ကိုကိုးသီးထွက်ရှိသည့်ရာသီတွင် အရောင်းအဝယ်များ ပြတ်လပ်မှုမရှိ ဈေးကွက်ကောင်းမွန်နေ

29/06/2021 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မေလမှ အောက်တိုဘာလအတွင်း ကာလများသည် နှစ်လတ်သီးနှံပင်တစ်မျိုးဖြစ်သည့် ကိုကိုးပင် (Cocoa) မှ ကိုကိုးသီးထွက်ရှိချိန်ဖြစ်ပြီး အရောင်းအဝယ်များ ပြတ်လပ်မှုမရှိ ဈေးကွက်ကောင်းမွန်နေကြောင်း သိရသည်။

    ချောကလက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကိုကိုးပင်သည် လောင်းရိပ်တစ်ဝက်တစ်ပျက်ရပါက ဖြစ်ထွန်းတတ်သည့် နှစ်ရှည်သီးနှံပင်အမျိုးအစားဖြစ်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး တဝိုက်ရှိ ရာသီဥတုအနေအထားနှင့် ကိုက်ညီမှုရှိသည်။

    ယခုအချိန်သည် ကိုကိုးပင်မှ အသီးထွက်ရှိသည့် ရာသီကာလများဖြစ်ပြီး ကိုဗစ်ကာလဖြစ်သော်လည်း ဈေးကွက်ပြတ်လပ်မှုလုံးဝမရှိဘဲ ပုံမှန်လည်ပတ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသခံများထံမှ သိရသည်။

လက်ရှိကတော့ ပြည်တွင်းမှာတင် ပုံမှန်ပဲ အရောင်းအဝယ်လုပ်နေကြပါတယ်။ အချိန်ကလည်း အသီးထွက်နေတဲ့ရာသီချိန်။ ဝယ်လက်ကလည်း မပြတ်ရှိနေတယ်။ ဈေးနှုန်းကလည်း ပုံမှန်ပဲ။ ယိုးဒယားဘက်ကပေါက်ဈေးနဲ့ တွက်ချက်ပြီး ဒီဘက်မှာလည်း ဝယ်ယူပေးနေတယ်။ ဈေးလည်းမကျအောင်၊ တောင်သူတွေ စိုက်ပျိုးစရိတ်ကာမိပြီး အဆင်ပြေအောင်လို့ ထွက်သလောက် ဝယ်ယူပေးနေပါတယ်။ ဖေဖော်ဝါရီလအစပိုင်းကပဲ ဂျပန်ကို တင်ပို့လိုက်နိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ လမ်းပန်းသိပ်မပွင့်သေးတာကြောင့်နဲ့၊ ကုန်ကြမ်းစုထားတာလည်း နည်းနေသေးတာကြောင့် ထပ်မပို့ဖြစ်သေးတာပါ။

ဟု တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်ရှိ အောင်ဇမ္ဗူ-ကိုကိုးနှင့် ကိုကိုးမျိုးကောင်းမျိုးသန့်ဖြန့်ချိရေးမှ စီမံအုပ်ချုပ်သူဦးနေလင်းအောင်က ပြောသည်။

    လက်ရှိဈေးကွက်အတွင်း ကိုကိုးအသီးတစ်ပိဿာလျှင် (၄၅၀)ကျပ် ပေါက်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ပြည်ပတင်ပို့လို့မရရင်တောင်မှ တောင်သူတွေဆီက အသီးတွေဝယ်ပြီး အခြောက်ခံ လှောင်ထားရတယ်။ အလယ်ခေါင်က အစေ့ကို ခြောက်အောင်လုပ်ရင် သိုလှောင်ထားလို့ရပါတယ်။ သူ့ရာသီချိန်နဲ့သူ အသီးထွက်တုန်းလေး အရောင်းအဝယ်လုပ်ရတာမို့ မဝယ်ယူလို့တော့မရဘူး။ စာချုပ်စနစ်ပုံစံမျိုးနဲ့ စိုက်ပျိုးသမျှကို ပြန်ဝယ်ယူပါမယ်လို့ ညှိနှိုင်းထားပြီးမှ စိုက်ပျိုးကြတာကြောင့်လည်း ကတိမပျက်အောင် အတတ်နိုင်ဆုံး ထွက်သမျှကို ဝယ်ယူပေးနေပါတယ်။

ဟု ဦးနေလင်းအောင်က ဆက်လက်ပြောသည်။

    ကိုကိုးပင်သည် တစ်ကမ္ဘာလုံးသိသည့် ဈေးကွက်ဝင် အပင်တစ်ခုဖြစ်ပြီး၊ ကိုကိုးသီး၏ အစေ့အဆံများကို အခြောက်လှန်း၊ ကြိတ်ခွဲထားသော အမှုန့်များကို အခြေခံ၍ လိုအပ်သလို အရသာများဖြည့်စွက်ပြီး ချောကလက်ပြုလုပ်ကြခြင်း ဖြစ်သည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်