အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Covid ရိုက်ခတ်မှုကြောင့် ဥယျာဉ်ခြံများတွင် လုပ်သားအင်အားလိုအပ်ချက်ကို ဖြည့်ဆည်းလာနိုင်သော အခွင့်အရေးများလည်းရှိလာ

Covid ရိုက်ခတ်မှုကြောင့် ဥယျာဉ်ခြံများတွင် လုပ်သားအင်အားလိုအပ်ချက်ကို ဖြည့်ဆည်းလာနိုင်သော အခွင့်အရေးများလည်းရှိလာ

    မြန်မာပြည်တွင် လုပ်သားအင်အားရှားပါးလာမှုကို အဓိကကြုံတွေ့ရသော ဥယျာဉ်ခြံလုပ်ငန်းများတွင် ယခု covid ရိုက်ခတ်မှုများကြောင့် လုပ်သားအင်အားကို လိုအပ်ချိန်တိုင်း ဖြည့်ဆည်းလာနိုင်သည်။ 

ခြံမှာ ရာသီပေါ်သီးနှံ၊ နှစ်ရှည်ခံအပင်တွေနဲ့ သီးနှံမျိုးစုံစိုက်ဖို့ အစီအစဉ်ရေးဆွဲထားပေမဲ့ တကယ်အကောင်အထည်ဖော်ဖို့ကျတော့ လုပ်သားအင်အားက အတော်ရှားတယ်။ စိုက်ဖို့ မြေနေရာတွေ သွင်းအားစုတွေ အဆင်သင့်ရှိနေရင်တောင် အလုပ်သမားမရတာနဲ့ မလုပ်ဖြစ်တာတွေများတယ်။ လုပ်ဖြစ်ခဲ့ရင်တောင် ပြုစုဖို့၊ ပေါင်းမြက်ရှင်းဖို့နဲ့ တခြားလုပ်စရာတွေအတွက် အလုပ်သမားငှါးမရတာနဲ့ မဖြစ်ထွန်းဘူး။ ဥယျာဉ်ခြံလုပ်ငန်းဆိုတာကလည်း အလုပ်သမားက တစ်နှစ်ပတ်လုံး လိုအပ်နေတာဆိုတော့ လုပ်သားအင်အားရှားပါးမှုက အတော်ထိခိုက်စေခဲ့တယ်။

ဟု ပြင်ဦးလွင်မြို့နယ်တွင်းရှိ ဥယျာဉ်ခြံတစ်ခုမှ ခြံတာဝန်ခံ ကိုထင်လင်းမောင် က ပြောသည်။ 

    နိုင်ငံရပ်ခြားသို့ ထွက်ခွာ၍ အလုပ်လုပ်သူများ၊ နယ်ဘက်သို့ထွက်ခွာ အလုပ်လုပ်သူများ၊ ကျောက်စိမ်း၊ခဲ စသောတွင်းထွက်များ သွားရောက်လုပ်ကိုင်သူများ များပြားလာ၍ ပြည်တွင်းရှိ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားအင်အားရှားပါလာသည်။ ၎င်းသည် အထူးသဖြင့် လုပ်သားအင်အား တစ်နှစ်ပတ်လုံးလိုသော ဥယျာဉ်ခြံများတွင် ပို၍ ထိခိုက်နစ်နာမှုများ ရှိလာသည်။  

ခြံနားဝန်းကျင်ကျေးရွာက လူတွေရော ပြင်ဦးလွင်မြို့နယ်က လူအများစုရော နယ်ဘက်ထွက်လုပ်တာတို့၊ နိုင်ငံခြားထွက်လုပ်တာတို့ပဲများလာတော့ လုပ်သားအင်အားရှာရတာ အတော်ခက်တယ်။ ခုတော့ covid 19 ရောဂါစဖြစ်လည်းက နယ်ဘက်တို့ နိုင်ငံခြားတို့ထွက်လုပ်တဲ့သူတွေ တဖြည်းဖြည်း အကုန်နီးပါး ပြန်လာကြတယ်လေ။ အဲ့ကတည်းက ခြံနားဝန်းကျင်ကသူတွေက အလုပ်ခေါ်ပေးဖို့လာပြောကြတယ်။ သူတို့လည်း ခုလိုချိန် အလုပ်လိုအပ်နေသလို ကျွန်တော်တို့လည်း လိုအပ်နေတဲ့လုပ်သားအင်အားကို ဖြည့်ဆည်းနိုင်လာတယ်။ ခု ရာသီပေါ်သီးနှံတွေရော၊ နှစ်ရှည်ခံပင်တွေရော တိုးချဲ့စိုက်လာနိုင်တယ်။ ခုတလော လုပ်သားအင်အားက လိုအပ်တဲ့ချိန် လိုအပ်သလောက် ရေနေတော့ ပိုက်ဆံသုံးနိုင်ရင် နောက်ဆံတင်းစရာမလိုတော့ဘူး။ လုပ်ချင်တာကို ချက်ချင်းကောက်လုပ်နိုင်တယ်။ covid ရိုက်ခတ်မှုထဲက ရှားရှားပါးပါး ကောင်းကျိုးလို့ပဲ ပြောရမယ်။

ဟု ခြံတာဝန်ခံ ကိုထင်လင်းမောင်မှ ဆက်လက်ပြောသည်။ 

    Covid ကပ်ရောဂါရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတော်များများ ထိခိုက်လာမှုတွင် စိုက်ပျိုးရေးကဏ္ဍသည်လည်း ဆိုးရွာစွာထိခိုက်မှုရှိသော အခြေအနေတစ်ရပ်အဖြစ်ပါဝင်သည်။ ထိုသို့သော အခြေအနေများမှ လုပ်သားအင်အားလိုအပ်မှုကို ဖြည့်ဆည်းလာနိုင်သော အခွင့်အရေးသည် အဆိုးထဲမှအကောင်းတစ်ခုဟုပင် ဆိုရမည်ဖြစ်သည်။

သိင်္ဂီလှိုင် (B.Agr.Sc)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။