ကောက်ရိုးမှိုကို ငှက်ပျောရွက်ခြောက်ဖြင့်စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် ayethandasoe ayethandasoe မှ ရေးသား

၁။ အရည်အသွေးပြည့်မှီသောကုန်ကြမ်းများ ရွေးချယ်ခြင်း- ငှက်ပျောပင်ပေါ်တွင် တွဲလောင်းကျ ခြောက်သွေ့နေသော ငှက်ပျော ရွက်ခြောက်များကို အပင်မှ ဖြတ်ယူပြီး စုဆောင်းပါ။

၂။ ကုန်ကြမ်းများကို သန့်ရှင်းသောရေတွင် စိမ်ပါ- ငှက်ပျောရွက်ခြောက်များကို သန့်ရှင်းသောရေဖြင့် ၁၀-၁၂ နာရီ သို့ တစ်ညရေစိမ်ပါ။ သန့်ရှင်းသောရေဆိုရာတွင် တွင်းရေချောင်းရေ အဝီစိရေ တို့ကို ဆိုလိုသည်။ ရေစိမ်သည့်အခါ ကုန်ကြမ်း အားလုံး နှံ့စပ်စွာရေနှင့် ထိရမည်။ ကုန်ကြမ်းများ သတ်မှတ် အချိန်ပြည့်အောင် ရေစိမ်ခြင်းသည် စိုက်ပျိုးထွက်ရှိလိုသော မှိုထွက်ရှိရန် အတွက် အရေးကြီးသည်။ ရေစိမ်သည့် အချိန် မလွန်သွားစေရန် သတိပြုရမည်။ (ပုံ- ၂)

၃။ ရေစိမ်ပြီးထားသော ကုန်ကြမ်းများကို ရေထဲမှ ဆယ်ယူရေစစ်ထားပါ- ရေစိမ်ထားသော ကုန်ကြမ်းများကို မစိုက်ပျိုးခင် ကြိုတင်၍ ကုန်ကြမ်းအတွင်း ရေအလွန်အကျွံ ရှိမနေစေရန် ရေစစ်ထားရမည်။ (ပုံ- ၃)

၄။ ကုန်ကြမ်းများကို ပြင်ဆင်ခြင်း- ငှက်ပျောရွက်ခြောက်များကို ၄-၅လက်မအချင်းရအောင် အရှည်လိုက် လိမ်ပါ။ ပြီးရင် ၁၄လက်မ အရွယ် ပိုင်းဖြတ်ပါ။ (ပုံ- ၄)

။ ကုန်ကြမ်းများဖြင့် စိုက်ဘောင်ဖော်ခြင်း- ဖြတ်ပိုင်းထားသော ၁၄ လက်မအရွယ် ဖြတ်ပိုင်းထားသော ရေစိမ်ပြီး ငှက်ပျောရွက်ခြောက်များကို ဘောင်ပုံစံ အလွှာဖြစ်အောင် ပုံပါအတိုင်း စီထပ်ပါ။ စီထပ်ချိန်မှာ အလွှာထပ်နေစေရန် ဖိသိပ်ပေးရမည်။ (ပုံ- ၅)

၆။ ဘောင်၏ ဘေးတဖက် တချက်တွင် ဝါး သို့ သစ်သားချောင်းဖိတင်ခြင်း- ဘောင်ပြုလုပ်သည့်အခါ အလွှာထပ် (၆ထပ်ထက်ပို၍) ၊ အရှည် ( ၁၆ ပေ ထက်ပို၍) ပြုလုပ်သည့်အခါ ဝါး (သို့) သစ်သားချောင်းကို ဘောင်အစွန်းမှ တဖက်ဘောင်အစွန်းဖိ တမီတာကွာပြီး တင်ပါ။ ပြုလုပ်ထား မှိုစိုက်ဘောင် ခိုင်ခံစေရန်နှင့် ပုံစံပျက် ပြိုကျခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ (ပုံ-၆)

၇။ ဖြည့်စွက်စာထည့်သွင်းခြင်း- ယူရီးယားမြေဩဇာ သို့ နွားချေး၊ စသည်ဖြင့် သုံးစွဲနိုင်သည်။ ထည့်သွင်းရာတွင် ဘောင်ဘေး (၂) လက်မ အစွန်းများတွင် ထည့်ရမည် (မှတ်ချက်။ ၄ မီတာ အရှည် ၊အလွှာ၅ လွှာထပ်သောဘောင် အတွက် ယူရီယား(၁/၂ )ကီလို ( ၁ ကီလို- ၆၀ ကျပ်သား) (သို့) နွားချေးလွှာ (၂တင်း)နှုန်း ) (ပုံ-၇)

၈။ မှိုမျိုးထည့်ခြင်း- ပထမအလွှာ ဖြည့်စွက်စာထည့်ပြီးသော မှိုစိုက်ဘောင်ပေါ်တွင် မှိုမျိုးများကို တစ်လက်မ အရွယ်ဖဲ့ပြီး ဖြည့်စွက်စာ ခင်းထားသော နေရာပေါ်တွင် ၃-၄ လက်မခြား မှိုမျိုးများကိုချပါ။ မှိုဘောင်ဘေး အစွန်းများမှ ၂လက်မ အကွာတွင် မှိုမျိုးများရှိမည်။ (ပုံ- ၈)

၉။ မှိုစိုက်ဘောင်ပြီးဆုံးသည်အထိပြုလုပ်ခြင်း- မှိုစိုက်ပျိုးခြင်း ပထမအလွှာကဲ့သို့ ၂ လွှာမြောက်၊ ၃ လွှာမြောက် အလွှာထပ်များ ပြုလုပ်ပါ။ နွေတွင် ၃-၄ လွှာ၊ မိုး နဲ့ ဆောင်းတွင် ၆ လွှာအထက် ပြုလုပ်ပါ။ (ပုံ-၉)

၁၀။ မှိုစိုက်ဘောင်အား ပလပ်စတစ်ဖြင့် အုပ်ခြင်း- စိုက်ပျိုးပြီး မှိုစိုက်ဘောင်အား ပလပ်စတစ်ဖြင့် အုပ်ပါ။(ပုံ- ၁၀)

၁၁။ ပြုစုထိန်သိမ်းခြင်း- ပလပ်စတစ်ဖြင့် စိုက်ဘောင်အား စိုက်ပျိုးထားသည့်မှိုမျှင်ပွားရန် လိုအပ်သောအပူချိန်ရရန် အုပ်ထားရမည်။ စိုက်ပျိုးပြီးသည့်ရက်မှစ၍ ၅-၇ ရက်မြောက်နေ့ရောက်သည်အထိ (သို့) ရာသီဥတုအခြေအနေပေါ်မူတည်၍ စိုက်ဘောင်အတွင်း မှိုမျှင်ဖြစ်လာချိန်အထိ ရေမလောင်းရပါ။ စိုက်ပျိုးပြီးသည်မှ ၄/၅/၆ ရက်မြောက်နေ့များတွင် အုပ်ထားသော ပလပ်စတစ်ကို ဖယ်၍ တရက်တစ်ကြိမ်ချွေးလှပ်ပေးပါ။ (ပုံ- ၁၁)

၁၂။ စိုက်ဘောင် ရေလောင်းခြင်း- ၇ ရက်မြောက်နေ့တွင် စိုက်ဘောင်၌ မှိုဥလေးများ ပင်အပ်ခေါင်း အရွယ်သို့ဖြစ်နေပါက စိုက်ဘောင်ကို ရေမလောင်းရပါ၊ မှိုဥလေးများ ပြောင်းဖူးစေ့လုံး အရွယ်ဖြစ်ချိန် စိုက်ဘောင်အတွင်းခြောက်သွေ့နေမှ ရေလောင်းရမည်။ စိုက်ဘောင်ခြောက်သွေ့မှုကို ဘောင်အစွန်းရှိ အရွက်များ အနည်းငယ် ညှစ်ကြည့်ပါက ရေမထွက်လျှင်ရေလောင်းရန် လိုအပ်ပါသည်။ လိုအပ်၍ ရေလောင်းမည်ဆိုပါက ရေမှုန်ရေမွှားသာ လောင်းရမည်။ (ပုံ- ၁၂)

၁၃။ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်း- မှိုဥများ ဆက်လက်ကြီးထွားရန် လေဝင်လေထွက်ကောင်းမွန်ဖို့လိုပါသည်။ ရာသီဥတု ပတ်ဝန်းကျင် အခြေနေပေါ်မူတည်ပြီး မနက်ခင်းတိုင်း ပလပ်စတစ်ကို နာရီဝက် မှတစ်နာရီခန့်ထိ ဖွင့်ထားပေးပြီး ပြန်အုပ်ရမည်။ (ပုံ- ၁၃)

၁၄။ မှိုခူးဆွတ်ခြင်း

ပုံမှန် အခြေအနေတွင် စိုက်ပျိုးပြီးသည်မှ (၁၀-၁၄) ရက်မြောက်နေ့များတွင် မှိုဥများ မပွင့်မှီ မှိုများကို ခူးဆွတ်နိုင်သည်။ မှိုခူးသည့်အခါ အုံလိုက် လှည့်ပြီး ခူးရမည်။ လက်တဖက်မှာ မှိုစိုက်ပုံကို ဖိထားရမည်။ မှိုအထွက်မှာ ပထမဦးဆုံး ခူးချိန်တွင် အထွက် အများဆုံး ဖြစ်ပြီး နောက်ထပ် နှစ်ကြိမ် ထပ်မံထွက်ရှိနိုင်ပါသည်။

မှိုစိုက်ပျိုးခြင်းသည် ယခုအခါ တစ်နိုင်တစ်ပိုင်မှ စီးပွားရေး တွက်ခြေကိုက်ရန် ရည်ရွယ် စိုက်ပျိုးလာကြပါသည်။ ကောက်ရိုးမှိုသည် လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြသော သီးနှံ တစ်မျိုးဖြစ်သည့်အပြင် မှိုမျိုးရှိပါက ရက်ပိုင်းအတွင်း စိုက်ပျိုး ထွက်ရှိလာမည့် ဈေးကောင်းရရှိစေသော သီးနှံတစ်မျိုး ဖြစ်ပါသည်။

စိုက်ပျိုးမည့် ကုန်ကြမ်းရွေးချယ်ရာတွင် မိမိနေရပ်မှ စွန့်ပစ်ထားရသော ပေါများလွန်းသည့် လယ်ယာမြေ စွန့်ပစ် ပစ္စည်းများကို အသုံးပြု စိုက်ပျိုးခြင်းမှ တွက်ခြေ ကိုက်စေသည့် သီးနှံဖြစ်ပါသည်။ ကျေးလက်တောရွာများတွင် လယ်ယာမြေစွန့်ပစ် ပစ္စည်းမျိုးစုံ ရှိပါသည်။ မီးရှို့ခြင်းထက် ထွက်ကုန်တစ်ခု ရရှိနိုင်ကြောင်းနှင့် အာဟာရ ပြည့်ဝသော ဟင်းတစ်ခွက်ကို ဖန်းတီးနိုင်စေရန် ရည်ရွယ်ပါသည်။

ကောက်ရိုးမှို စိုက်ပျိုးပြီးပါက မြေဆွေးပုံအဖြစ် အရိပ်တစ်နေရာတွင် စုပုံထားရှိ အုပ်ထား၍ ကောင်းစွာဆွေးမြေ့စေရန် ပြုလုပ်ခြင်းဖြင့် မြေဆွေးပုံများ ရရှိမည်ဖြစ်ပါသည်။

အေးသန္တာစိုး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်