Covid-19 ကာလအတွင်း အလှစိုက်ပန်းပင်များအရောင်းပိုသွက်လာ

17/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    Covid-19 ကာလအတွင်း အလှစိုက်ပန်းပင်များ အရောင်းပိုသွက်လာကြောင်း စီးပွားဖြစ် ပျိုးဉယျာဉ်ခြံလုပ်ငန်းများထံမှ သိရသည်။

ကိုဗစ်ကာလမှာ လူတွေအများစုက အိမ်မှာအနေများနေတော့ အလှစိုက်ပင်နဲ့ အရိပ်ရပင် တအားရောင်းရတယ်။ ဝန်ထမ်းနဲ့ အရာရှိတွေ ကိုယ့်အိမ်ကိုယ်အိမ်နေပြီး အလှစိုက်ပင်တွေ စိုက်ပျိုးလာကြတော့ တခြားနှစ်ရှည်ပင်မျိုးတွေအပြင် အလှစိုက်၊ အရိပ်ရအစုံရှိတဲ့ ပျိုးခြံသမားတွေ ပိုပြီး ရောင်းကောင်းလာပါတယ်။

ဟု ပျိုးဥယျာဉ်ခြံတည်ထောင်ထားသူ ဦးကိုကိုလတ်က ပြောသည်။

    ပိန်းပန်းပင်၊ မိသားစုနှင်းဆီ၊ နွယ်နှင်းဆီ၊ သစ်ခွပင်၊ ရွက်လှပင်မျိုးစုံ၊ အာဆီယံသပြေပင်၊ လာဘ်ခေါ်ဂမုန်းပင်၊ ဝါးပင် စသည့် အလှစိုက်ပင်များနှင့် အောင်မဲညိုပင်၊ ဒန့်သလွန်ပင်၊ ပင်စိမ်းပင်၊ ကွမ်းသီးပင်အပု၊ ငရုတ်ကောင်းပင် စသည့် အပင်များ၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငရုတ်သီးစိမ်းမျိုးစေ့များ ဝယ်ယူမှုများပြားနေကြောင်း သိရသည်။

ရှားစောင်းလက်ပတ်ပင်၊ ပိန်းပန်းနဲ့ မိသားစုနှင်းဆီ အရမ်းရောင်းရပါတယ်။ ရွက်လှပင်တွေကိုလည်း စိုက်တဲ့သူ အတော်များလာတယ်။ ကိုဗစ်ဖြစ်ပြီးမှ ရန်ကုန်ဈေးကွက်မှာတောင် မျိုးစေ့တွေကို အရင်ကထက် သုံးလေးငါးဆ ပိုအရောင်းသွက်တယ်။ မီးဖိုချောင်စား အပင်မျိုးစေ့တွေ အဝယ်များလာတာပါ။

ဟု မြေပဒေသာကျွန်းမှ မျိုးစေ့နှင့်အပင်ရောင်းချသူ ကိုချစ်စမ်းမောင်က ပြောသည်။

    Covid-19 ကူးစက်ရောဂါကာလအတွင်း ပြည်သူလူထုများ လူစုလူဝေးကြား သွားစရာမလိုဘဲ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဓာတုကင်းလွတ်သည့်သီးနှံများ စိုက်ပျိုးစားသုံးနိုင်ရန်၊ ပိုလျှံပါက ရောင်းချ၍ အပို၀င်ငွေရရှိစေရန်နှင့် မိမိတို့ပတ်ဝန်းကျင်တွင် မျှဝေစားသုံးနိုင်စေရန် ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်တွင်းဥယျာဉ် (HOME GARDEN SYSTEM) စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်