သီရိမင်္ဂလာဈေး ပန်းဈေးကွက်အတွင်း ပန်းဈေးနှုန်းများမြင့်တက်နေ
၂၀၂၁ ခုနှစ်၊ ဩဂုတ်လဒုတိယပတ်မှစတင်၍ သီရိမင်္ဂလာဈေး ပန်းဈေးကွက်အတွင်း ပန်းဈေးနှုန်းများမြင့်တက်နေကြောင်း ပန်းမျိုးစုံ လက်လီလက်ကားရောင်းချနေသူများထံမှ သိရသည်။
ပန်းတွေ အကုန်ဈေးတက်တယ်။ အရင်က သုံးထုံး (အရိုင်းစည်း အကြီး)ကို တစ်သောင်းကျပ်နဲ့ ဝယ်နေကြက အခု တစ်ထုံးကို ရှစ်ထောင်ကျပ်လောက်ဖြစ်နေတယ်။ ကျွန်မတို့က သီရိမင်္ဂလာဈေးကနေ ဖောက်သည်သွားဝယ်ပြီး ရန်ကုန်ကမြို့နယ်တွေထဲမှာ လက်လီပြန်ရောင်းတာပါ။ ဈေးမှာကို ပန်းကားတွေ သိပ်မဝင်တော့တဲ့အတွက် အခုလိုမျိုး ပန်းဈေးတက်တာလို့သိရပါတယ်။ ဈေးတက်တာ ဒီတစ်ပတ်ထဲမှာမှ စတက်လာတာပါ။ ပန်းဈေးတွေသာ တက်လာတာ။ လက်လီဝယ်သူတွေကို ကျွန်မတို့က ချက်ချင်းကြီး ဈေးတင်ရောင်းလို့ကလည်း မရပါဘူး။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ပန်းမျိုးစုံလက်လီရောင်းချသူ မရှိုင်းရှိုင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေး ပန်းဈေးကွက်အတွင်း ဂန္ဓမာပန်းမျိုးများဖြစ်ကြသည့် မြနှင်းဖြူ၊ ချယ်ရီလွင်၊ ချယ်ရီဖြူတစ်ထုံးလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ချယ်ရီနီ တစ်ထုံးလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အတွင်း ဈေးနှုန်းများ မြင့်တက််နေသည်။
ဒီမှာ ခြံအတွင်းရောင်းဈေးတောင်မှ ချယ်ရီလွင်ဂန္ဓမာ အရိုင်းစည်းတစ်စည်းကို သုံးထောင့်ငါးရာ၊ လေးထောင်ကျပ် ပေါက်ဈေးရှိနေတယ်။ အရင်တုန်းက ထောင့်ငါးရာကနေ နှစ်ထောင်ကျပ်အတွင်းပဲ ဈေးရှိခဲ့တယ်။ အခုအချိန် ရာသီဥတုနဲ့က ပန်းက လုံးဝရှားသွားပြီလေ။ ဒါ့ကြောင့်မို့ ဈေးကတော့တက်မှာပဲ။ စက်တင်ဘာ၊ အောက်တိုဘာလလောက်ဆိုရင်တော့ ပန်းတွေ အသစ်ပြန်ထွက်လာပြီး ဈေးပြန်ကျလာမယ်လို့ ယူဆပါတယ်။
ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းအနီး၊ ဖောင်းတောကျေးရွာမှ ပန်းစိုက်တောင်သူ ကိုငယ်လေးက ပြောသည်။
ယခုနှစ်တွင် သွင်းအားစုစရိတ်များ မြင့်တက်နေသဖြင့် ပန်းဈေးနှုန်းများ မြင့်တက်လာသော်လည်း ပန်းစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှာ အမြတ်အစွန်းနည်းပါးကြောင်း သိရသည်။
ယခင်က ဂန္ဓမာပန်း (၁.၅) ဧက စိုက်ပျိုးပါက စိုက်ပျိုးစရိတ် ကျပ် (၁၀) သိန်းဝန်းကျင် ကုန်ကျခဲ့သော်လည်း ယခုအခါ မြေဆီဖိုး၊ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးဖိုး စသည့် သွင်းအားစုစရိတ်များ မြင့်တက်နေခြင်းကြောင့် (၁.၅) ဧကအတွက် စိုက်ပျိုးစရိတ်စုစုပေါင်းမှာ ကျပ်(၁၅)သိန်းဝန်းကျင်ကုန်ကျနေကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022