ထောပတ်ပင်စိုက်ပျိုးသူများ Export လမ်းများပြန်လည်ပွင့်လန်းလာရန် မျှော်လင့်နေ

02/12/2021 20:10 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ထောပတ်ပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများအနေဖြင့် Export လမ်းကြောင်းများ ပြန်လည်ပွင့်လန်းလာရန် မျှော်လင့်စောင့်ဆိုင်းနေကြောင်း ထောပတ်သီးဈေးကွက်တွင်းမှ သိရသည်။

Hass မျိုးဆိုရင် နဂိုကတည်းက Export ဈေးကွက်ရှိပြီးသား ထောပတ်မျိုးပါ။ ပြည်ပတင်ပို့တဲ့အခါ သူ့ပေါက်ဈေးနဲ့သူ ရရှိနိုင်ပါတယ်။ အခုကာလအတွင်းဆိုတော့ ဘဏ်စနစ်တွေကအစ အားနည်းနေတာကြောင့် တင်ပို့မှုရပ်ထားရတာမျိုးတွေ ရှိတာပါ။ ရေရှည်မှာဆိုရင်တော့ ပြည်တွင်းဈေးကွက်တစ်ခုတည်းနဲ့ဆို အဆင်မပြေတာမို့ ပြည်ပတင်ပို့မှုတွေ မဖြစ်မနေ ပြန်လည်ပတ်လာဖို့က လိုအပ်ပါတယ်။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ထောပတ်ပင် စီးပွားဖြစ်စိုက်ပျိုးသူ ဒေါ်နန်းခမ်းရီက ပြောသည်။

    ထောပတ်သီး Export တင်ပို့မှုအားနည်းပါက စိုက်ပျိုးစရိတ်နှင့် အပင်ပြုစုထိန်းသိမ်းစရိတ်များ မကာမိခြင်း၊ ပြည်တွင်း ဒေသအသီးသီးမှထွက်ရှိလာမည့် အသီးအားလုံးအတွက် ဖြုန်းအားမလုံလောက်ခြင်း၊ အရည်အသွေးကောင်း/မျိုးကောင်း အသီးများအတွက် တိကျခိုင်မာသော ဈေးနှုန်းများ မရရှိနိုင်ခြင်း စသည့် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရနိုင်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

အရင်ကဆိုရင် မြန်မာပြည်တွင်းမှာ ထောပတ်သီးကို အသီးဖျော်ရည်အဖြစ်ပဲ စားသုံးမှုများခဲ့တယ်။ နောက်ပိုင်းမှာဆိုရင် အသင်းအဖွဲ့တွေရဲ့ကြိုးပမ်းမှုကြောင့် ထောပတ်သီးကို တခြားစားသုံးမှုပုံစံအမျိုးမျိုး စီမံစားသုံးလို့ရတယ်ဆိုတာကို တော်တော်လေးသိလာကြပါတယ်။ ထောပတ်စိုက်ပျိုးသူတွေအနေနဲ့က တစ်နှစ်တလေ Export အားနည်းတာကိုတော့ တောင့်ခံထားနိုင်ရင်တောင်၊ အသီးအထွက်နှုန်းရှိလာသမျှကို ရောင်းကုန်ဖို့ဆိုရင်တော့ နောက်နှစ်နောက်နှစ်တွေမှာ Export တင်ပို့မှုတွေ အခုထက် အားကောင်းလာမှကိုဖြစ်မှာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    လက်ရှိတွင် အရည်အသွေးကောင်း ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်ဒေသ အနီးတစ်ဝိုက်)တို့တွင် အဓိက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေကြပြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးထုတ်လုပ်မှုရှိကြောင်း သိရှိရသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်