ငွေရေးကြေး ရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်း ဆက်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

09/11/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငွေရေးကြေး ရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်း ဆက်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

UKaid မှ ရန်ပုံငွေ ပံ့ပိုးထားသော DaNa Facility နှင့် မြန်မာနိုင်ငံ ဘောဂဗေဒအသင်းတို့ ပူးပေါင်းကျင်းပသည့် ငွေရေးကြေးရေးကဏ္ဍဖြင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်မြှင့်တင်ခြင်း (မူဝါဒ၊ လက်တွေ့ဆောင်ရွက်မှုနှင့် အများပါဝင်နိုင်မှု) အလုပ်ရုံဆွေးနွေးပွဲကို နိုဝင် ဘာလ ၈ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

"ဒီနေ့ပွဲက အစိုးရက အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစ ည်းတွေ၊ အလှူရှင်အဖွဲ့အစည်းတွေ၊ ဘဏ်အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ငွေရေးကြေးရေးဘက်ကနေ ဘယ်လိုမျိုး ပံ့ပိုးကြမလဲဆိုတာ ဆွေးနွေးတဲ့ပွဲဖြစ်ပါတယ်။ လက်ရှိမှာလည်း မကွေးတိုင်းကတိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ (RFDA) ကတဆင့် လယ်သမားဦးရေ တစ်သောင်းကို ချေးငွေရရှိအောင် ပံ့ပိုးပေးနေတဲ့ အပိုင်းရှိပါတယ်။" ဟု DaNa Facility မှ Senior Access to Finance Advisor ဖြစ်သူ Mr. Tom Moyes က ပြောသည်။

ယင်းအပြင်း ဘဏ်များအပြင် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတဆင့် တောင်သူများ၏ ဘဝပိုမိုမြှင့်မားလာအောင် မည်ကဲ့သို့ လုပ်ဆောင်ရန် လိုအပ်သ ည်ဆိုတာကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း သိ ရသည်။

စိုက်ပျိုးရေးတန်ဖိုးကွင်းဆက် (ကုန်ပစ္စည်းထုတ်လုပ်ရာတွင် သွင်းအားစု လိုအပ်သည့်အဆင့်မှ စားသုံးသူများထံ ရောက်သည်အထိ) တွင် ငွေရေးကြေးရေးဆိုင် ရာ ပံ့ပိုးမှုများရရှိခြင်းသည် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးတက်လာစေပြီး ကွင်းဆက် တစ်လျှောက် ကြီးထွားမှုနှင့် ယှဉ်ပြိုင်မှုအားကောင်း‌စေ၍ ပါဝင်ကြသူများ၏ ဝင်ငွေလည်း မြှင့်မားစေမည်ဖြစ်သည်။

"စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်အပိုင်းကို သုတေသန တွေ တိုးမြှင့်လုပ်ဆောင်လာပြီဖြစ်ပေမယ့် သုတေသနကနေတဆင့် သင်ယူလေ့လာစရာတွေ ဆက်လက်လုပ်ဆောင်စရာတွေ အများကြီးကျန်ပါသေးတယ်။ သုတေသနဆိုင်ရာ လေ့လာတွေ့ရှိချက်တွေက မူဝါဒ ပိုင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုက ဏ္ဍတွေအတွက် မူဝါဒချမှတ်သူတွေနဲ့ လက်တွေ့လုပ် ဆောင်နေသူတွေကို တိကျသေချာတဲ့ သက်သေအထောက်အထားတွေ ပေးစွမ်းနိုင်ပါတယ်။" ဟု ဩစ တြေးလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန ဌာန (ACIAR) မှ ဒေသဆိုင်ရာ မန်နေဂျာ Ms.Dulce Simmanivong က ပြောသည်။

မြန်မာ့စီးပွားရေး၏ သုံးပုံတစ်ပုံကို စိုက်ပျိုးရေးကဏ္ဍက ကိုယ်စားပြုသလို ယင်းကဏ္ဍက ပြည်သူသုံးပုံနှစ်ပုံကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးရေးကွင်းဆက်တစ်လျှောက်တွင် အများပါဝင်နိုင်၍ ကုန်ကျစရိတ် လျော့ချနိုင်ပြီး ဆုံးရှုံးမှုနည်းပါးသည့် ငွေကြေးထောက်ပံ့မှု ပုံစံများသည် ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ‌အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။

"မြန်မာ့စီးပွားရေးကဏ္ဍအတွက် စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းနဲ့ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တစ်လျှောက် အများပါဝင်လာအောင် ဆောင်ရွက်ခြင်းက အလွန်အရေးပါ အ‌ရာရောက်ပါတယ်။" ဟု မြန်မာနိုင်ငံ ဘောဂဗေဒအသင်း ဥက္ကဌ ဦးကျော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် အစိုးရအနေဖြင့် တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို တိုးမြှင့်လုပ်ဆောင်နေသလို ချေးငွေပမာဏကိုလည်း နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံမှ Two-Step Loan ချေး ငွေရယူ၍ တောင်သူများအတွက် လိုအပ်သော သွင်းအားစုစက်ပစ္စည်းများအပြင် သယ်ယူပို့ဆောင်ရေးအတွက် ကားများ ဝယ်ယူနိုင်ရန်အထိ အတိုးနှုန်းသက် သက်သက်သာသာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်