ဒီရေတောတွေက ပတ်ဝန်းကျင်ကို ဘယ်လိုကူညီထောက်ပံပေးနေတာလဲ..?

11/03/2024 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

 

ဒီရေတောများသည် အပူပိုင်းသစ်တောသွင်ပြင်လက္ခဏာရှိပြီး အနုစိတ်သောအမြစ်များပါရှိသည့် ရေပြင်အနီးမှ သစ်ပင်များ၊ ခြုံပုတ်များပင်ဖြစ်သည်။ ဒီရေတောအတွင်းပါဝင်ပေါက်ရောက်သည့်သစ်ပင်များသည် ကမ္ဘာပေါ်တွင် အမျိုးအစား အစုံလင်ဆုံးဖြစ်ပြီး ဒီရေတောများကိုယ်၌က သယံဇာတအပေါများဆုံး ဂေဟစနစ်တခုဖြစ်နေသည်။ သစ်တောပြုန်းတီးမှုမြင့်တက်လာခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့သည် ဒီရေတောရှိရာဒေသများကိုလည်းခြိမ်းခြောက်လာကာ ဒီရေတောအတွင်းမှ ဇီဝမျိုးကွဲများနှင့် ဒေသခံပြည်သူများကိုပါ အန္တရာယ်ရှိလာစေသည်။

ထို့ကြောင့် ဒီရေတောများ၏ တန်ဖိုးရှိသောကောင်းကျိုးများကို အောက်ပါအတိုင်းနားလည်သိရှိထားရန် လိုအပ်ပေသည်။

၁။ ဖန်လုံအိမ်အာနိသင်တိုးပွားစေမည့် ကာဗွန်ကို စုပ်ယူထိန်းသိမ်းထားနိုင်ခြင်း

ဒီရေတောများသည် ပင်လယ်ဒီလှိုင်းများနှင့်အတူပါလာသော သဘာဝမြေဆီလွှာအဟာရများစွာကို စုဆောင်းထိမ်းသိမ်းထားနိုင်သောကြောင့် မြေဆီလွှာအဟာရကြွယ်ဝစေပြီး အပူပိုင်းအမြဲစိမ်းသစ်တောများထက် ၄ ဆ ပိုမို၍ "အပြာရောင်ကာဗွန်"ဟု လူသိများသော ကာဗွန်ဓါတ်ကိုသိုမှီးထိန်းသိမ်းထားနိုင်သည်။ ဒီရေတောများကို စည်းမဲ့ကမ်းမဲ့ခုတ်ထွင်ရှင်းလင်းအသုံးပြုခြင်းသည် ကမ္ဘာ့လေထုအလွှာအတွင်းသို့ ကာဗွန်ထုတ်လွှတ်မှုပမာဏကို များပြားစေသည်။ ဖနလုံအိမ်အာနိသင်ကို တိုးမြင့်စေပြီး ကမ္ဘာကြီးပူနွေးလာမှုအပေါ် အားပေးနေလိမ့်မည်။

၂။ ဇီဝမျိုးကွဲပေါင်းစုံစုစည်းနေထိုင်ရာဖြစ်ခြင်း

ဒီရေတောများတွင် အဏ္ဏဝါသက်ရှိသတ္တဝါများနှင့် ငှက်များ အစရှိသည့် ဇီဝမျိုးစိတ်ပေါင်းများစွာစုပေါင်းနေထိုင်နိုင်ကြသည်။ အမျိုးမျိုးသော ဇီဝသက်ရှိများ အသိုက်ပြုလုပ်ရန်၊ မျိုးဆက်ပြန့်ပွား(ပေါက်ဖွား)ရန်အတွက် သဘဝကပေးသော နေရာကြီးတခုလည်းဖြစ်သည်။ ဒီရေတောများ ခုတ်ထွင်ရှင်းလင်းအသုံးပြုမှုများလာသည့်အတွက် ဇီဝမျိုးစိတ်များစွာ၏ နေရင်းဒေသများဆုံးရှုံးခြင်းဖြစ်စေပြီး မျိုးသုဉ်းပျက်စီးစေသည့်နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေသည်။

၃။ မူရင်းဒေသ၏ ရေအရည်အသွေးကို မြှင့်တင်နိုင်/ထိန်းသိမ်းနိုင်ခြင်း

ဒီရေတောများ၏ ယှက်နွယ်ရှုပ်ထွေးသောအမြစ်များနှင့် ယင်းတို့၏စိမ်းစိုသော အသီးအရွက်များက ရေထုအတွင်းမှ ညစ်ညမ်းသောအနည်အနှစ်များကိုစစ်ထုတ်ကာ ရေလမ်းကြောင်းညစ်ညမ်းမှုကိုလည်း တားဆီးလျော့ကျစေသည်။ ဒီရေတောများရှိရာဒေသတွင်းမှ မြစ်များ၊ ရေကန်များနှင့် နေထိုင်သူများအတွက် ရေကောင်းရေသန့်ရရှိနိုင်မှုကိုလည်းတိုးတက်စေသည်။ ဆန့်ကျင်ဘက်အားဖြင့် ဒီရေတောများဆုံးရှုံးခြင်းက ကမ်းရိုးတန်းဒေသများအနီးရှိ ရေအရည်အသွေးထိန်းသိမ်းနိုင်မှုကိုလျော့နည်းကျဆင်းစေနိုင်ကြောင်းသတိပြုရာသည်။

၄။ ဒီရေတောများသည် ကမ်းရိုးတန်းဒေသများလုံခြုံမှုကို ၂ ဆ တိုးကာကွယ်ပေးခြင်း

ဒီရေတောများက ပင်လယ်ပြင်နှင့်ကုန်းမြေတွင်နေထိုင်သော သက်ရှိလူသားများအကြားတွင် ကြားခံအကာအကွယ်တခုအဖြစ်ရှိနေသည်။ မုန်တိုင်းများဝင်ရောက်တိုက်ခတ်သဖြင့် မုန်တိုင်းဒီရေတိုးဝင်ရိုက်ခတ်ခြင်း၊ ပင်လယ်ဒီလှိုင်းများရိုက်ခတ်တိုက်စားခြင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည့်အတွက် ကမ်းရိုးတန်းဒေသအနီးရှိ လူမှုပတ်ဝန်းကျင်၌ရေကြီးရေလွှမ်းခြင်းအစရှိသည့် သဘာဝဘေးကြောင့် ဖြစ်လာနိုင်သော ပျက်စီးနစ်နာမှုများကာကွယ်ပေးနေသော အဖိုးတန်သစ်တောဖြစ်၏။

၅။ လူသားများအတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များကို ပုံပိုးပေးနိုင်ခြင်း

ဒီရေတောသစ်ပင်၊ သစ်ရွက်၊ သစ်မြစ်နှင့် အသီးများသည် တိရစ္ဆာန်အစာအဖြစ်သုံးရန်၊ လက်ဖက်ရွက်များအားများပြုပြင်ရန်မှအစပြု၍ ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့်ပစ္စည်းများအထိ ကြွယ်ဝသော သဘာဝအရင်းအမြစ်များစွာပါဝင်နေသည်။ ကမ္ဘာပေါ်ရှိသန်းနှင့်ချီသော လူသားတို့သည် စားနပ်ရိက္ခာ၊ ဝင်ငွေနှင့် ကျန်းမာရေးအတွက် ဒီရေတောများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မှီခိုနေရသည်။ ဒီရေတောအတွင်းမှ ငါးမျိုးစိတ်ပေါင်းများစွာသည် ဒေသခံတံငါသည်များ၏ နေ့စဉ်လူနေမှုဘဝကို ပံ့ပိုးကူညီပေးလျက်ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာအတွက် ငါးဖမ်းယူရရှိမှု၏ ၈၀% သည် ဒီရေတောများကို တိုက်ရိုက် သို့မဟုတ် သွယ်တိုက်၍ မှီခိုနေရသည်။

ဒီရေတောများသည် သဘာဝတရားက ပေးသော အလွန်လှပသည့်လက်ဆောင်တခုဖြစ်သောကြောင့်လည်းကောင်း၊ ဒေသခံများနှင့် ဒီရေတောတွင်ကျက်စားကြသည့် တောရိုင်းတိရိစ္ဆာန်များအတွက် လုံခြုံမှုကိုပေးနိုင်သောကြောင့်လည်းကောင်း ဒီရေတောများ၏အရေးကြီးမှုကို သိရှိနားလည်ပြီး ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြရန်သည် မျိုးဆက်သစ်လူငယ်များဦးစားပေးဆောင်ရွက်ရမည့် တာဝန်တခုဖြစ်လာသည်။

ထို့ကြောင့် ဒီရေတောများထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းလမ်းများကို လေ့လာဆည်းပူးသင်ယူကြရန်အတွက် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်