တောင်သူဦးကြီးများသို့ သတိပေးတိုင်းတာချက်

05/10/2018 09:54 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

၁။ ကုမ္ပဏီအချို့မှ ငွေချေးငှားခွင့် လိုင်စင်ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ.) မိတ္တူရယူပြီး (၁၀) ဧကလျှင် ငွေ ၅ သိန်း၊ ၁၀ သိန်းချေးပေးမည်ဆိုကာ ဝန်ဆောင်ခ () ဧက ကျပ် ၅၀၀၀၊ ၁၀၀၀၀၊ ကျပ်နူန်း ၁၅၀၀၀ နူန်းကောက်ခံနေကြောင်း သတင်းများရှိနေ၍ တောင်သူများ လိမ်ညာမှုမခံရစေရေး သတိပြုနိုင်ရန်နှင့် အဆိုပါ လိမ်ညာသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၁၆..၂၀၁၈ ရက်နေ့တွင် 'တောင်သူဦးကြီးများသို့ အသိပေး ကြေညာချက်' အား နိုင်ငံပိုင်သတင်းစာများမှနေ၍ အသိပေးကြေညာခဲ့ပါသည်။

 

၂။ သို့ရာတွင် ကုမ္ပဏီ အချို့အနေဖြင့် တောင်သူများအား မက်လုံးပေး၍ အယုံသွင်းလိမ်ညာမှုများ ပြုလုပ်ခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

 

(က) ရွှေသစ္စာမြေကုမ္ပဏီ - ပျဉ်းမနား၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မြောင်းမြ၊ ဝါးခယ်မ မြို့နယ်များ

 

() ဓနတိုးဝင်းအောင် ကုမ္ပဏီ - မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ဇေယျသီရိ၊ ကျောက်ဆည်မြို့နယ်များ။

 

()Genral Star ကုမ္ပဏီ - တောင်ငူ၊ ဝမ်းတွင်း၊ ရွာငံမြို့နယ်များ

 

() Phyo Thet Aung ကုမ္ပဏီ - မြစ်သားမြို့နယ်

 

၃။ အဆိုပါ ကုမ္ပဏီများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများ၊ လက်အောက်ခံဌာနများ ညှိနှိုင်း၍ တောင်သူများ၏ပူပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ရွှေသစ္စာမြေ ကုမ္ပဏီကို အမှုဖွင့်လှစ်တရားစွဲဆို ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

 

၄။ သို့ပါ၍ တောင်သူများ အနေဖြင့် ငွေရေး၊ ကြေးရေး အဖွဲ့အစည်းများ၊ ဥပဒေအရ ခွင့်ပြုချက် ငွေချေးလုပ်ကိုင်ခွင့်လိုင်စင်၊ ခွင့်ပြုချက်မရှိဘဲ လိမ်ညာလုပ်ကိုင်နေသူ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တချို့၏ အယုံသွင်း လိမ်ညာမျု မခံရစေရေး၊ သတိပြုရှောင်ရှားနိုင်ရန်နှင့် မိမိတို့ ရပ်ရွာ ဒေသအတွင်း အဆိုပါ အလိမ်အညာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ ဝင်ရောက်လာပါက ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အုပ်ချူပ်ရေးမှူးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာများ၊ ငွေရေးကြေးရေး စစ်ဆေးရေး ဦးစီးဌာန ဦးစီးမှူးများထံ ချက်ချင်းသတင်းပို့ခြင်း ငွေကြေးပေးအပ်ပြီးဖြစ်ပါက တရားစွဲဆိုခြင်း နည်းလမ်းများဖြင့် ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ကြပါရန် ထပ်မံအသိပေး ကြေညာအပ်ပါသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန

 

မြန်မာ့အလင်း သတင်းစာမှ

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်