နွားနို့လုံလောက်ဖို့ နွားမွေးသမားတွေကိုကူညီပေးမဲ့ မလေးရှား

31/03/2023 10:11 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

၂၀၂၅ ခုနှစ်ရောက်ရင် နိုင်ငံသားတွေရဲ့နွားနို့သောက်သုံးမှုကို ပြည်တွင်းထုတ်လုပ်မှုနဲ့တင် အပြည့် အဝ ဖူလုံမှုရှိစေဖို့အတွက်  မလေးရှားနိုင်ငံက မျှော်မှန်းထားတာပါ။ ဒါကြောင့် ကျွဲ နွား အကောင်ရေ တိုးတက်မွေးမြူလာကြဖို့၊ နွားနို့ထုတ်လုပ်တဲ့လုပ်ငန်းဟာ ရေပန်းစားတဲ့အလုပ်အကိုင်တစ်ခုဖြစ်လာပြီး တောင်သူငယ်တွေ ပိုမိုပါဝင်လာအောင် ကူညီမှုတွေလုပ်သွားဖို့ ရည်မှန်းထားပါတယ်။

 

လက်ရှိမှာတော့ မလေးရှားဟာ နိုင်ငံရဲ့ တစ်နှစ်တာ နွားနို့သောက်သုံးမှုစုစုပေါင်းရဲ့ တစ်ဝက်အောက်ကိုသာ  ပြည်တွင်းမှာထုတ်လုပ်နိုင်နေတာဖြစ်ပြီး ကျန်တာတွေကိုတော့ ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ 

လက်ရှိ မလေးရှားနိုင်ငံသားတွေရဲ့ တစ်နှစ်အတွင်းနွားနို့သောက်သုံးမှုဟာ လီတာ သန်း ၈၀ လောက်ရှိပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်ကစလို့ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၈ ရာခိုင်နှုန်း တိုးမြင့်သောက်သုံးလာခဲ့တာ ဖြစ်ပါတယ်။ 

စာသင်ကျောင်းတွေမှာ ကလေးတွေကို နွားနို့သောက်သုံးဖို့ တိုက်တွန်းထားတာကြောင့် နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ နွားနို့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် နောက်ထပ် နွားမကောင်ရေ အနည်းဆုံး ၃၀,၀၀၀ လိုအပ်နေတာ ဖြစ်ပါတယ်။ 

နို့ဆီအစား နွားနို့ကို ပိုမိုရွေးချယ်လာခြင်းဖြင့် စားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှုပုံစံဟာလည်း ပြောင်းလဲလာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

စိုစွတ်သောရာသီဥတုမှာ ကျွဲ နွား မွေးမြူရန်သင့်တော်ခြင်း

မြို့တော်ကွာလာလမ်ပူရဲ့ သိပ်မဝေးတဲ့ ဘန်ဂီမြို့လေးမှာတောင် ကျွဲနွားတွေကို မလေးရှားနိုင်ငံရဲ့ ပူအိုက်စိုစွတ်တဲ့ရာသီဥတုနဲ့ အကိုက်ညီဆုံးအနေအထားနဲ့ မွေးမြူနေကြပြီ ဖြစ်ပါတယ်။

အဆိုပါခြံတွေမှာ မွေးမြူထားတဲ့ နွားမတွေထဲမှာ ကမ္ဘာပေါ်မှာ နို့ထွက်နှုန်းအမြင့်ဆုံး နို့စားနွားလို့ လူသိများတဲ့ Holstein Friesian မျိုးကွဲတွေနဲ့ ပါကစ္စတန်မှ အပူဒဏ်ခံနိုင်တဲ့ Sahiwal နွားမျိုးကွဲတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ 

“သင့်တော်တဲ့ နွားမျိုးကိုသာမွေးမယ်ဆိုရင် လေအေးပေးတဲ့ စနစ်အတွက် အများကြီး အကုန်ကျခံစရာမလိုပါဘူး” လို့ မလေးရှား နို့ထွက်ပစ္စည်းထုတ်လုပ်သူ Farm Fresh အဖွဲ့မှ ဘဏ္ဍာရေးအရာရှိချုပ် Khairul Hassan က ပြောပါတယ်။ 

"နွားတွေရဲ့ နားရွက်မှာ တပ်ဆင်လေ့ရှိတဲ့ ကတ်ပြားတွေဟာ အမှန်တကယ်တော့ RFID (ရေဒီယိုကြိမ်နှုန်း ခွဲခြားသတ်မှတ်ခြင်း) တဲ့ ကဒ်ပြားတစ်ခုဖြစ်ပြီး အဲ့ဒီကနေ ကျွန်တော်တို့အနေနဲ့ နေ့စဉ်တိုးတက်မှုတွေ၊ နွားနို့ ဘယ်လောက်ထွက်နေပြီဆိုတာတွေ၊ ကျန်းမာရေးကောင်းမကောင်းနဲ့ မျိုးပွာနိုင်နှုန်းတွေကို ခြေရာခံစောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်" 

နွားတွေကိုထားရှိတဲ့ အဆောက်အအုံတွေဟာ လေ၀င်လေထွက်ကောင်းသလို အပူဒဏ်ကို လျှော့ချဖို့ရာအတွက် အလိုအလျောက် ရေဖျန်းပေးတဲ့စနစ်တွေ တပ်ဆင်ထားတဲ့အပြင် နွားတွေ သက်သောင့်သက်သာဖြစ်နိုင်ဖို့အတွက် သာယာညိမ့်ညောင်းတဲ့ တေးဂီတသံကိုပါ ထုတ်လွှင့်ပေးထားတာ ဖြစ်ပါတယ်။ 

၎င်းနေရာမှာဆိုရင် နွားတွေဟာ နွားနို့မညှစ်ရသေးခင် အခြားနွားတွေနဲ့ လွတ်လပ်စွာ သွားလာကျက်စားနိုင်မှာလည်း ဖြစ်ပါတယ်။ 

နွားနို့ညှစ်တဲ့အခန်းမှာဆိုရင် နွားတွေဟာ သူတို့အလှည့်ရောက်ဖို့ တန်းမစီရသေးခင်မှာ ၎င်းတို့ကိုယ်ပေါ်က ရွှံ့တွေကိုဆေးကြောဖို့ အချိန်ကြာကြာ ရေချိုးကြရပါတယ်။

နွားတွေဆီကရရှိတဲ့ စွန့်ပစ်အညစ်အကြေးတွေကိုတော့ ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများနဲ့အညီ မြေသြဇာအတွက် ပြန်လည်အသုံးပြုကြတာလည်း ဖြစ်ပါတယ်။

နွားအကောင်ရေ ၆၀ နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က စတင်ခဲ့တဲ့ Farm Fresh အဖွဲ့ဟာ ယခုအခါမှာတော့ နွားအကောင်ရေ ၁၀,၀၀၀ အထိရှိနေပြီ ဖြစ်ပါတယ်။

"ဒါပေမဲ့ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းက လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး" လို့ Mr Khairul က ပြောပါတယ်။

" မလေးရှားနိုင်ငံသားတွေရဲ့ အမြင်မှာ သြစတြေးလျနွားနို့က ပိုကောင်းတယ်လို့ ယူဆကြတာကြောင့် အစောပိုင်းကာလတွေမှာ လူတွေက ငါတို့ရဲ့ နွားနို့ကို ဝယ်ယူသောက်သုံးအောင်လုပ်ဖို့ ခက်ခဲခဲ့တယ်" လို့ သူက ဆိုပါတယ်။ 

ဇင်ထူးနိုင်

Ref: https://www.channelnewsasia.com/asia/malaysia-milk-self-sufficiency-help-farmers-3372496

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်