မူဆယ်(၁၀၅)မိုင်၊ သခွားမွှေးသီးဈေးကွက် ဆက်တိုက်ကောင်းမွန်မည့် အလားအလာများရှိနေ

08/02/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သခွားမွှေးသီးဈေးကွက် ဆက်တိုက်ကောင်းမွန်မည့် အလားအလာများရှိနေကြောင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

သခွားမွှေးသီးတွေရဲ့ဈေးကွက်က အတက်ဘက်ကိုပဲ ဆက်တိုက်ဦးတည်နေတယ်။ ဒီထက် ဈေးပိုတက်ဖို့တောင် လမ်းမြင်နေတယ်။ ဈေးကျသွားဖို့မရှိဘူး။ ကားအစီးရေတွေ ဘယ်လောက်ဝင်လာလာ၊ သခွားမွှေးကို ပမာဏအများကြီးကို စုပြုံပြီး ရောင်းဝယ်နေတာမျိုးမရှိဘူး။ အရေအတွက်က သူ့ဟာနဲ့သူ သီးသန့်ရှိတယ်။ ဒါ့ကြောင့်မို့လည်း ရှေ့ရက်တွေမှာ သခွားမွှေးဈေးကွက် ခိုင်မာကောင်းမွန်မယ်လို့ သုံးသပ်ရတာပါ။

ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်က ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်တွင် ၁,၀၀၀ - ၁,၂၀၀ တန်းများ စီးပြတ်ဈေး ၁၈,၀၀၀ - ၂၃,၀၀၀ ယွမ်၊ ဒုံးကျည် ဖရဲ စီးပြတ်ဈေး ၂၀,၀၀၀ - ၃၀,၀၀၀ ယွမ်၊ ထဲန်ဝမ် ဖရဲ တန်ချိန်ဈေး ၃,၀၀၀ - ၄,၀၀၀ ယွမ်၊ ရွှေသခွား တန်ချိန်ဈေး ၅,၀၀၀ - ၆,၃၀၀ ယွမ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြပြီး၊ ဖရဲဈေးများ အကျဘက်သို့ ဦးတည်နေကြောင်း သိရသည်။

855 ဖရဲဈေးတန်းတွေကတော့ ထိုးကျနေတယ်။ ဖရဲဈေးအတက်အကျကတော့ နှစ်သစ်ကူးအကြိုနောက်ရက်အခြေအနေက ဝယ်လိုအားနဲ့ ကံတရားအပေါ် အများကြီးမူတည်နေပါတယ်။ ဘယ်လောက်အထိကျမလဲတော့ မခန့်မှန်းနိုင်ဘူး။ ဖရဲကားတွေ စုပုံပြီးတက်လာလို့ ဖရဲဈေးအကျကြမ်းမှာ ပူရတယ်။ ဒီနေ့အထိ ဈေးကွက်မှာ အသီးအရည်အသွေးတွေက ကောင်းနေသေးတယ်။ နောက်ပိုင်းဝင်လာမယ့် အသီးတွေကသာ မိုးရေဘာညာနဲ့ အရည်အသွေးအနည်းငယ်ကျမလား စိတ်ပူရတယ်။ တရုတ်နှစ်ကူး ဈေးကွက်အမီ စုပြုံပြီး တက်လာမှ ဈေးပိုကျသွားမှာ စိုးရိမ်ရပါတယ်။

ဟု ဦးစိုင်းခင်မောင်က ဆက်လက်ပြောသည်။

    ဖေဖော်ဝါရီလ (၅)ရက် နေ့လယ်ပိုင်းအထိ စာရင်းများအရ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ ဖရဲသခွားမွှေးကား အဝင်အစီးရေအနေဖြင့် ဖရဲကား (၃၂၀)စီးနှင့် သခွာမွှေးကားအစီးရေ(၄၀)ဝန်းကျင် အရောင်းအဝယ်များပြုလုပ်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်