တရုတ်နိုင်ငံမှတင်သွင်းသည့်ပန်းများ အဝင်နည်းလာသဖြင့် မြန်မာ့လီလီပန်းရောင်းအားတက်နေ

21/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်တွင်းဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံမှတင်သွင်းသည့်ပန်းများ ဝင်ရောက်မှုနည်းပါးလာသည့်အတွက် မြန်မာ့လီလီပန်း ဝယ်လိုအားများပြားလာပြီး ရောင်းအားတက်နေကြောင်း ပန်းဈေးကွက်အတွင်းမှ သိရသည်။

လီလီပန်းကတော့ ဈေးကွက်ကမပျက်ပါဘူး။ အခုလောလောဆယ်မှာ ရောင်းအားကောင်းနေပါတယ်။ တရုတ်ပြည်နဲ့ မန္တလေးကြားမှာ လမ်းပန်းဆက်သွယ်မှုအပိုင်း နှောင့်နှေးမှုလေးတွေ ဖြစ်ပေါ်နေတာကြောင့် အခုလပိုင်းတွေမှာ ကုန်ကားတွေ ဝင်ရောက်မှုနည်းသွားတဲ့အတွက် တရုတ်ပန်းတွေလည်း အဝင်နည်းလာတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာစိုက်ပျိုးတဲ့ လီလီပန်းတွေ အခုလိုမျိုးအရောင်းသွက်လာတာပါ။

ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ လီလီပန်းစိုက်ပျိုးသူ ဦးသိကြားမင်း က ပြောသည်။

    လီလီပန်းများသည် ဘုရားပန်းကပ်လှူရာတွင်၊ ပန်းအလှဆင်ရာတွင် တာရှည်အထားခံခြင်း၊ အရောင်အဆင်းအားဖြင့် လှပတင့်တယ်ခြင်း၊ မွှေးရနံ့ထူးခြားကောင်းမွန်ခြင်း စသည့် အချက်များကြောင့် လူအများစု ကြိုက်နှစ်သက်ကြခြင်းဖြစ်သည်။

နယ်တွေကို တင်ပို့တဲ့အခါမှာ လီလီပန်းတွေကို သေချာစည်းပြီး အိပ်အကြည်တစ်ထပ် စွပ်ပါတယ်။ ပြီးရင် ဖာထဲထည့်ပိတ်ပြီးတော့ မှာယူတဲ့သူတွေနေထိုင်ရာ ကားဂိတ်တွေကို တင်ပို့ပေးနေပါတယ်။ ရန်ကုန်မြို့ကိုသာမက တခြားမြို့တွေကရော ဝယ်လက်တွေရှိပါတယ်။ တခြားပန်းတွေထက် ဈေးကောင်းတာကတော့ မျိုးဥတစ်ဥကို မြန်မာပြည်အရောက် ၇၀၀ ကျပ်, ၈၀၀ ကျပ် ဈေးနှုန်းပေးပြီး ဝယ်ယူစိုက်ပျိုးရတာ မို့လို့ပါ။ မျိုးဥက နယ်သာလန်က တိုက်ရိုက်ဝယ်ယူစိုက်ပျိုးတာ ဖြစ်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ပြည်တွင်း၌ လီလီပန်းတစ်ပင်လျှင် လက်ကားစျေး ၁၁၀၀ ကျပ်, ၁၂၀၀ ကျပ်, ၁၃၀၀ ကျပ် ဈေးနှုန်းများဖြင့် တင်ပို့ရောင်းချနေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်