ငရုတ်ကောင်းပင်ကို သစ်မာစိုက်ခင်းများဖြင့် ၂ သီးစားတွဲဖက်စိုက်ပျိုးပါက အကျိုးထူးနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုသည်။
"အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ သစ်မာစိုက်ခင်းတွေ အများကြီးရှိနေတယ်။ ဒီလို သစ်မာစိုက်ခင်းတွေမှာ ငရုတ်ကောင်းပင်ကို တွယ်ကပ်ပင်အဖြစ် စိုက်ပျိုးကြမယ်ဆိုရင် နှစ်သီးစားလို့ရမယ့်အပြင် ပထမတန်းစား စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်သွားမယ်။ ငရုတ်ကောင်းပင်ကို ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ယမနေပင်၊ မန်ဂျန်ရှားပင်တွေရဲ့ပင်စည်မှာ တွယ်ကပ်စိုက်ပျိုးလို့ရတယ်။ သစ်မာစိုက်ခင်းကနေ သစ်လုံးကြီးအရွယ်အထိ မကြီးထွားသေးခင် စောင့်ဆိုင်းနေချိန်မှာ ငရုတ်ကောင်းပင်ကနေတဆင့် ဝင်ငွေရနိုင်ပြီ၊ သစ်မာစိုက်ခင်းက ခုတ်ရောင်းလို့ရတဲ့ အချိန်မှာတော့ ငရုတ်ကောင်းပင်ကလည်း သူ့သက်တမ်းအလိုက် ရသင့်ရထိုက်တဲ့ ဝင်ငွေတွေ ရှာပေးပြီးဖြစ်နေပြီ။ တွဲဖက်စိုက်ပျိုးမယ်ဆိုရင် အင်မတန် အကျိုးထူးမယ်လို့မြင်ပါတယ်။"
ဟု KKO-Pepper ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။
ပြည်ပမှ ငရုတ်ကောင်း Import တင်သွင်းနေမှုများကို လျော့နည်းစေရန် ပြည်တွင်း၌ ငရုတ်ကောင်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း သိရသည်။
"ငရုတ်ကောင်းလိုအပ်ချက်ကို ပြည့်မီဖို့နဲ့ ပြည်ပ သွင်းနေတာတွေ နည်းသွားစေဖို့ ဘယ်လိုလုပ်သင့်လဲဆိုတော့ တောင်သူတွေအနေနဲ့ ငရုတ်ကောင်းစိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးသင့်တယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာသာ အလုံအလောက် ထွက်နေတယ်ဆိုရင် အပြင်က ဝင်နေတာတွေ လျော့နည်းသွားမယ်လို့ မြင်တယ်။ ငရုတ်ကောင်းပင်က ရေကြိုက်တယ်၊ သို့သော် အပင်ခြေမှာ ရေဝပ်သွားတာတော့ မကြိုက်ဘူး။ ဒါလေးကိုတော့ သတိပြုစိုက်ပျိုးတတ်ဖို့ လိုအပ်ပါတယ်။"
ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။
ငရုတ်ကောင်းပင်သည် ပူပြင်းခြောက်သွေ့ပြီး ရေရရှိရန် ခက်ခဲသည့် ဒေသတစ်ချို့မှလွဲ၍ ကျန်ဒေသများတွင် မည်သည်ဒေသတွင်မဆို စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် နှစ်ရှည်သီးနှံပင်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်