အပတ်စဉ် (၁၀) ရဲ့ ကံထူးသူများ

11/02/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပတ်စဉ် (၁၀) ကတော့ အပင်ထွက်ပစ္စည်းလေးအကြောင်းရေးထားတဲ့ စကားပုံလေးပါ။

တောနက်ထဲမှာ သစ်ဆေးရှာဖွေစုဆောင်းကြပုံကိုဖော်ပြထားပါတယ်။

ပုံတင်ဆိုတာကတော့ ရှေ့ခတ်မြန်မာတွေရဲ့ ချင်တွယ်တဲ့ပစ္စည်းပါတဲ့။ လွယ်လို့ရတဲ့ ခြင်းလေးပေါ့။ ပုံတင်ဆိုတဲ့ ခြင်းတောင်းလေးက တစ်ခွဲ ဝင်ဆံ့ပါတယ်တဲ့ ။ သစ်ဆေးခြင်းကြီးကို တောထဲကနေ အိမ်ထိ ခက်ခက်ခဲခဲလွယ်ပြန်ရပုံကို စကားပုံလေးကဖော်ပြထားပါတယ်။

သစ်စေးကတော့ မြန်မာမှုပစ္စည်းတွေမှာ မရှိမဖြစ်ပါနော်။သစ်စေးမှာ ကြာရှည်ခံမှု ၊အပူခံမှု ၊ ရေလုံမှု စတဲ့ အားသာချက်တွေရှိတာမို့ တောထဲထိခက်ခက်ခဲခဲသွားရှာရပုံကို စကားပုံလေးထဲမှာ တွေ့နိုင်ပါတယ်အမျိုးတို့ရေ….

တကယ့်ကို နှံ့နှံ့စပ်စပ်လေ့လာထားတဲ့ ကံထူးသူတွေကတော့

ကိုမင်း

Win Nyunt Aung

ကျော်သိင်္ဂါအောင်

Aung Kyaw Thu

လင်းရောင်စင်

Ko Zay Yar

kyaw lwin

zaw zaw တို့ပဲဖြစ်ပါတယ်။

ဒီနေ့လေးက ပြည်ထောင်စုနေ့ ရုံးပိတ်ရက်မို့ ကြာသပတေးနေ့ရောက်မှ ဖုန်းဘေလက်ဆောင်တွေကိုထည့်ပေးသွားပါမယ်နော်။ အပတ်စဉ် ( ၁၁)ရဲ့ ပဟေဠိလေးကို တော့ စောင့်ကြည့်ဖို့ မမေ့နဲ့အုံးနော်။

မိုးတွင်းစိုက်ပျိုးမယ့်သီးနှံလေးတွေအတွက် ဒီချိန်ကတည်းက မြေကို ဘယ်လိုပြုပြင်စိုက်ပျိုးရမလဲဆိုတဲ့ အကြောင်းအရာလေးတွေကို အစိမ်းရောင်လမ်းမှာ ဖတ်ရှုနိုင်ပါပြီနော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်