မက်မန်းခြံလုပ်ငန်းလုပ်ကိုင်သူများ ဈေးကွက်အခက်အခဲဖြစ်ပေါ်နေ

20/08/2021 15:34 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စာသင်ကျောင်းများ မဖွင့်လှစ်ခြင်းကြောင့် မက်မန်းခြံလုပ်ငန်းလုပ်ကိုင်သူများအပေါ်  ဈေးကွက်ရိုက်ခတ်မှု အနည်းနှင့်အများဆိုသလို ဖြစ်ပေါ်နေကြောင်း သိရသည်။

ကျွန်မတို့ခြံမှာ စိုက်ပျိုးထားတာက အချဉ်ပေါင်းလုပ်တဲ့ မက်မန်းသီးမျိုးတွေဖြစ်တဲ့အတွက် ပုံမှန်ဆို ကျောင်းဖွင့်ရာသီတွေမှာဆို မက်မန်းသီးဈေးတက်ပါတယ်။ ဒီအတောအတွင်း ကိုဗစ်ရောဂါပိုးကြောင့်နဲ့ နိုင်ငံရေးကြောင့်မို့ ကျောင်းတွေပိတ်ထားတော့ ဈေးကွက်မကောင်းတော့ဘူး။ အခုကို အိမ်မှာ မက်မန်းသီး တင်းတစ်ရာကျော် ဆားရည်စိမ်ထားရတယ်။ အစိမ်းအတိုင်းက ရောင်းမထွက်တော့ အထားခံအောင် ဆားရည်စိမ်ထားရတာ။ အခုကျတော့ ဆားရည်စိမ်ကလည်း ရောင်းမထွက်ပြန်ဘူး။ ဒီအတိုင်းဖြစ်နေတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ မက်မန်းခြံလုပ်ငန်း လုပ်ကိုင်သူ မမီးငယ်က ပြောသည်။ 

    မြန်မာနိုင်ငံတွင် မက်မန်းသီးကို အစိမ်းသီးအတိုင်း သုတ်စား၍ဖြစ်စေ၊ အချဉ်ဖောက်၍ မက်မန်းဝိုင် အနေဖြင့်ဖြစ်စေ၊ ဆားရည်စိမ်၍ဖြစ်စေ၊ အချဉ်ပေါင်းပြုလုပ်၍ဖြစ်စေ စားသုံးလေ့ရှိကြသည်။

မက်မန်းသီးက မှည့်လာတဲ့အခါ အဝါရောင်ဖြစ်သွားတဲ့အသီးနဲ့ အနီရောင်ဖြစ်သွားတဲ့ အသီးဆိုပြီး နှစ်မျိုးရှိတယ်။ သီးပွင့်ချိန်တွေကတော့ တစ်မျိုးနဲ့တစ်မျိုး မတူကြဘူးပေါ့။ သီးလာတဲ့ အသီးအစိမ်းအတိုင်းကိုတော့ ပွဲရုံတွေကို ပို့ရောင်းတာပါ။ အရင်က ဈေးကွက်ကောင်းချိန်ကဆို မက်မန်းသီးတွေ အစိမ်းခြွေပြီးပြီဆိုတာနဲ့ အခင်းထဲအထိ ပွဲစားတွေ လာဝယ်ကြတယ်။ ပွဲရုံတွေကို တင်ပို့တဲ့အခါလည်းပို့တယ်။ အခုကျတော့ ဘယ်သူမှ လာမဝယ်ကြတော့ ဒီအတိုင်းဖြစ်ကုန်တာပေါ့။

ဟု မမီးငယ်က ဆက်လက်ပြောသည်။

     မက်မန်းသီးပင်သည် နှစ်ရှည်ပင်အမျိုးအစားတစ်ခုဖြစ်ပြီး၊ တစ်ကြိမ်စိုက်ပျိုးထားရုံဖြင့် သားစဉ်မြေးဆက် အပင်ဆက်လက်ပြုစုကြကာ ဈေးကွက်တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်