ရှီတာကီမှို စိုက်ပျိုးနည်း

18/06/2019 15:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသောနေရာတွင် ထားပါ။ မှိုစိုက်ပျိုးသော နေရာ၏ အခန်းအပူချိန်မှာ (၈ – ၁၆) ဒီဂရီဆဲလ်စီးရပ် ရှိနေရန် အထူးအရေးကြီးပါသည်။ စိုထိုင်းဆ (၇၅ – ၉၀) ရာခိုင်နှုန်းရှိနေရန်လိုအပ်ပြီး အစိုဓာတ်ရရှိနိုင်စေရန် အောက်ခြေကြမ်းပြင်တွင် စက်ဖွဲပြာ၊ သဲများခင်းထားရန် လိုအပ်ပါသည်။ အစိုဓာတ်မဆုံးရှုံးစေရန် ပလတ်စတစ်ကာရံခြင်းနှင့် ပလပတ်စတစ်မျက်နှာကျက် ပြုလုပ်ပေးရန် လိုအပ်ပါသည်။

၂။ မှိုစိုက်ထုပ်၏ (၂/၃) နီညိုရောင်သန်းလာပါက မှိုထုပ်မှ ပလတ်စတစ်အိတ်ကို ခွာယူဖယ်ရှားရပါမည်။ မှိုထုပ်များကို ကြမ်းပြင်တွင်လည်းကောင်း၊ ဝါးစင်၊ သစ်သားစင်၊ သံစင်တို့ပေါ်တွင်လည်း ဒေါင်လိုက်တင်၍ စိုက်ပျိုးနိုင်သည်။

၃။ နီညိုရောင်သန်းနေသော မှိုထုပ်များကို ရေဖြန်းခရားငယ်ဖြင့် နေ့စဉ် ရေ (၂/၃) ကြိမ် လောင်းပေးရမည်။ (၂) ပတ်ခန့်အကြာတွင် မှိုထုပ်မှ မှိုသန္ဓေခဲများ စတင်ထွက်ရှိလာပြီးနောက် (၂) ပတ်ခန့်အကြားတွင် မှိုများစတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ဆွတ်ခူးရန် (၃) ရက်ခန့်အလိုတွင် ရေမလောင်းဘဲ ထားရပါမည်။ ရေလောင်းပါက မှိုများ ရိရော်ခြင်း၊ အရောင်အသွေး မပြည့်မီခြင်းများ ဖြစ်တတ်ပါသည်။ မှိုဆွတ်ခူးရမည့် အခြေအနေမှာ မှိုထီးရွက်အနားများ ပြန့်မထွက်မီ နောက်ဆုံးအဆင့်ကို ဆွတ်ခူးရပါမည်။

မှိုဆွတ်ခူးရာတွင် မှိုရိုးတံ၏ အောက်ခြေအရင်းပိုင်းကို ပိုးသန့်စင်ထားသောဓားဖြင့် အခြေမှကပ်၍ လှီးဖြတ်ဆွတ်ခူးရပါမည်။

၄။ မှိုဆွတ်ခူးပြီးသော မှိုထုပ်များကို (၂) ပတ်ခန့် ရေမလောင်းဘဲ ထားရပါမည်။ မှိုမျှင်အင်အား ပြန်လည်ပြည့်တင်းစေရန် ဖြစ်ပါသည်။ ရေဖြတ်ကာလ ကျော်လွန်ပြီးနောက် ပုံမှန် ပြန်လည်ဖြန်းပေးခြင်းအားဖြင့် ဒုတိယအကြိမ် မှိုပြန်လည်ထွက်ရှိလာပါမည်။ ဤနည်းအတိုင်း ရေဖြန်းခြင်း၊ ရေဖြတ်ခြင်း၊ ရေပြန်လည်ဖြန်းခြင်းဖြင့် မှိုထုပ် (၁) ထုပ်မှ မှို (၂-၃) ကြိမ် ဆွတ်ခူးရရှိနိုင်ပြီး မှိုအစို (၁၅ – ၂၀) ကျပ်သားအထိ ထွက်ရှိနိုင်ပါသည်။

သိုလှောင်သိမ်းဆည်းနည်း

- အပူချိန် (၀) ဒီဂရီ ဆဲလ်စီးရပ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက (၂ -၃) ပတ်အထိ ထားနိုင်ပါသည်။

- အပူချိန် (၅ - ၁၀) ဒီဂရီ ဆဲလ်စီးရပ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက (၅ – ၇) ရက် အထိ ထားနိုင်ပါသည်။

- အပူချိန် (၂၀ - ၂၅) ဒီဂရီ ဆဲလ်စီးရပ်ရှိ အအေးခန်းတွင် သိုလှောင်ပါက ၁၂ နာရီ အထိ ထားနိုင်ပါသည်။

- ခြောက်သွေ့သော ဗူးတွင် သိုလှောင်ပါက (၁၂) နာရီ အထိ ထားနိုင်ပါသည်။

- အေး၍ စွတ်စိုသော နေရာတွင် ထားမည်ဆိုပါက (၆) နာရီ အထိ ထားနိုင်ပါသည်။

အခြောက်အခြေအနေ

သဘာဝ နေရောင်ခြည်တွင် (၂၁) နာရီကြာမျှ နေလှမ်းခြင်းဖြင့် အခြောက်ခံနိုင်သော်လည်း မှို၏ မှုလအရောင်အဆင်း ပျက်ဆီးနိုင်ခြင်း၊ မှိုတွင်ရှိရမည် အစိုဓာတ်ရာခိုင်နူန်းကို ထိန်းချုပ်နိုင်စွမ်းအားမရှိခြင်း၊ မှို၏ပုံသဏ္ဍာန် ပြောင်းလဲသွားနိုင်ခြင်းတို့ကြောင့် ကမ္ဘာ့စျေးကွက်တွင် မှို၏ အရည်အ သွေးကို ထိခိုက်စေနိုင်သဖြင့် လေဝင်လေထွက်ရှိသော မှိုအခြောက်ခံစက်တွင် ( ၄၅ – ၆၀) ဒီဂရီ ဆဲလ်စီးရပ်ကို နာရီပိုင်းခြားအလိုက် ထိန်းချုပ်အခြောက်ခံရပါမည်။ အခြောက်ခံချိန်ကာလမှာ (၁၈) နာရီခန့်ဖြစ်ပြီး မှိုတွင်ရှိရမည့် အစိုဓာတ်မှာ (၁၀ – ၁၂) ရာခိုင်နှုန်း ဖြစ်ရပါမည်။

အာဟာရဓာတ်ပါဝင်မှု

ပရိုတိန်း Protein – ၂၈.၇ %

အမျှင်ဓာတ် Fiber – ၁၇.၁ %

အဆီဓာတ် Fat – ၂.၆ %

ပြာဓာတ် Ash – ၈.၀ %

နိုက်ထရိုဂျင် N - ၄.၆ %

ဖော့စဖောရပ် P - ၀.၈ %

ပိုတက်ဆီယမ် K - ၁.၄ %

ကယ်ဆီယမ် Ca - ၀.၀၃ %

မဂ္ဂနီဆီယမ် Mg - ၀.၁ %

ကော့ပါး Cu - ၇.၁ (ppm)

ဇင့် Zn - ၇၄.၆ (ppm)

မဂ္ဂနီစ် Mn - ၁၃.၄ (ppm)

အိုင်းယွန်းဓာတ် Fe - ၇၅.၁ (ppm)

စားသုံးနည်း

သက်သက်လွတ် ကြော်ချက်၍လည်းကောင်း အသားများနှင့် ပေါင်း၍လည်းကောင်း၊ မှိုကုန်းဘောင်ဟင်းအဖြစ်လည်းကောင်း၊ ဟင်းသီးဟင်းရွက်တို့ဖြင့် ကြော်ချက်၍လည်းကောင်း စားသုံးနိုင်ပါသည်။

ဆေးဖက်ဝင်အာနိသင်

- သွေးအတွင်းရှိ အဆီပါဝင်မှုကို လျှော့နည်းစေခြင်း၊ ( Lowering serum cholesterol level)

- အကြိတ်အခဲပျောက်ဆေး ( anti tumor)

- ဗိုင်းရပ် (စ်) ပိုးမွှားပိုးသတ်ဆေး (anti Viral) များအဖြစ် အသုံးပြုနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်