင်းပါ။
ရေသွင်းပြီးတိုင်း ကြားထွန်တိုက် မြေဆွပါ။ ပန်းပွင့်ဖြိုင်ချိန်နောက်ပိုင်း ကြားထွန်ဝင်ရာတွင် ဝါပင်ဘေးမြစ်တက်များ ထိခိုက်မှုမရှိစေရေး၊ အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။
၁၀။ ဝါပင်အမြစ်အဖွဲ့အစည်းသည် ရေဝပ်ဒဏ်မခံနိုင်သောကြောင့် ရေဝပ်ရေစိမ်ခြင်း၊ မဖြစ်စေရန်အတွက် ရေသွင်းမြောင်း/ရေထုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ထားပါ။ ရေပိုရေလျှံများကို ထုတ်ပစ်ပါ။
၁၁။ ဝါပင် (၅၀) ရက်သားထိ စုပ်ပိုးကာကွယ်ဆေး (၂) ကြိမ်နှင့် (၆၀) ရက်သား နောက်ပိုင်း ဝါဂွမ်းပိုးနီးနှင့် ရွက်လိပ်ရွက်စားပိုးအတွက် ဆေး (၂) ကြိမ်ဖျန်းပါ။ လိုအပ်ပါက အခြားပိုးများအတွက်လည်း ဆေးဖျန်းကာကွယ်ပါ။
၁၂။ စနစ်တကျ ဝါကောက်သိမ်းပါ။
အရည်အသွေးကောင်း ဝါရရှိရန်နှင့် သိုလှောင်ရာတွင် မပျက်စီးစေရန်အတွက် ကောင်းစွာခြောက်သွေ့သော ဝါပေါက်များကို ကောက်သိမ်းပါ။ ကောက်သိမ်းပြီး ဝါများကို ကောင်းစွာ ခြောက်သွေ့စေရန်အတွက် နေ (၁ – ၂ ) နေလှန်းပြီးမှ သိုလှောင်သိမ်းဆည်းပါ။
စိုက်ပျိုးရေးဦးစီးဌာန
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်