ဘာကြောင့်ကြက်တွေ ချေးစိမ်းပါကြတာလဲ

07/08/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်လည်လိမ်ရောဂါဖြစ်ရင် ချေးစိမ်းပါတယ်ဆိုတာ ကြက်မွေးသူတွေ သိထားကြပါတယ်။ လည်လိမ်မဖြစ်ပေမယ့် ကြက်တွေ အစိမ်းရောင်ဝမ်းသွားကြတာကိုလည်း တွေ့ဖူးကြမှာပါ။ ကြက်ငှက်တုပ်ကွေးဖြစ်တဲ့ ကြက်တွေလည်း အစိမ်းရောင်ဝမ်းသွားတယ်ဆိုကြတဲ့အတွက် ကြက်ခြံထဲမှာ အစိမ်းရောင်ချေးပုံတွေ တွေ့လာရင် အထူးသဖြင့် မှိုင်ကုပ်အစာစားပျက်ပြီး အသေအပျောက်တွေ့လာရင် ကြက်ငှက်တုပ်ကွေး ဝင်နေသလားလို့ သံသယဖြစ်ကြ ထိတ်လန့်ကြတာ တွေ့နေရပါတယ်။

ကြက်ချေးမှာ အဖြူရောင်အပိုင်းဟာ အစာချေပြီး ထွက်လာတဲ့ ပစ္စည်းမဟုတ်ကြောင်း ကျောက်ကပ်က စွန့်ထုတ်လိုက်တဲ့ ဆီးရည်ဆီးနှစ်သာဖြစ်ကြောင်း ပြောပြဖူးပါတယ်။ ကြက်ချေးမှာပါတဲ့ အစိမ်းရောင်အပိုင်းကလည်း ကျောက်ကပ်ကထွက်လာတဲ့ ဆီးပါ။ သွေးထဲမှာပါတဲ့ အစိမ်းရောင်ရှိတဲ့ အညစ်အကြေးတစ်မျိုးကို ကျောက်ကပ်ကတစ်ဆင့် ပြင်ပကို စွန့်ထုတ်တဲ့အတွက် ချေးစိမ်းပါတယ်ဆိုတာဖြစ်လာတာပါ။

သွေးနွေးသတ္တဝါတွေမှာ ရှုသွင်းလိုက်တဲ့ လေထဲက အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံသယ်ပေးပြီး ကိုယ်တွင်းမှာ ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုထုတ်တဲ့ လေကတစ်ဆင့် စွန့်ထုတ်ပေးတဲ့အလုပ်ကို သွေးထဲမှာပါတဲ့ သွေးနီဥတွေက လုပ်ဆောင်ပေးတာပါ။ ဒီလိုလုပ်ငန်းကို စွမ်းအားပြည့် စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ဖို့အတွက် သွေးနီဥအသစ်တွေ ထုတ်လုပ်ပေးနေရသလို သက်တမ်းရင့်သွား (အိုသွား) တဲ့ သွေးနီဥတွေကို ဖယ်ရှားရှင်းလင်းပေးကြရပါတယ်။

သွေးနီဥတွေ ပေါက်ကွဲပျက်စီးတဲ့ ဖြစ်စည်မှာ အနီရောင်ကို ဖြစ်စေတဲ့  hemoglobin ပြိုကွဲပြီးထွက်လာတဲ့ heme ခေါ်တဲ့ သံဓာတ်ပါတဲ့အပိုင်း ဆက်ပြီးပြိုကွဲတဲ့အခါ အစိမ်းရောင်ရှိတဲ့ biliverdin ဆိုတဲ့ ပစ္စည်းဖြစ်ပေါ်လာပါတယ်။ နို့တိုက်သတ္တဝါတွေမှာ အသည်းနဲ့ တခြား တစ်သျှူးတွေမှာရှိတဲ့ biliverdin reductase ဆိုတဲ့ enzyme က biliverdin ကို အဝါရောင်ရှိတဲ့ bilirium အဖြစ်ကို ပြောင်းပေးနိုင်ပါတယ်။  bilirubin ကိုသည်းခြေရည်နဲ့ အရောင်ဆိုးဆေးအနေနဲ့ အူထဲကို စွန့်ထုတ်ပါတယ်။

အသည်းရောင်ရောဂါဖြစ်တဲ့အချိန်မှာ ဒီလိုစွန်ထုတ်တဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သွေးထဲမှာ bilibrubin သိပ်များလာပြီး jaundice ခေါ် အသားဝါရောဂါလက္ခဏာကို ဖြစ်စေပါတယ်။

ကြက်ငှက်တွေမှာ biliverdinreductase ဆိုတဲ့ enzyme ချို့တဲ့နေတဲ့အတွက် အစိမ်းရောင် biliverdin ကိုသည်းခြေရည်နဲ့အတူ အူလမ်းကြောင်းထဲကို စွန့်ထုတ်ပါတယ်။

ကြက်ငှက်တွေမှာ အကြောင်းတစ်ခုခုကြောင့် အသည်းထိခိုက်မှု ဖြစ်ပေါ်တဲ့အခါ အပြည့်အဝမစွန့်ထုတ်နိုင်တဲ့အတွက် သွေးထဲမှာ biliverdin များလာပါတယ်။ များနေတဲ့ biliverdin ကို ကျောက်ကပ်က ဆီးအနေနဲ့ စွန့်ထုတ်ပါတယ်။ ကြက်ရဲ့ ပုံမှန်အဖြူရောင် အနယ်အနှစ်တွေပါတဲ့ ဆီးရည်ဟာ biliverdin ပါနေတဲ့အတွက် အစိမ်းရောင်ဖြစ်သွားတာပါ။

ကြက်တွေမှာ ဆီးအိမ်မရှိတဲ့အတွက် ကျောက်ကပ်က ထွက်လာတဲ့ biliverdin ပါတဲ့ ဆီးရည်ဟာ ဆီးပြွန်ကတစ်ဆင့် ဆီး၊ ဝမ်း၊ လိင်အင်္ဂါ သုံးမျိုးလုံးရဲ့ ထွက်ပေါက်တွေ ပေါင်းဆုံတဲ့ သပွအိမ် (cloaca) ထဲကို ရောက်သွားပါတယ်။ colaca ထဲကဆီးရည်ဟာ အူမကြီးထဲကို အူမကြီးရဲ့ပြောင်းပြန်ရွေ့လျားမှုကြောင့် အူမကြီးအထက်ပိုင်းကို ဆန်တက်ရောက်ရှိသွားပြီးမှ ချေးနဲ့အတူ အပြင်ကို စွန့်ထုတ်ပါတယ်။ ချေးစိမ်းပါတဲ့ရောဂါဖြစ်ပြီး သေတဲ့ကြက်တွေမှာ အစိမ်းရောင်ပါတဲ့ ဝမ်းအရည်တွေ အူမကြီးထဲမှာတွေ့ရပေမယ့် အူသိမ်းပိုင်းမှာ မတွေ့ရတာကို ကြက်သေခွဲစိတ် စစ်ဆေးသူတွေ သတိထားမိကြပါတယ်။ 

အတိုချုပ်ပြောရရင် ကြက်တွေချေးစိမ်းပါတယ်ဆိုတာ ကြက်တွေမှာ အသည်းထိခိုက်ပျက်စီးနေကြောင်း၊ အသည်းကို ပျက်စီးစေတဲ့ ရောဂါတစ်ခုခုဖြစ်နေကြောင်း ဖော်ပြတဲ့ လက္ခဏာတစ်ခုသာဖြစ်ပါတယ်။ 

ဒေါက်တာအောင်မြင့်ရေးသားသော "ဆန်းသစ်လာသော  ကြက်ရောဂါပြဿနာများ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်