KOICA ၏ အထောက်အပံ့ဖြင့် မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းဖော်မည်
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)၏ အထောက်အပံ့ အမေရိကန် ဒေါ်လာ(၉.၅)သန်းဖြင့် မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းကို ၅ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်က "မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း” ၏ ဆွေးနွေးမှု မှတ်တမ်း (RoD) သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်၊ ရုံးအမှတ်(၁၅)ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့စိုက်ပျိုးပညာပေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅) နှစ်ကြာ တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခု၊ ခရိုင်(၁၃) ခုမှ မြို့နယ်(၂၇) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးပညာပေးရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေခြင်းဖြင့် တောင်သူများ၏ ဝင်ငွေနှင့် သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်၊ ခေတ်မီနည်းပညာများဖြင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေခြင်းဖြင့် စိုက်ပျိုးပညာပေးရေးစနစ်အား အဆင့်မြှင့်တင်ရန်ဖြစ်သည်။
ထို့ပြင် အီလက်ထရောနစ် နည်းပညာ အသုံးပြုသည့် စိုက်ပျိုးပညာပေးရေးနှင့် သတင်းအချက်အလက် ထုတ်ပြန်မှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်းပြီးဆုံးပြီးနောက်ပိုင်းတွင် စီမံကိန်းဧရိယာများသာမက တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မှုစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် KOICA Myanmar ရုံးမှ မြန်မာနိုင်ငံဆိုင်ရာဌာန ကိုယ်စားလှယ် Ms. Lee Youn Soo တို့က ဆွေးနွေးမှုမှတ်တမ်းကို (RoD) ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းအပြင် အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် KOICA Myanmar ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ရည်ပွေပေါက်ပြီးဘယ်နာရီခြားမှာ မွေးမာလဲ။ ဆွေးနွေးပေးပါ..ဆရာတို့
latdan aung • ဖြေကြားချက် 1 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ
KYAW SHANE • ဖြေကြားချက် 7 ခု
စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ
Theint Theint Nway • ဖြေကြားချက် 1 ခု
မစိုက်ခင် ထရိုက်ကိုဒါးမားဖြန်းပြီး မျိုးစေ့လူးနယ်ဆေးကို ဓာတုဆေး သုံးလို့ရလား သိချင်ပါတယ်
Thiha • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026