ဈေးကွက်လိုလားမှုအားနည်းသဖြင့် မုန်လာဥဖြူစိုက်ပျိုးရေး မတွင်ကျယ်ခြင်းဖြစ်

26/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဈေးကွက်လိုလားမှုအားနည်းသဖြင့် မုန်လာဥဖြူစိုက်ပျိုးရေး မတွင်ကျယ်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသည့် တောင်သူများထံမှ သိရသည်။

ကျွန်တော်က မုန်လာဥဖြူပင်ကို ၂၀၁၂ ခုနှစ်ကတည်းက စတင်စိုက်ပျိုးခဲ့ပါတယ်။ မုန်လာဥဖြူက ဟင်းသီးဟင်းရွက်သီးနှံများထဲမှာ ရက်တိုသီးနှံဖြစ်တာကြောင့် ဝင်ငွေလည်းအရမြန်ပြီး စားဝတ်နေရေးအတွက် အထောက်အကူပြုတဲ့ သီးနှံတစ်ခုဖြစ်လို့ပါ။ အခက်အခဲကတော့ Market (ဈေးကွက်) မရှိတဲ့အတွက် သီးနှံတစ်ခုတည်းကို ကျယ်ကျယ်ပြန့်ပြန့် အားထားပြီး စိုက်လို့မရပါဘူး။ ဒါ့ကြောင့်လည်း ဟင်းသီးဟင်းရွက်တွေကိုပါ နည်းနည်းစီ အစုံစိုက်ပျိုးနေရပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သာစည်ကျေးရွာမှ မုန်လာဉဖြူပင်စိုက်ပျိုးသူ ကိုဗိုလ်သူ က ပြောသည်။

    မုန်လာဥဖြူကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး၊ ၎င်းသည် မြေဆီမြေနှစ် အသင့်အတင့်ရှိသောမြေနှင့် ရေသွင်းရေထုတ်ကောင်းမွန်သော မြေ၊ နေရောင်ခြည်ရရှိမည့်နေရာမျိုးနှင့် ထယ်ရေးညက်သော မြေအမျိုးအစားများကို ကြိုက်နှစ်သက်သည့် အပင်အမျိုးအစားဖြစ်သည်။

ကျွန်တော်တို့ စျေးကွက်မှာတော့ မုန်လာဥဖြူ တစ်ဥကို (၅၀) ကျပ်နှုန်း ရောင်းရပါတယ်။ မင်းဘူးစျေးသွား ကုန်သည်ဆီကိုအပ်တာပါ။ (၀.၂၅) ဧကဆိုလျှင် (၁၃,၀၀၀ မှ ၁၅,၀၀၀) အထိထွက်ပါတယ်။ သွင်းအားစုစရိတ်ကတော့ (၀.၂၅) ဧကအတွက်ကို (၁၅၀,၀၀၀) ကျပ် ကုန်ကျပါတယ်။

ဟု ကိုဗိုလ်သူ က ဆက်လက်ပြောသည်။

    မုန်လာဥဖြူ သက်ငယ်မျိုးကိုစိုက်ပျိုးပါက စိုက်သက်တမ်း (၃၅) ရက်မှ (၄၀) ရက်သား ဝန်းကျင်တွင် နှုတ်ယူနိုင်ပြီး၊ မုန်လာဥဖြူ သက်ကြီးမျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၅၅) ရက်သားတွင် နှုတ်ယူရောင်းချနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်