နေကြာဆီဈေးကွက်ကောင်းမွန်မှုကြောင့် နေကြာပင်စိုက်ပျိုးသူများ ပုံမှန်တွက်ခြေကိုက်နေ

15/12/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    နေကြာဆီဈေးကွက်ကောင်းမွန်မှုကြောင့် နေကြာပင်စိုက်ပျိုးသူများ ပုံမှန်တွက်ခြေကိုက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

နေကြာပင်ကို လေးဧကလောက် စိုက်ပျိုးထားပါတယ်။ နေကြာစေ့ထုတ်တဲ့ နေကြာမျိုးမဟုတ်ပါဘူး။ ဆီထုတ်တဲ့ နေကြာမျိုးကိုစိုက်တာမို့ ဆီကြိတ်ပြီးရောင်းပါတယ်။ အခုဆိုရင် မြန်မာပြည်တစ်ဝှမ်းလုံးနီးပါး နေကြာဆီကို ကြိုက်တဲ့လူများလာတယ်။ တောင်သူတွေက နေကြာပင်ကို ဈေးကွက်ပုံမှန်ရမရလို့ကို မတွက်တော့ဘဲနဲ့ နေကြာဆီထုတ်ရောင်းလို့ရတဲ့အတွက်ကို စိုက်ပျိုးလာကြတာပါ။ နေကြာဆီစစ်စစ်စားရင် ရောဂါဘယကင်းတယ်။ နေကြာဆီအစစ်စားဖူးတဲ့လူက ပဲဆီ၊ နှမ်းဆီတို့ကို မမက်ဘူး။ ဆီကြိတ်ပြီးရင် ရောင်းလို့ကို လက်မလည်ပါဘူး။ နေကြာဆီ အချိန်တစ်ဆယ်ပုံးတစ်ပုံးကို ငွေကျပ် ငါးသောင်း၊ ခြောက်သောင်း ရပါတယ်။

ဟု မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာမှ နေကြာပင်စိုက်ပျိုးသူ ဦးခိုင်ဇော် က ပြောသည်။

    နေကြာပင်မှာ စိုက်ပျိုးပြုစုစောင့်ရှောက်ရလွယ်ကူသည့်အပြင် လုပ်သားအင်အားလိုအပ်ချက်နည်းပါးကြောင်း ၎င်းက ဆိုသည်။

စိုက်ပျိုးရလွယ်ကူတယ်။ အလုပ်သမားလည်း လျော့ချတယ်။ ကုလားပဲ၊ ဂျုံ၊ ဖရဲ၊ သခွားမွှေးတို့အပြင် နေကြာပင်ကိုစိုက်ပျိုးထားတာက လုပ်ရကိုင်ရတာ လွယ်ကူလို့ပါ။ ရေဆင်းကထုတ်တဲ့ မျိုးစေ့တွေကို အဓိကထားပြီး ကြဲပါတယ်။ အဲ့ဒီမျိုးက စိုက်ပျိုးပြီး သုံးလဆိုရင် ခူးချိုးလို့ရပြီ။ ထယ်ရေးထွန်ပြီး စိုက်လိုက်တာနဲ့ ၁၅ ရက်အကြာမှာ တစ်ကြိမ် ပေါင်းလိုက်ပေး (ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းပေး) တယ်။ တစ်နှစ်ကို တစ်သီးပဲစိုက်တဲ့မြေဆို မြေဩဇာလည်းသိပ်မလိုဘူး။ ပိုးအတွက်က ဆေးနှစ်ပတ်၊ သုံးပတ်လောက် ဖျန်းပေးတယ်။ ပြီးရင် ပြီးသွားပြီ။ ဘာမှသိပ်မလုပ်ပေးရပါဘူး။

ဟု ဦးခိုင်ဇော်က ဆက်လက်ပြောသည်။

    နေကြာပင်ကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ခူးချိုးနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်