စိန်တလုံး သရက်သီး အပါအဝင် အခြားသရက်သီးများကို မရင့်မှည့်မီ ခူးဆွတ်၍ မှည့်ဆေး အသုံးပြုကာ ပြည်ပ တင်ပို့ကြသဖြင့် ယခုနှစ်၌ ဧပြီလ ၂၀ ရက်နေ့ထက်စော၍ ပြည်ပ တင်ပို့ခြင်းများ မပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ရောင်းချခွင့်ရက်ကို သတ်မှတ်လိုက်သည်။
မတ်လ ၂၅ ရက်နေ့က သရက်သီး အစုအဖွဲ့များ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် မူဆယ် ၁၀၅ မိုင်မှ သစ်သီးဝလံ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေး၍ ရောင်းချခွင့်ရက် သတ်မှတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
‘မရင့်သေးတဲ့ဟာတွေကို ခူးဆေးအုပ်ပြီး ပြည်ပ တင်ပို့တာတွေရှိလို့ ဧပြီလ ၂၀ ရက်နေ့နောက်ပိုင်းကျမှ ပြည်ပ ပို့တာတွေ လုပ်ကြဖို့ပါ။ စျေးကွက်မပျက်ရေး၊ နာမည်မပျက်ရေးပေါ့။ အထူးသဖြင့် စိန်တလုံး သရက်သီးကို တရုတ်ပို့တဲ့အခါ နယ်စပ်ဂိတ်မှာပဲ မှည့်ဆေးတွေ အသုံးပြုကြတာ။ နိုင်ငံအနေနဲ့ နာမည်ပျက်တာတွေ ဖြစ်မှာစိုးလို့ပါ’ ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဉီးမျိုးသူက ရှင်းလင်းပြောကြားသည်။
ထို့ကြောင့် စိန်တစ်လုံး သရက်သီးအပြင် အခြားသရက်သီးထွက်ရှိရာ ဒေသများဖြစ်သည့် မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ စသည့်ဒေသများတွင် ပညာပေး ဟောပြောခြင်း လုပ်ငန်းများကို သရက်သီး အစုအဖွဲ့များ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းကာ မရင့်မှည့်မီ မခူးဆွတ်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သွယ်မှုမြင့်တင်ရေး အဖွဲ့ထံမှ သိရသည်။
မှည့်ဆေးအသုံးပြုထားသည့် သရက်သီးများသည် အချဉ်ဓာတ်တိုးလာခြင်း၊ မည်း၍ ရှုံ့တွလာခြင်း၊ ပုပ်လာခြင်းတို့ကြောင့် ပြည်ပတင်ပို့ရာတွင် စျေးကွက်ပျက်ခြင်း၊ နာမည်ပျက်ခြင်းနှင့် အချိုဓာတ် မပါဝင်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနိုင်ခြင်း၊ အရသာမရှိခြင်းတို့ ဖြစ်ပွားနိုင်သောကြောင့် မရင့်မှည့်မီ ခူးဆွတ်ခြင်း၊ ခူးဆွတ်၍ မှည့်ဆေးများ သုံးစွဲ၍ ရောင်းဝယ်ခြင်းများ မပြုလုပ်ရန် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြေငြာထားသည်။
‘သင်္ကြန်အရှေ့ပိုင်းမှာ သရက်သီး အနုတွေကို ဆေးတို့ပြီးရောင်းတော့ နောက်ပိုင်းမှာ အသီးကောင်းတွေက စျေးမရတော့ဘူး။ ဒီလိုဖြစ်တာ နှစ်တိုင်းပဲ။ ဆေးတို့ပြီး မရောင်းဖို့နဲ့ ရေရှည်စျေးကွက် ကြည့်ရမှာဖြစ်တဲ့အတွက် ဧပြီ ၂၀ ရက်နေ့ထက်စောလာတဲ့ သရက်သီးတွေကို ရောင်းခွင့်မပြုဖို့ ဌာနဆိုင်ရာတွေရော ဝိုင်းဝန်း ထိန်းသိမ်းပေးဖို့ တောင်းဆိုထားတာ’ ဟု မူဆယ် ၁၀၅ မိုင်မှ သစ်သီးဝလံ ကုန်စည်ဒိုင် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားသည်။
စိန်တစ်လုံး သရက်သီး အပါအဝင် အခြားသရက်သီးများကို ဧပြီလ ၂၀ ရက်နေ့မှသာ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်တွင် စတင်ရောင်းဝယ်ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့ထက်စော၍ ရောက်လာသည့် သရက်သီးများကို လက်ခံမည် မဟုတ်ကြောင်း၊ မူဆယ် ၁၀၅ မိုင်တွင် သရက်သီး ရာသီချိန်များဖြစ်သည့် ဧပြီလမှ ဇွန်လအထိ တစ်ရက်လျှင် သရက်သီးတန်ချိန် ၅၀၀ ခန့်ကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင်သစ်သီးဝလံ ကုန်စည်ဒိုင်များထံမှ သိရသည်။
The Voice Myanmar
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator