မွေးမြူတောင်သူတွေအတွက် အခွင့်အရေးကြီးတစ်ခုကို ယူဆောင်လာပါပြီ..
အဲ့တာကတော့ ၂၀၂၄ ခုနှစ်အတွင်း
မွေးမြူရေးကဏ္ဍမှာ ဖြစ်ပေါ်ခဲ့တဲ့ သွင်းအားစု ရရှိမှု၊
ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေကို ခြုံငုံပြီး ဆွေးနွေးပေးမယ့် အစိမ်းရောင်လမ်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာခိုင်ကြည်သစ် (ဒေါက်တာသက်ခိုင် - တိရစ္ဆာန်ဆေးကုဆရာဝန်) ရဲ့ အွန်လိုင်းစကားဝိုင်းပဲ ဖြစ်ပါတယ်။
ဒီစကားဝိုင်းမှာဆိုရင် ပြီးခဲ့တဲ့နှစ်ရဲ့ ဖြစ်ပေါ်ခဲ့မှုတွေအပေါ်အခြေခံပြီး လာမယ့်နှစ်တွေမှာ ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတဲ့ အကြောင်းအရာတွေကို အကြံပြုဆွေးနွေးမှာ ဖြစ်ပါတယ်။
မွေးမြူရေးကဏ္ဍတစ်ခုလုံးအပေါ် ဒေါက်တာသက်ခိုင်ရဲ့အမြင်ကို ခြုံငုံဆွေးနွေးနားထောင်ခြင်းအားဖြင့်
မွေးမြူသူတွေ၊ မွေးမြူရေးစတင်လုပ်ကိုင်လိုသူတွေအတွက် စဉ်းစားစရာတွေ ရသွားမှာ ဖြစ်သလို မူဝါဒချမှတ်သူတွေနဲ့ သုတေသနသမားတွေအတွက်လည်း ပြန်သုံးသပ်စရာ ရသွားမယ်လို့ ယူဆတာမို့
သင်ဟာ မွေးမြူရေးကဏ္ဍကို စိတ်ဝင်စားတယ် ကိုယ်တိုင်လည်း မွေးမြူထုတ်လုပ်နေတယ်ဆိုရင်တော့ ဒီအွန်လိုင်းဆွေးနွေးပွဲဟာ သင့်အတွက်ပါလို့
အချိန် ။ ။ ည ၈ နာရီ
နေ့ရက် ။ ။ ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
နေရာ ။ ။ Zoom Platform
Zoom Meeting Link
https://us06web.zoom.us/j/81288397164?pwd=qdTzbFa9LCjhNsah6HqS97e7RPYMK0.1
Meeting ID: 812 8839 7164
Passcode: 706007
