ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့် "နှမ်း၊ မြေပဲ နှင့် ဝါသီးနှံတွေရဲ့ သိုလှောင်ချိန်မှာ ကျရောက်တတ်တဲ့ ကြွက်အမျိုးမျိုးနဲ့ ဘယ်လို ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများ" အကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ကြွက်ဌာနစုတာဝန်ခံ ဆရာမ ဒေါ်သင်းသင်းမြင့်ကို ဆွေးနွေးမေးမြန်းထားတဲ့ ရေဒီယို အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသမှာ ကျရောက်တတ်သော ကြွက်အမျိုးအစားများ၊ မကွေးတိုင်းဒေသကြီးအတွင်းမှ မြေပဲ နှမ်းနှင့် ဝါသီးနှံများတွင် ကျရောက်ဖျက်ဆီးသော ကြွက်များကို ဓာတုဆေးဝါးမသုံးပဲ ကာကွယ်နှိမ်နင်းနည်းများ၊ ကြွက်များ၏ သဘောသဘာဝဖြစ်စဉ်များအကြောင်း၊ ဘယ်လိုအချိန်မှာ ကာကွယ်နှိမ်နင်းရမလဲ၊ ဓာတုဆေးနည်းနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ကြွက်သတ်ဆေးများ အသုံးပြုနည်းများနှင့် သတိပြုလိုက်နာရမည့် အချက်များကို တောင်သူများ သိရှိနားလည်စေရန်အတွက် ယခုအစီအစဉ်ကို တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင့်။
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်