စောင့်မျှော်နေကြရဲ့လားဗျ .. အစိမ်းရောင်လမ်းရဲ့ ဓာတ်ပုံပြိုင်ပွဲကြီး ပြန်လည်ရောက်ရှိလာပြီ 📷📷📷
ဒီတစ်ခေါက်မှာတော့ ပြိုင်ပွဲဝင်တွေစိတ်ကြိုက်ဖန်တီးခွင့်ရအောင် ခေါင်းစဉ်ကို သတ်မှတ်မထားပါဘူး ...
ပြိုင်ပွဲအတွက် အကျုံးဝင်ဖို့ကိုတော့ .............
ဓာတ်ပုံမှာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲကိုအသုံးပြုနေတဲ့ပုံစံကိုရှင်းလင်းမြင်သာစွာပါဝင်ရပါမယ် (သို့မဟုတ်) ဖုန်းသုံးနေတဲ့ပုံမဟုတ်ရင် အစိမ်းရောင်လမ်းဆော့ဝဲဖွင့်ထားတဲ့ ဖုန်းမျက်နှာပြင်ပါဝင်ရပါမယ်..📱
ဒီအချက်ကို လိုက်နာပြီး စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်ခင်ဗျ
ယာခင်းထဲမှာ အလုပ်နားချိန် အစိမ်းရောင်လမ်းအသုံးပြုနေပုံကိုပဲရိုက်မလား
ကြိုက်တဲ့ဆောင်းပါးတွေရှိတဲ့စာမျက်နှာနဲ့ လက်တွေ့ပြုလုပ်နေပုံကိုပဲရိုက်မလား
အစိမ်းရောင်လမ်းမှာက ဆောင်းပါးပေါင်းစုံရှိတာမို့ စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်
မော်ဒယ်က လူတစ်ကိုယ်လုံးမဟုတ်တောင် လက်လောက်ပဲပါရင်လည်း ရပါတယ်ခင်ဗျ..ဥပမာပြောပြတာပါနော်။
ပါဝင်ရမယ့်အချက်ကို လိုက်နာပြီး ပြိုင်ပွဲဝင်တွေ စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်ဗျို့…
ဆုတွေကတော့
- လူကြိုက်အများဆုံးဆု- ၃၀၀၀၀
- အစိမ်းရောင်လမ်းမှ ရွေးချယ်သောဆု- ဈေးတန်းကြီးမှ pH မီတာတစ်လုံး
- နှစ်သိမ့်ဆု (၃) ဆု- ဖုန်းဘေ ၃၀၀၀+ အစိမ်းရောင်လမ်းမှထုတ်ဝေသော “အရေးပါဆုံးပို့ကုန်သီးနှံ(၅)မျိုး၏ စိုက်ပျိုးနည်းစနစ်များ” စာအုပ်တစ်အုပ် တို့ပဲဖြစ်ပါတယ်။
ပြိုင်ရမယ့်ပုံစံလေးကိုပြောပြပါမယ်..
- ပြိုင်ပွဲဝင်မယ့်ပုံလေးကို ကိုယ့်ရဲ့ ဖေ့ဘုတ်အကောင့်မှာ public (အများမြင်) နဲ့ တင်ရပါမယ်
- ပို့စ်မှာ-
#အစိမ်းရောင်လမ်းဖုန်းဆော့ဝဲ
#greenwayapplication ဆိုတဲ့စာလေးတွေထည့်ပေးရပါမယ်
- တင်ပြီးကြောင်း screen shoot လေးကိုတော့ အစိမ်းရောင်လမ်းဖေ့ဘုတ်ပေ့ချ် မှာတင်ထားတဲ့ ဓာတ်ပုံပြိုင်ပွဲအကြောင်းပို့စ်ရဲ့ commentမှာ နံပါတ်စဉ်ရေးပြီး ပြိုင်ပွဲဝင်လို့ရပါပြီ။
ဇန်နဝါရီ ၇ ရက်နေ့အထိ ပြိုင်ပွဲဝင်တွေကိုလက်ခံသွားပါ့မယ်။
ဆုတွေကိုတော့ ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေငြာသွားပါ့မယ်ခင်ဗျ..
ကဲ ပြိုင်ပွဲမျှော်နေကြသူတွေ စလို့ရပါပြီခင်ဗျာ....ခုပဲ ပြိုင်ပွဲစည်းကမ်းချက်တွေနဲ့အညီ အစိမ်းရောင်လမ်းဖေ့ဘုတ်ပေ့ချ်မှာပါဝင်လိုက်ပါ။