ကုန်ကျစရိတ်ကိုလျော့ချပါက အာလူးစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးနိုင်

24/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စိုက်ပျိုးကုန်ကျစရိတ်ကိုလျော့ချပါက အာလူးစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးနိုင်ကြောင်း အာလူးစိုက်ပျိုးရေးကျွမ်းကျင်သူများထံမှ သိရသည်။

အာလူးမျိုးပေးပြီး စိုက်ပျိုးကြပေမယ့် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးကြတာဟာ အဓိကက အာလူးပင်ကိုစိုက်လေ့မရှိတော့ လုပ်ထုံးလုပ်နည်းမသိကြတာပါ။ စိုက်လေ့မရှိတဲ့သူများက ကုန်ကျစရိတ်နှမြောပြီး လျော့သုံးတော့ မအောင်မြင်ကြတာပါ။ အပင်လိုအပ်ချက်အရ မြေပြင်လိုအပ်ချက်၊ ရာသီဥတုလိုအပ်ချက်၊ မြေမှန် မျိုးမှန်၊ ရာသီမှန် စိုက်နည်းမှန်၊ သုံးသပ်မှုမှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ အာလူးက တခြားအပင်နဲ့မတူတာ လူရဲ့ အမြဲစောင့်ကြည့်တာကိုလိုအပ်တယ်။ မကြည့်ရင် အပင်အခြေအနေတစ်ခုခုဖြစ်တာကို မသိရနိုင်ပါဘူး။

ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နောင်တရားအာလူးအသင်းဥက္ကဌ ဦးခွန်ဆန်းဦးက ပြောသည်။

    အာလူးစိုက်ပျိုးခြင်းကို စနစ်တကျလုပ်ကိုင်ပါက တစ်ဧကကုန်ကျစရိတ်အနေဖြင့် စိုက်ပျိုးပြီးသည့် အချိန်အထိ ၂၅ သိန်းဝန်းကျင်ကုန်ကျကြောင်း ၎င်းကဆိုသည်။

    အာလူးစိုက်ပျိုးရာတွင် ဟင်းချက်ရာတွင် အသုံးပြုသည့် ချက်အာလူးနှင့် ကြော်စားရာတွင် အသုံးပြုသည့် ကြော်အာလူးဟူ၍ ဈေးကွက်လိုအပ်ချက်အလိုက် စိုက်ပျိုးနေကြသည်။

အာလူးကတော့ ဘယ်ရာသီရယ်လို့အဓိကမဟုတ်ဘဲ ဆက်တိုက်ပဲ စိုက်ပျိုးထုတ်လုပ်နေကြတာပါ။ အာလူးက ဟင်းချက်စားတဲ့ စားအာလူးနဲ့ ကြော်တဲ့အာလူးမှာကတော့ အာလူးချပ်ကြော်ဖို့အတွက်ရယ် အာလူးချောင်းကြော်ဖို့အတွက်ရယ် (၂) မျိုးရှိတယ်။ စားအာလူးကို ကြော်လိုက်ရင်တော့ သိပ်အဆင်မပြေဘူး။ နည်းနည်း မီးတူးသလိုဖြစ်ပြီး နီသွားတတ်တယ်။ ကြော်အာလူးကို သွားစားပြန်တော့လည်း တော်တော်နဲ့မနူးဘူး။ နည်းနည်းလေး မာသလိုဖြစ်တယ်။ ကြော်အာလူးကတော့ ဈေးကွက်ပိုကောင်းတယ်။ စားသုံးသူအမျိုးမျိုးရှိတဲ့အတွက် စိုက်ပျိုးတဲ့သူတွေကလည်း နှစ်မျိုးစလုံးကို မျှပြီးစိုက်ပျိုးနေကြပါတယ်။

ဟု ဦးခွန်ဆန်းဦးက ဆက်လက်ပြောသည်။

    ဈေးကွက်အတွင်း ကြော်အာလူး တစ်ပိဿာလျှင် (၁,၀၀၀) ကျပ်၊ စားအာလူး တစ်ပိဿာလျှင် (၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်