သံပုရာပင် စိုက်ပျိုးနည်း
သံပုရာပင်၊ သံပုယိုပင်၊ ရှောက်ချိုပင်၊ ရှောက်ပန်းပင်၊ ကျွဲကောပင်တို့ပါဝင်သော အပင်မျိုးစုကို ရှောက်ပင်မျိုး ဟုခေါ်၍ ရူတာစီအီးမျိုးရင်းဝင်များ ဖြစ်ကြသည်။ ထိုမျိုးစုတွင် အထက်ဖော်ပြပါ ရှောက်ပင်နွယ်သော အပင်များသာမက အခြားမျိုးစိတ်များလည်းရှိသေးရာ စုစုပေါင်းမျိုးစိတ် (၃ဝ) ခန့် ပါဝင်သည်။ ရှောက်ပင်မျိုးတို့သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ၌ စိုက်ပျိုးဖြစ်ထွန်း၍ ဆီးနှင်းနှင့် အလွန်အေးမြသော ဆောင်းရာသီဒဏ်ကို မခံနိုင်ကြချေ။ ယင်းတို့ မူလပေါက်ရောက် ရာဒေသသည် အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြသည်။ ယင်းတို့အား ဘီစီ (ခရစ်တော်မပေါ်မီ) ၁ဝဝဝ ခန့်က တရုတ် လူမျိုးတို့က စတင်စိုက်ပျိုးခဲ့ကြသည်ဟုလည်း ဆိုကြသည်။
၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး သီးထွက်နှင့် အသီးအရည်အသွေးကောင်းမွန်သော အပင်မျိုးကို ရွေးချယ်ပါ။ သံပုရာကို အစေ့မှ ပျိုးထောင်စိုက်ပျိုးပါ။ (ဗိုင်းရပ်စ်ရောဂါကင်းဝေးစေသော ပျိုးပင်ရရှိစေရန် ဖြစ်ပါသည်။) ရှောက်ပင်မြေထုပ်စည်းနည်းဖြင့် မျိုးပွားစိုက်ပျိုးပါ။
၂။ စိုက်ကျင်းအရွယ် (၂'၂'၂') ကျင်းတူးပြီး အပေါ်ယံမြေနှင့် မြေဆွေးရောစပ်၍ ကျင်းစာကျွေးပါ။
၃။ စိုက်စနစ်အနေဖြင့် သံပုရာကို (၁၂'၁၂’)ဖြင့် တစ်ဧက (၃၀၂)ပင်၊ ရှောက်ပင်ကို (၁၅' ၁၅’)နှုန်းဖြင့် တစ်ဧက(၁၉၃)ပင် ဝင်ဆန့်အောင် စိုက်ပျိုးပါ။
၄။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် (၃ပေ- ၃.၅ပေ) အထိ၊ ပင်စည်တစ်ခုတည်းရှိနေစေရန်နှင့် ကိုင်းမကြီး (၃-၅)ကိုင်း မွေးမြူပုံသွင်းပါ။
၅။ သဘာ၀မြေဩဇာနှင့် ဓာတ်မြေဩဇာများကို မတ်၊ ဧပြီ ရေသွင်းစိုက်ချိန်တွင် တစ်ကြိမ်နှင့် စက်တင်ဘာလတွင်တစ်ကြိမ် (၂) ကြိမ်ခွဲ၍ ကျွေးပါ။
၆။ ဇင့် Zn, ကော့ပါး Cu ကဲ့သို့သော အနည်းလို အာဟာရဓာတ်များပါ၀င်သည့် ဓာတ်မြေဩဇာဆေးရည်ကို မဖြစ်မနေပက်ဖြန်းပေးပါ။
၇။ အပင်လျှင်မြန်စွာ ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးဖြစ်ပေါ်ချိန်တွင် ရေလုံလောက်စွာ သွင်းပေးပါ။ သို့သော် ရေမဝပ်စေရန် ဂရုစိုက်ပါ။
၈။ စိုက်ခင်းရေသွင်းရာတွင် ပင်စည်သို့ တိုက်ရိုက်ရေမထိစေသင့်ပါ။ အပင်အရွယ်အစားအလိုက် ရေဝပ်ကျင်းကို ပြုလုပ်အသုံးပြုနိုင်ပါသည်။
၉။ စိုက်ခင်းအတွင်း ရေသွင်းခြင်းကို မတ်လမှ ဇွန်လအတွင်း၊ အနည်းဆုံး တစ်ပတ်တစ်ကြိမ်၊ နိုဝင်ဘာမှ ဖေဖော်၀ါရီလအတွင်း (၂)ပတ်တစ်ကြိမ် ဆောင်ရွက်ပါ။
၁၀။ ပန်းပွင့်မှုညီညွတ်စေရန် ဒေသအလိုက်သီးထွက်ချိန်ကို ချိန်ဆပြီး၊ အပင်ညှိုးသည်အထိ ရေဖြတ်ပြီးမှ အပင်ရေတအောင်သွင်းပေးပြီး ဓာတ်မြေဩဇာကျွေးပေးခြင်းဖြင့် တပြိုင်နက် ပန်းပွင့်အောင်ဆောင်ရွက်ပါ။
၁၁။ အသီးခူးပြီးတိုင်း ရေတက်များ၊ အတွင်းဘက်လှည့်ထွက်လာသော ကိုင်းများ၊ ကိုင်းသေ၊ ကိုင်းညှက်များ၊ မြေကြီးနှင့်ထိနေသော ကိုင်းများ၊ ရောဂါရကိုင်းများကို ရှင်းလင်းဖြတ်တောက် ဖယ်ရှားပေးပါ။
၁၂။ အပင်၏ အစိုဓာတ်နှင့် အမြစ်၏အပူရှိန်ထိန်းသိမ်းရန်၊ ဒီဇင်ဘာလမှစ၍ ပင်ခြေ၏ (၄)ပေ ပတ်လည်တွင် ကောက်ရိုး(သို့)မြက်ခြောက်များဖြင့် ထူထူဖုံးပေးပါ။
၁၃။ ရွက်ထွင်းစားပိုး၊ ပင်စည်ဖောက်ပိုး၊ ပျ နှင့် မှိုရောဂါများကို မျက်ခြေမပြတ်ကာကွယ်နှိမ်နင်းပေးပါ။
၁၄။ သံပုရာတွင် ဘက်တီးရီးယား (ကင်ကာ) ရောဂါများ ကျရောက်လေ့ရှိရာ၊ ဘော်ဒိုဆေးရည်ဖြင့် အချိန်မီပက်ဖြန်းကာကွယ်နှိမ်နင်းပါ။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)
စိုက်ပျိုးရေးနည်းပညာ
Sein Ngwe
လွန်ခဲ့သော ၄ လ ကပြန်ဖြေတဲ့သူမရှိရင်လည်း post တွေတင်မနေ့နဲ
ဦးမြင့်လှိုင်
လွန်ခဲ့သော ၄ လ ကသံပုရာပင် စိုက်ပျိုးရာတွင် မျိုးပွားခြင်း၊ မြေပြင်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း ဟူသော အဆင့်ဆင့်ကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ၁။ မျိုးပွားခြင်းနှင့် မျိုးရွေးချယ်ခြင်း အစေ့မှစိုက်ခြင်း: အစေ့မှစိုက်ပါက အပင်သန်စွမ်းသော်လည်း အသီးသီးရန် ကြာတတ်သည်။ မြေထုပ်စည်းခြင်း (ကိုင်းကူးခြင်း): ဤနည်းသည် အပင်ပုပုနှင့် အသီးမြန်မြန်သီးစေရန် အကောင်းဆုံးဖြစ်သည်။ ကိုင်းကူးထားသော အပင်များသည် ၅ လမှ ၁ နှစ်အတွင်း စတင်သီးနိုင်သည်။ YouTube YouTube +4 ၂။ စိုက်ပျိုးမြေပြင်ဆင်ခြင်း စိုက်ကျင်း: စိုက်ကျင်းကို တစ်ပေခွဲပတ်လည် တူးပြီး နွားချေး သို့မဟုတ် သဘာဝမြေသြဇာနှင့် အပေါ်ယံမြေကို ရောစပ်ထည့်ရမည်။ စိုက်ကွာဝေး: တစ်ပင်နှင့်တစ်ပင် (၁၂) ပေမှ (၁၅) ပေခန့် ခွာ၍ စိုက်ပျိုးရန် လိုအပ်သည်။ တစ်ဧကလျှင် အပင် ၃၀၀ ခန့် ဝင်ဆန့်အောင် စိုက်ပျိုးနိုင်သည်။ Wisarra Wisarra +2 ၃။ ပြုစုစောင့်ရှောက်ခြင်း ရေလောင်းခြင်း: သံပုရာပင်သည် ရေကြိုက်သောအပင်ဖြစ်သဖြင့် နေစဉ်ရေလောင်းပေးနိုင်ပါက တစ်နှစ်ပတ်လုံး အသီးရရှိနိုင်သည်။ မြေသြဇာ: အပင်အထမြန်စေရန် N.P.K (ဓာတ်မြေသြဇာ) ကို ကျင်းတွင် ထည့်သွင်းပေးနိုင်သည်။ ကိုင်းဖြတ်ခြင်း: မလိုအပ်သော ကိုင်းခြောက်များနှင့် အောက်ခြေမှ ထွက်သော ကိုင်းတက်များကို ဖယ်ရှားပေးခြင်းဖြင့် အပင်သန်စွမ်းစေသည်။ Wisarra Wisarra +2 ၄။ အသီးခူးဆွတ်ခြင်း အစေ့စိုက်ပင်ဖြစ်ပါက ၃ နှစ်သားရောက်မှ အသီးစတင်ယူသင့်ပြီး အပင်အားနည်းခြင်းမှ ကာကွယ်ရန် ၅ နှစ်သားခန့်ရောက်မှ အသီးအကုန်ယူသင့်သည်။ YouTube YouTube စိုက်ပျိုးရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို Green Way Myanmar နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့တွင် ထပ်မံလေ့လာနိုင်ပါသည်။ သံပုရာပင်ကို မြေပြင်မှာ စိုက်မှာလား ဒါမှမဟုတ် အိုးနဲ့ပဲ စိုက်ချင်တာလား ဆိုတာ ပြောပြပေးရင် ပိုပြီး အသေးစိတ် အကြံပြုပေးနိုင်ပါတယ်။ သံပရာပင်စိုက်ပျိုးခြင်း ... YouTube·MizzimaTV 2:35 သံပုရာ စိုက်ပျိုးနည်းစနစ် - Wisarra Wisarra သံပုရာပင်စိုက်ပျိုးခြင်း ... Ministry Of Information အားလုံးပြရန်
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကဟုတ်ကဲ့ပါ
u hla kyi
လွန်ခဲ့သော ၂ နှစ် ကအရွက်လိပ်သုံးမည်ဆေးသိလိုပါသည်
ဝင်းလှိုင်
လွန်ခဲ့သော ၄ နှစ် ကကိုင်းကူး မြေချစိုက်ပျိုးနည်းလေး သိပါရစေဗျ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ပူတာအိုဒေသမှာ ဘယ်လိုငှက်ပျောသီးစိုက်ပျိုးရင်ဖြစ်ထွန်းမလည်း။ စိုက်ပျိုးနည်း လည်းအသေးစိတ်လမ်းညွန်ပေးပါ။ ငှက်ပြောစျေးကွတ်ရော ထည့်ပြောပေးပါ
Mp ခင်ဆားရ် • ဖြေကြားချက် 2 ခု
စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး
တောသားလေး • ဖြေကြားချက် 3 ခု
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....