စိုက်ပျိုးရေးဘွဲ့ရ လူငယ်များ (Dip. Ag, B. Ag, M. Sc. Agri) အလိုရှိသည်။

07/03/2015 11:32 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
Arysta LifeScience Company သည် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ပစ္စည်းများ ထုတ်လုပ်ရောင်းချသော အမေရိကန် ကုမ္ပဏီဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ကုမ္ပဏီရုံးခွဲများ ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ အပါအဝင်ဖြစ်ပါသည်။
ကုမ္ပဏီ၏ အဓိက ရည်ရွယ်ချက်မှာ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများမှ ထုတ်လုပ်သော အရည်သွေးမြင့်သော စိုက်ပျိုးရေးသုံးဆေးများ ရောင်းချခြင်းဖြစ်ပါသည်။
မြန်မာအရစ္စတာ လိုက်ဖ်ဆိုင်းယင့်စ် ကုမ္ပဏီမှ ပြည်တွင်းတွင် တာဝန်ထမ်းဆောင်ရန် သွက်လက်ဖြတ်လတ်သော အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။
1. Market Development Staff 20 Heads (Males)
2. Sale Staffs 5 Heads (Males)
3. Research and Regulation 2 Heads (Male or Female)

အခွင့်အလန်း
၁. International Company
၂. မိမိစွမ်းရည်ရှိသလောက် တိုးတက်နိုင်သည်။ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်နိုင်သည်။
၃. နှစ်စဉ် လစာတိုးမြှင့်ခြင်း၊ Achievement အရ Bonus ရရှိခြင်း

လိုအပ်ချက်
၁- အသက် (၂၀ မှ ၄၀) အတွင်း
၂- လျှောက်လွှာနှင့် CV ကို [email protected] သို့ဖြစ်စေ၊ အမှတ် (၉၅) ပဒုမ္မာလမ်း၊ ဒဂုံမြို့နယ်သို့ဖြစ်စေ ဆက်သွယ်လျှောက်ထားရန်၊ (ဖုန်း ၀၁ ၂၅၆ ၁၉၃၊
၀၁ ၃၉၅ ၂၂၆၊ ၀၁ ၃၉၅ ၃၆၀ သို့ဆက်သွယ်ပါရန်)
၂- လျှောက်လွှာပိတ်ရက် (၂၅-၃-၂၀၁၅)
၃- (ဧပြီလ ပထမပတ်)တွင် Short List ကြေငြာပြီး လူတွေ့ စစ်ဆေးမည်။
အေးဆွေ
မန်နေဂျာ
Market Development Section

 

 

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်