မြန်မာ့ဆန်များ အဖျက်စီးခံရသော ကိစ္စရပ်သည် မြန်မာ့ဆန်အရည်အသွေးနှင့် သက်ဆိုင်မှုမရှိသလို Exporter ကုမ္ပဏီများတွင်လည်း တာဝန်မရှိ။

23/04/2019 14:39 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အိုင်ဗရီကို့စ်တွင် မြန်မာဆန်များ အဖျက်စီးခံရသော ကိစ္စရပ်သည် မြန်မာ့ဆန်အရည်အသွေးနှင့် သက်ဆိုင်မှုမရှိသလို Exporter ကုမ္ပဏီများအနေဖြင့်လည်း စာချုပ်ပါအချက်အလက်တိုင်း ဆောင်ရွက်ထားခြင်းဖြစ်၍ ယင်းကုမ္ပဏီများတွင်လည်း တာဝန်မရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်အပေါ် ဘက်ပေါင်းစုံ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းမီဒီယာ တွေ့ဆုံရှင်းလင်းပွဲဖိတ်ကြားခြင်း အိုင်ဗရီကို့စ်နိုင်ငံတွင် စားသုံးရန်မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာ တွေ့ရှိချက်များ၊ ဖြစ်စဉ်အကြောင်းတရားများအပေါ် သတင်းမီဒီယာ တွေ့ဆုံရှင်းလင်းပွဲကို ဧပြီလ ၂၂ ရက်က ကုန်သည်/ စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။

"မြန်မာဆန်ရဲ့ အရည်အသွေးနဲ့ အခုဖြစ်ပေါ်နေတဲ့ ကိစ္စရပ်က ဘာမှမဆိုင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ ကုန်သည်တွေ ဆန်ပြည်ပတင်ပို့တဲ့သူတွေ အားလုံးဟာ နိုင်ငံတကာ သတ် မှတ်ထားတဲ့ အရည်အသွေး၊ စံချိန်စံနှုန်းကို တတ်နိုင်သမျှ လိုက်လျော ညီထွေရှိအောင်၊ ကိုက်ညီမှုရှိအောင် ကြိုးစားပြီးတင်ပို့နေပါတယ်။ နောက်ပြီး ပြည်တွင်းက စားသုံးသူတွေအနေနဲ့ ဘာမှစိုးရိမ်စရာမရှိပါဘူး။" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ 

ယင်းဆန်များကို မြန်မာနိုင်ငံက ကုမ္ပဏီ(၃)ခုဖြစ်သည့် ရွှေဝါရောင်မှ မက်ထရစ် တန် ၁၃၅၀၀၊ MEC မှ မက်ထရစ်တန် ၈၀၀၀ နှင့် ဧရာဟင်္သာမှ မက်ထရစ်တန် ၅၀၀ ကို ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီဖြစ်သည့် Olam International Co,Ltd. က အာဖရိကတိုက်ရှိ Guinea တွင် ရောင်းချရန် ဝယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆန်များကို MV Ocean Prince သင်္ဘောနှင့် တင်ခဲ့ခြင်းဖြစ်ပြီး ယင်းသင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းကို  ၂၀၁၈ခုနှစ်၊ သြဂုတ်လအကုန်က ရောက်လာခဲ့ကာ မိုးရွာနေသောကြောင့် ဆန်တင်သည့်ကာလ (၂)လခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

"ဒီဖြစ်စဉ်ကိုလည်း အဖြေရှာနေပါတယ်။ သင်္ဘောတင်စဉ်မှာ မိုးမိတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကနေပြီးတော့ ဆန်တန်ချိန် ၂၂၀၀၀ တင်သလို အိန္ဒိယကလည်း တန် ချိန် ၁၄၀၀၀ ဝင်ရောက်တင်သေး ပါတယ်။ ဒါ့အပြင် သင်္ဘောကလည်း ကြံ့ခိုင်မှုမရှိပါဘူး။ ဘက်ပေါင်းစုံကနေ စုံစမ်းနေပါတယ်။ မြန်မာနိုင်ငံက ဆန်တင်ပို့တဲ့ exporter တွေကတော့ သင်္ဘောပေါ်မှာ တင်ပြီးတဲ့အချိန်မှာ FOB စနစ်ဖြစ်တဲ့အတွက် သူတို့ရဲ့ အရောင်းအဝယ်စာချုပ်အရ တာဝန်ပြီးသွားပါပြီ။ ကျန်တာက ကုန်ဝယ်ယူသူဖြစ်တဲ့ Olam ကနေ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ Olam ကလည်း ဒီကိစ္စကို စုံစမ်းနေပါတယ်။" ဟု ဦးရဲမင်းအောင်က ပြောသည်။ 

ယင်းသင်္ဘောသည် မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်၍ ရန်ကုန်မြို့မှတဆင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထွက်ခွာခဲ့ပြီး ယင်းကြားထဲတွင် အိန္ဒိယ၌ တန်ချိန်(၁၄၀၀၀) ဝင်တင်သောကြောင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယဆိပ်ကမ်းက ထွက်ခွာခဲ့၍ ဂီနီနိုင်ငံက Conakry  ဆိပ်ကမ်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလအကုန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အာဖရိကသို့ သင်္ဘောဖြင့် ဆန်တင်ပို့ရာတွင် ပုံမှန်အားဖြင့် ရက်ပေါင်း ၃၀ သို့မဟုတ် ၄၅ ရက်သာ ကြာမြင့်သော်လည်း ယခုအခါ Olam International Co,Ltd မှ ဌားရမ်းထားသော သင်္ဘောသည် မြန်မာနိုင်ငံမှဆန်ကို တိုက်ရိုက်တင်ဆောင်သွားခြင်းမဟုတ်ဘဲ အခြားအာဖရိကနိုင်ငံများတွင်လည်း ဆန်လှည့်လည်ရောင်းချမှုကြောင့် သင်္ဘောပေါ်၌ အချိန် ၉ လဝန်းကျင် ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

"ဒီကိစ္စကို Buyer တွေကလည်း သိတယ်။ အဲ့နောက်ပိုင်းမှာ ကျွန်တော် ကုမ္ပဏီအနေနဲ့ တင်ပြီးတာ သင်္ဘော ၁၇ စီးရှိတယ်။ နောက် ထပ်လည်း မေ၊ ဇွန်မှာ တင်ရမှာ တန်ချိန် တစ်သိန်းကျော်ရှိတယ်။ သူတို့က ဆက်ဝယ်နေပါတယ်။ နောက်ထပ်လည်း ဝယ်ယူဖို့ အများကြီးရှိပါတယ်။" ဟု  ရွှေဝါရောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလူမော်မြင့်မောင်က ပြောသည်။ 

ထို့အပြင် ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောပေါ်သို့ ဆန်တင်ဆောင်နေချိန်တွင် မိုးရွာသွန်းမှုကြောင့် မိုးအနည်းငယ်မိခြင်းကို သင်္ဘောကပ္ပတိန်မှ လက်ခံကြောင်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရွှေဝါရောင်ကုမ္ပဏီမှ သိရသည်။ 

အိုင်ဗရီကို့စ်တွင် အဖျက်စီးခံရသော မြန်မာဆန်များ နှင့်ပတ်သက်၍ သမားရိုးကျဟုတ်၊ မဟုတ်ကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။

"တကယ်ဆို ဒီသင်္ဘောပေါ်ကဆန်တွေ စားသုံးရန် မသင့်ဘူးဆိုရင် ဖျက်ဆီးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက သင်္ဘောတင်ပေးလိုက်တဲ့ ကုမ္ပဏီတွေ အစိုးရနဲ့ သံရုံးတွေကို အကြောင်းကြားပြီးမှ ဒီဆန်တွေကို ဖျက်ဆီးရမှာပါ။ သို့သော်လည်း ဒီလိုဖျက်ဆီးတဲ့ အအခြေနေဟာ သမာရိုးကျဟုတ်ရဲ့လားဆိုတာကို စုံစမ်းပြီး ပြန်လည်ဖော်ထုတ်သွားဖို့ရှိပါတယ်။ ဒီဆန်တွေနဲ့ ပတ်သက်ပြီး ဖျက်ဆီးတဲ့အခါမှာလဲ BOA သတင်းတွေရော BBC သတင်းတွေမှာ တက်လာတာပါ။ ဒီလိုလုပ်တဲ့ချက်အနေနဲ့က မိမိတို့ အကျိုးစီးပွားအတွက် လုပ်တယ်ဆိုပေမယ့် ကျွန်တော်တို့ မြန်မာ့ဆန် နာမည်ပျက်စေခဲ့တာဖြစ်ပါတယ်။" ဟု ဦးအောင်သန်းဦးက ပြောသည်။

ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)၊ ဆန်တင်ပို့သူများ ၊ inspection agency များစသော သက်ဆိုင်သူများ ပါဝင်သည့်  အစည်းအဝေးတစ်ခုကိုလည်း ဧပြီလ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်မှ  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၂ သန်းကျော်အထိ တင်ပို့ထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်တင်ပို့မှု ပမာဏစုစုပေါင်း၏ (၅၀) ရာခိုင်နှုန်းကို အာဖရိကနိုင်ငံများသို့ တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ၂၅ မှတ် ဆန်နှင့် ၁၅ မှတ်ဆန်များကို အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်