သွင်းအားစုသုံးစွဲပုံနှင့် ရေပေးဝေသည့်စနစ်မှန်ကန်မှသာ ငရုတ်အထွက်နှုန်းကောင်းမွန်မည်

11/06/2021 15:40 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သွင်းအားစုသုံးစွဲပုံနှင့် ရေပေးဝေသည့်စနစ်များ မှန်ကန်မှသာ ငရုတ်သီးအထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း ငရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူများထံမှ သိရသည်။

စတင်စိုက်ပျိုုးပြီး (၇)ရက်ကနေ (၁၀)ရက်အတွင်း မြေဩဇာမကျွေးသင့်ဘူး။ အဲ့ဒီကာလမှာ မြေဩဇာကျွေးလိုက်ရင် အပင်သေသွားနိုင်တယ်။ အဲ့ဒီအချိန်မှာ ဘာလုပ်သင့်လဲဆိုရင် ငရုတ်ပင်လေးတွေကိုခါးဆွပြီး လေရှူခွင့်ရအောင် လုပ်ပေးသင့်တယ်။ ဒေသတစ်ခုနဲ့တစ်ခုမတူတဲ့အတွက် လုပ်ပုံကိုင်ပုံတွေ မတူနိုင်ပါဘူး။ ကျွန်တော်တို့ဒေသအနေနဲ့တော့ စိုက်ပျိုးပြီး(၁၅)ရက်ဝန်းကျင်မှာ မြေဩဇာကျွေးလို့ရပါတယ်။ အဲ့ဒီလိုကျွေးပြီးပြီးချင်းအချိန်မှာတော့ စိုက်ခင်းထဲကို ဖောက်ရေသွင်းလို့ မရသေးဘူး။ ရေဖြန်းလို့တော့ ရပါတယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာရွာမှ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသူ ဦးသန်းဆွေဦးက ပြောသည်။

    ဖောက်ရေဆိုသည်မှာ စိုက်ခင်းအတွင်း ရေစီးမြောင်းများဖောက်ထားပြီး ရေတွင်းမှရေကိုသွယ်၍ ရေပေးသွင်းသည့်စနစ်ကို ဆိုလိုခြင်းဖြစ်ပြီး၊ ဖြန်းရေဆိုသည်မှာ ရေဖြန်းပုံး နှစ်ဖက်တပ်ဖြင့်သော်လည်းကောင်း၊ ပိုက်လုံးအသေးကို ခေါင်းတပ်၍သော် လည်းကောင်း အပင်ရေပက်ဖြန်းသည့်စနစ် ဖြစ်သည်။

ရေပေးလိုက်လို့ အပင်က ဒဏ်မခံနိုင်သေးဘဲ ယိုင်သွားလောက်တဲ့အနေအထားဆို ရေမပေးရဘူး။ အပင်အနေအထားကြံ့ခိုင်မှုကိုကြည့်ပြီး ဘောင်ဆွဲလို့ရလောက်တဲ့ အနေအထားရောက်မှ ဘောင်ဆွဲပြီးရေပေးပါတယ်။ ရွှေဘိုနယ်ကစိုက်နည်းအရ ပထမဆုံးစိုက်ပြီးချိန်မှာ ကွန်ပေါင်းမြေဩဇာမသုံးဘဲ နိုက်ထရိုဂျင်တစ်မျိုးသာ သုံးတယ်။ ပိုးသတ်ဆေးကို အပင်အခြေအနေပေါ်မူတည်ပြီး လိုအပ်မှဖြန်းပေးတယ်။ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲဘူး။ မှိုသတ်ဆေးကိုတော့ လုံးဝမသုံးစွဲဘူး။ ကြုံရတဲ့အခက်အခဲကတော့ တချို့ပိုးသတ်ဆေးနဲ့ ရွက်ဖြန်းမြေဩဇာထုပ်တွေပေါ်မှာ ရေးထားတဲ့စာသားအတိုင်း တကယ်အရည်အသွေးအပြည့်အဝ မပါဝင်ဘူး။ အဲ့ဒီပြဿနာ အမြဲရှိပါတယ်။

ဟု ငရုတ်စိုက်တောင်သူ ဦးသန်းဆွေဦးက ပြောသည်။

    စိုက်ရက် ပျိုးရက်/စိုက်ချိန် ပျိုးချိန်များမှာ ဒေသတစ်ခုနှင့်တစ်ခု အနည်းငယ်ကွာခြားမှုရှိနိုင်ပြီး စိုက်ပျိုးပြီး (၃)လခွဲအကြာတွင် ငရုတ်ပင်မှအသီးများ စတင်ထွက်ရှိသည်။ 

    ငရုတ်သီးတစ်ဧက စိုက်ပျိုးမည်ဆိုပါက အကြမ်းဖျဉ်းကုန်ကျစရိတ်အားဖြင့် ကျပ်(၃၀၀,၀၀၀)သိန်းမှ (၅၀၀,၀၀၀)သိန်းကြား ကုန်ကျနိုင်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကုန်ကျစရိတ်များလည်း မတူညီနိုင်ကြောင်း တောင်သူများကပြောသည်။

    အထွက်နှုန်းအနေဖြင့် ငရုတ်သီးတစ်ဧကစိုက်ပျိုးလျှင် ငရုတ်သီးစိမ်းပိဿာချိန် (၅,၀၀၀)မှ (၇,၀၀၀)ပိဿာကြား ထွက်ရှိကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်