သနပ်ခါးပင်ကို မူလစိုက်ပျိုးထုတ်လုပ်နေသူများမှအပ အသစ်ထပ်မံစိုက်ပျိုးသူ မရှိသလောက်ရှားပါးလာ

16/09/2020 14:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးပင်ကို မူလစိုက်ပျိုးထုတ်လုပ်နေသူများမှအပ စိုက်ခြံအသစ်ဖြင့် ထပ်မံစိုက်ပျိုးသူမှာ မရှိသလောက် ရှားပါးလာကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

သနပ်ခါးပင် နောက်ထပ်အသစ်စိုက်ပျိုးတဲ့သူ အတော်လေးကိုနည်းသွားပြီ။ ရှိပြီးသားခြံတွေကို ပြုပြင် ထိန်းသိမ်းစရိတ်တွေ၊ အလုပ်သမားခ၊ သွင်းအားစုစရိတ်တွေများလာတော့ ဈေးကွက်အနေအထားအရ မကိုက်တာကြောင့် အလွယ်တကူငွေပေါ်တဲ့အလုပ်တွေပဲ လုပ်လာကြတာပေါ့။ ကုန်ကျထားတာနဲ့ ဈေးကွက်နဲ့က မမျှဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် စိုက်ပျိုးထုတ်လုပ်သူတွေ နည်းပါးလာပြီး မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှု အမွေအနှစ်လေး ပျောက်သွားမှာ စိုးရတယ်။

ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောသည်။

    ပြည်ပနိုင်ငံများမှ ဝင်ရောက်နေသည့် သနပ်ခါးပါဝင်သည်ဟု အမည်တပ်ထားသည့် ထုတ်ကုန်များ ပြည်တွင်းဈေးကွက်သို့ နည်းလမ်းအမျိုးမျိုး၊ ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်နေခြင်းသည်လည်း တောင်သူများ စိတ်ဓာတ်ကျရသည့် အကြောင်းအရင်းတစ်ခုဖြစ်နေသည်။

သနပ်ခါးတစ်ပင်မှမစိုက်ထားတဲ့ ပြည်ပနိုင်ငံတွေကနေ သနပ်ခါးစိုက်ပျိုးနေတဲ့ မြန်မာနိုင်ငံကို သနပ်ခါးထုတ်ကုန်တွေ ပြန်သွင်းနေတာက သဘာဝမကျဘူးလေ။ ပြည်တွင်းက တကယ်စိုက်ပျိုးနေသူတွေကို စော်ကားသလို ဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် ကာကွယ်ဖို့လိုတယ်။ ဘာစစ်ဆေးမှုမှ ကြပ်ကြပ်မတ်မတ်မလုပ်ထားဘဲ သနပ်ခါးနာမည်ပါတိုင်းသာ တခြားတိုင်းပြည်ကဟာတွေ တင်သွင်းခံ အရောင်းခံနေကြမယ်ဆိုရင် ကျွန်တော်တို့ပြည်တွင်းက သနပ်ခါးစိုက်တောင်သူတွေလည်း စိတ်ဓာတ်ကျလာတယ်။ ဘယ်သူမှ ရေရှည် မစိုက်ပျိုးချင်ကြတော့ဘူးလေ။

ဟု ဦးကျော်မိုးက ဆက်လက်ပြောသည်။

    အဆိုပါဖြစ်စဉ်များကို စနစ်တကျကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ သနပ်ခါးဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးအဖွဲ့  ဖွဲ့စည်းနိုင်ရန် တင်ပြမှုများပြုလုပ်ထားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်