လူနှင့် ကြက် စတင်ယဉ်ပါးလာမှု စပါးစိုက်ပျိုးရေးကြောင့်ဖြစ်ဟု လေ့လာမှုတစ်ခု ဖော်ပြ

14/06/2022 15:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

ကြက်တွေဟာ မူလတုန်းက တောကြက်အဖြစ် သစ်ပင်တွေပေါ်မှာ နေခဲ့ကြတာဖြစ်ပြီး လူတွေ ဆန်စပါး စတင်စိုက်ပျိုးတော့မှ ကြက်နဲ့ လူ ယဉ်ပါးလာခဲ့တာဖြစ်တယ်လို့ သုတေသနသစ်တစ်ခုက ဆိုထားပါတယ်။

ကြက်သားဟာ ယနေ့ခေတ်မှာ စားသုံးမှုအများဆုံး အသားထဲက တစ်မျိုးဖြစ်ပြီး ဗြိတိန်တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် ကြက်ကောင်ရေ သန်းတစ်ထောင်ကျော်လောက် ပေါ်နေရပါတယ်။ ဒါပေမဲ့ အိတ်ဇီတာတက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ်နဲ့ ကာဒစ်တက္ကသိုလ်တို့က သုတေသပညာရှင်တွေကတော့ ကြက်တွေဟာ မွေးမြူရေးခြံတွေဆီ အတော်လေးနောက်ကျမှ ရောက်လာတဲ့ တိရစ္ဆာန်သစ်တွေ ဖြစ်တယ်လို့ လေ့လာမှုသစ်တစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

အစောပိုင်း ယုံကြည်ထားကြတာက ကြက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်ကတည်းက မွေးမြူစားသုံးလာခဲ့ကြတာလို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Antiquity ဂျာနယ်မှာ ဖော်ပြခြင်းခံခဲ့ရတဲ့ ယခုလေ့လာမှုသစ်ကတော့ လူသားတွေဟာ ခရစ်တော်မပေါ်မီ ဘီစီ ၁၅၀၀ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ကျော်) အထိ ကြက်တွေနဲ့ နီးနီးစပ်စပ် မရှိသေးဘူးလို့ အဆိုပြုထားပါတယ်။

ပညာရှင်တွေက ရေဒီယိုကာဘွန် သက်တမ်းသတ်မှတ်နည်းလမ်းကို အသုံးပြုပြီး ယူ‌ရေးရှားဒေသအနောက်ပိုင်းနဲ့ အာဖရိကတိုက် အနောက်မြောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ ရှေးအကျဆုံး ကြက်ကျောက်ဖြစ်ရုပ်ကြွင်း ၂၃ ခုရဲ့ 'နှစ်' သက်တမ်းကို ဆန်းစစ်ခဲ့ပါတယ်။ အရိုးစုတွေ အများစုရဲ့ သက်တမ်းဟာ အစောပိုင်းတုန်းက ယူဆထားတာထက် နှစ်အများကြီး နောက်ကျနေတာကို တွေ့ရှိခဲ့ပါတယ်။

ကာဒစ်တက္ကသိုလ်က ဒေါက်တာ Julia Best ကတော့ "ရေဒီယိုကာဗွန်သက်တမ်းသတ်မှတ်နည်းလမ်းကို အခုလောက် အတိုင်းအတာနဲ့  ပထမဆုံးအကြိမ် အသုံးပြုတာဖြစ်ပြီး ရှေးလူ့အဖွဲ့အစည်းမှာ ကြက်တွေရဲ့ အရေးပါမှုကို ဆန်းစစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တွေ့ရှိချက်တွေဟာ အစောပိုင်းခေတ်တွေတုန်းက လူနဲ့ ကြက်တွေကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုရှင်းလင်းစွာ သိမြင်စေခဲ့ပါတယ်" လို့ ပြောပါတယ်။

မူရင်းဒေသအဖြစ် အရှေ့တောင်အာရှ အပူပိုင်းသစ်တောတွေမှာ နေထိုင်ခဲ့ကြတဲ့ ကြက်တွေဟာ ဥရောပတိုက်ကို ဘီစီ ၈၀၀ လောက်အထိ ရောက်မလာခဲ့ကြသေးပါဘူး။ နောက်ပိုင်း မြေထဲပင်လယ်ဒေသကို ရောက်လာပြီးတော့တောင် စကော့တလန်၊ အိုင်ယာလန်၊ စကင်ဒီနေးဗီးယားနိုင်ငံတွေနဲ့ အိုက်စလန်တို့လို့ ရာသီဥတု ပိုအေးတဲ့ ဒေသမှာ ကြက်တွေ အခြေတကျဖြစ်လာဖို့ နောက်ထပ် နှစ်ပေါင်းတစ်ထောင်နီးပါး ကြာမြင့်ခဲ့ပါသေးတယ်။

ပညာရှင်တွေဟာ နိုင်ငံ ၈၉ နိုင်ငံထဲက ရှေးဟောင်းနယ်မြေပေါင်း ၆၀၀ မှာ တွေ့ရှိခဲ့တဲ့ ကြက်ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ပြန်လည် အကဲဖြတ်ဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ကြက်ရုပ်ကြွင်းတွေထဲကမှ သက်တမ်းအရင့်ဆုံး အရိုးကို ဘီစီ ၁၆၅၉ နဲ့ ဘီစီ ၁၂၅၀ ကြားလို့ ကာလသတ်မှတ်နိုင်ခဲ့ပြီး ထိုင်းအလယ်ပိုင်း ဘန်နွန်ဝပ် ရှေးဟောင်းနယ်မြေက တွေ့ရှိခဲ့တာဖြစ်ကြောင်း ပညာရှင်တွေ ပြောပါတယ်။

လူသားတွေဟာ စပါးအခြောက်တိုက်စိုက်ပျိုးမှု (dry rice farming) ကျင့်သုံးခဲ့ကြတဲ့ခေတ်အတွင်း သစ်ပင်အမြင့်ပေါ်မှာ ကျက်စားလေ့ရှိတဲ့ တောကြက်တွေနဲ့ စတင်အနေနီးခဲ့ကြတာဖြစ်တယ်လို့ သုတေသသနပညာရှင်တွေက ပြောပါတယ်။ အိမ်ကြက် အဖြစ် ယဉ်ပါးလာကြမဲ့ ကြက်တွေရဲ့ ဘိုးဘေးဘီဘင်တွေကို အပင်ပေါ်ကနေ အောက်ဆင်းလာအောင် စပါးနဲ့ ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေကို အိမ်ကြက်အဖြစ် ယဉ်ပါးလာစေပြီးနောက် ပထမဆုံးအနေနဲ့ အာရှတိုက်တစ်ဝန်း ဒေသတွေဆီ သယ်ယူပို့ဆောင်ခဲ့ပါတယ်။ ဒီနောက်တော့ ရှေးခေတ် ဂရိ၊ အီတလီနဲ့ ဖီနစ်ရှန်လူမျိုး ကုန်သည်တွေဟာ ကြက်တွေကို ရေလမ်းကြောင်းကတစ်ဆင့် မြေထဲပင်လယ်ဒေသဆီ သယ်ဆောင်သွားခဲ့ကြပါတယ်။

အောက်စဖို့တက္ကသိုလ်ရဲ့ ပါမောက္ခ Greger Larson ကတော့ "ကြက်တွေအကြောင်း ပြည့်စုံကုံလုံစွာ ပြန်လည်ဆန်းစစ် လေ့လာလိုက်ခြင်းအားဖြင့် ကြက်တွေ စတင်ယဉ်ပါးခဲ့တဲ့ ကာလနဲ့ တည်နေရာအပေါ် အရင်က နားလည်ထားတာတွေဟာ မှားယွင်းနေကြောင်း သိလာရပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာကတော့ ဆန်စပါးစိုက်ပျိုးရေးဟာ ကြက်တွေ အိမ်ကြက်အဖြစ် ယဉ်ပါးလာစေဖို့နဲ့ ကမ္ဘာ့အနှံ့ ပျံ့နှံ့သွားစေဖို့ အထောက်အကူဖြစ်ခဲ့တယ်ဆိုတာကို သိရှိခဲ့ရတာပါ" လို့ ပြောပါတယ်။

ကြက်တွေကို စတင်မွေးမြူခဲ့စဉ်တုန်းက စားသုံးဖို့အတွက် မဟုတ်ဘဲ ရှားပါးငှက်အဖြစ် မွေးမြူခဲ့တာ ဖြစ်ကြောင်း အစောပိုင်းလေ့လာမှုတစ်ခုမှာ ဖော်ပြပါတယ်။ သံခေတ်တုန်းကဆိုရင် ကြက်တွေကို အလေးအမြတ်ထားစရာအဖြစ် သတ်မှတ်ခဲ့ပုံရပြီး ရံဖန်ရံခါမှာ သူတို့ကို ကြက်ပိုင်ရှင်နဲ့အတူ မြှုပ်နှံသင်္ဂြိုလ်တာမျိုးတောင် ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ရောမအင်ပါယာခေတ်မှာတော့ ကြက်သားနဲ့ ကြက်ဥကို အစားအစာအဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပြီဖြစ်ပါတယ်။

"ကြက်သားစားတာဟာ တွေ့ရဖန်များလွန်းနေတော့ ကြက်သားမစားတဲ့ ခေတ်ကာလ မရှိခဲ့ဘူးလို့တောင် ထင်ကြပါတယ်။ ကျွန်တော်တို့ တွေ့ရှိတဲ့ အထောက်အထားတွေအရ အတိတ်တုန်းက ကြက်နဲ့ လူကြား ဆက်ဆံရေးဟာ ရှုပ်ထွေးခဲ့တာ တွေ့ရပြီး ရာစုနှစ်ပေါင်းများစွာ ကြက်တွေကို အထွဋ်အမြတ် ထားခဲ့ကြပါတယ်" လို့ အိတ်ဇီတာတက္ကသိုလ်က ပါမောက္ခ Naomi Sykes က ပြောပါတယ်။

Ref: Chickens were first tempted down from trees by rice, research suggests - The Guardian

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်