အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှု ဖိတ်ကြားလွှာ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှု ဖိတ်ကြားလွှာ

Green Way
Green Way • Greenovator • 30/05/2014
လာမဲ့ June 5 ကျရောက်မည့် "ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့"အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် စုပေါင်းအမှိုက်ကောက်သိမ်းကြမည်ဖြစ်ပါသဖြင့်

 

သဘာဝချစ်မြတ်နိုး ကြသောသူတိုင်းကို ဖိတ်ခေါ်ပါတယ်။
နေ့ရက်။       ။ ၈.၆.၂၀၁၄ ( Sunday)
အချိန်။         ။ မနက် ၈းဝဝနာရီ မှ ၁၁းဝဝနာရီအထိ
စုရပ်။          ။ Maharbandula park 
( စိတ်ပါဝင်စားသူများ June 4 ရက်နေ့နောက်ဆုံးထား စာရင်းပေးကြပါရန်)
 
World Environment Day Myanmar ၏ 

ရည်ရွယ်ချက်များ 
၁) ကျွန်ုပ်တို့၏သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ၏သယံဇာတများကို စနစ်တကျအသုံးပြု၍ ရေရှည်တည်တံ့ဖွံ့ဖြိုးစေလိုစိတ်တို့ကို ကိုယ်တိုင်နှင့်အများရှေ့တွင် ကာယခွန်အားနှင့်ချွေးတို့ကိုအသုံးပြု၍ သက်သေပြ နိုင်ရန်။
၂) ယင်းကဲ့သို့ လုပ်ဆောင်ရင်းအခြားသူများ၏ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးစိတ်၊ နိုင်ငံနှင့်နိုင်ငံသားတို့ပေါ် စေတနာထားရှိနိုင်မှုကို လှုံ့ဆော်မြှင့်တင်နိုင်ရန်။
၃) ဤသို့သောစုစည်းလှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏နေရာအနှံ့တွင်စနစ်တကျပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ၌ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှု (Sustainable Development) အား Rio သဘောတူချက်အတိုင်း ပီပီပြင်ပြင်ထည့်သွင်းရေးဆွဲဖော်ဆောင်လာနိုင်စေရန်။
၄) ကျွန်ုပ်တို့၏တစ်ဦးချင်းလုပ်ဆောင်ချက်သည် ကမ္ဘာနှင့်ချီသောသဘာဝပတ်ဝန်းကျင်နှင့် လူသားတို့ကို ထည့်သွင်းစဉ်းစားသည့်ဖွံ့ဖြိုးမှု (Sustainable Development) ကိုဖော်ဆောင်သောလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကိုနားလည်ခံယူ၍ ပိုမိုအားထုတ်လုပ်ဆောင်လာနိုင်စေရန်။

 
ငါတို့အတွက်နဲ့ ငါတို့ရဲ့နောင်မျိုးဆက်သစ်တွေအတွက် စုပေါင်းပရဟိတကိုဖော်ဆောင်ကြစို့......
 
ဆက်သွယ်ရန် ၀၉ ၃၁၁ ၀၈၁ ၀၇
                      ၀၉ ၂၅၄ ၀၂၀ ၆၅၀
You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။