ဒီရေတောတွေက ပတ်ဝန်းကျင်ကို ဘယ်လိုကူညီထောက်ပံပေးနေတာလဲ..?
ဒီရေတောများသည် အပူပိုင်းသစ်တောသွင်ပြင်လက္ခဏာရှိပြီး အနုစိတ်သောအမြစ်များပါရှိသည့် ရေပြင်အနီးမှ သစ်ပင်များ၊ ခြုံပုတ်များပင်ဖြစ်သည်။ ဒီရေတောအတွင်းပါဝင်ပေါက်ရောက်သည့်သစ်ပင်များသည် ကမ္ဘာပေါ်တွင် အမျိုးအစား အစုံလင်ဆုံးဖြစ်ပြီး ဒီရေတောများကိုယ်၌က သယံဇာတအပေါများဆုံး ဂေဟစနစ်တခုဖြစ်နေသည်။ သစ်တောပြုန်းတီးမှုမြင့်တက်လာခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့သည် ဒီရေတောရှိရာဒေသများကိုလည်းခြိမ်းခြောက်လာကာ ဒီရေတောအတွင်းမှ ဇီဝမျိုးကွဲများနှင့် ဒေသခံပြည်သူများကိုပါ အန္တရာယ်ရှိလာစေသည်။
ထို့ကြောင့် ဒီရေတောများ၏ တန်ဖိုးရှိသောကောင်းကျိုးများကို အောက်ပါအတိုင်းနားလည်သိရှိထားရန် လိုအပ်ပေသည်။
၁။ ဖန်လုံအိမ်အာနိသင်တိုးပွားစေမည့် ကာဗွန်ကို စုပ်ယူထိန်းသိမ်းထားနိုင်ခြင်း
ဒီရေတောများသည် ပင်လယ်ဒီလှိုင်းများနှင့်အတူပါလာသော သဘာဝမြေဆီလွှာအဟာရများစွာကို စုဆောင်းထိမ်းသိမ်းထားနိုင်သောကြောင့် မြေဆီလွှာအဟာရကြွယ်ဝစေပြီး အပူပိုင်းအမြဲစိမ်းသစ်တောများထက် ၄ ဆ ပိုမို၍ "အပြာရောင်ကာဗွန်"ဟု လူသိများသော ကာဗွန်ဓါတ်ကိုသိုမှီးထိန်းသိမ်းထားနိုင်သည်။ ဒီရေတောများကို စည်းမဲ့ကမ်းမဲ့ခုတ်ထွင်ရှင်းလင်းအသုံးပြုခြင်းသည် ကမ္ဘာ့လေထုအလွှာအတွင်းသို့ ကာဗွန်ထုတ်လွှတ်မှုပမာဏကို များပြားစေသည်။ ဖနလုံအိမ်အာနိသင်ကို တိုးမြင့်စေပြီး ကမ္ဘာကြီးပူနွေးလာမှုအပေါ် အားပေးနေလိမ့်မည်။
၂။ ဇီဝမျိုးကွဲပေါင်းစုံစုစည်းနေထိုင်ရာဖြစ်ခြင်း
ဒီရေတောများတွင် အဏ္ဏဝါသက်ရှိသတ္တဝါများနှင့် ငှက်များ အစရှိသည့် ဇီဝမျိုးစိတ်ပေါင်းများစွာစုပေါင်းနေထိုင်နိုင်ကြသည်။ အမျိုးမျိုးသော ဇီဝသက်ရှိများ အသိုက်ပြုလုပ်ရန်၊ မျိုးဆက်ပြန့်ပွား(ပေါက်ဖွား)ရန်အတွက် သဘဝကပေးသော နေရာကြီးတခုလည်းဖြစ်သည်။ ဒီရေတောများ ခုတ်ထွင်ရှင်းလင်းအသုံးပြုမှုများလာသည့်အတွက် ဇီဝမျိုးစိတ်များစွာ၏ နေရင်းဒေသများဆုံးရှုံးခြင်းဖြစ်စေပြီး မျိုးသုဉ်းပျက်စီးစေသည့်နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေသည်။

၃။ မူရင်းဒေသ၏ ရေအရည်အသွေးကို မြှင့်တင်နိုင်/ထိန်းသိမ်းနိုင်ခြင်း
ဒီရေတောများ၏ ယှက်နွယ်ရှုပ်ထွေးသောအမြစ်များနှင့် ယင်းတို့၏စိမ်းစိုသော အသီးအရွက်များက ရေထုအတွင်းမှ ညစ်ညမ်းသောအနည်အနှစ်များကိုစစ်ထုတ်ကာ ရေလမ်းကြောင်းညစ်ညမ်းမှုကိုလည်း တားဆီးလျော့ကျစေသည်။ ဒီရေတောများရှိရာဒေသတွင်းမှ မြစ်များ၊ ရေကန်များနှင့် နေထိုင်သူများအတွက် ရေကောင်းရေသန့်ရရှိနိုင်မှုကိုလည်းတိုးတက်စေသည်။ ဆန့်ကျင်ဘက်အားဖြင့် ဒီရေတောများဆုံးရှုံးခြင်းက ကမ်းရိုးတန်းဒေသများအနီးရှိ ရေအရည်အသွေးထိန်းသိမ်းနိုင်မှုကိုလျော့နည်းကျဆင်းစေနိုင်ကြောင်းသတိပြုရာသည်။
၄။ ဒီရေတောများသည် ကမ်းရိုးတန်းဒေသများလုံခြုံမှုကို ၂ ဆ တိုးကာကွယ်ပေးခြင်း
ဒီရေတောများက ပင်လယ်ပြင်နှင့်ကုန်းမြေတွင်နေထိုင်သော သက်ရှိလူသားများအကြားတွင် ကြားခံအကာအကွယ်တခုအဖြစ်ရှိနေသည်။ မုန်တိုင်းများဝင်ရောက်တိုက်ခတ်သဖြင့် မုန်တိုင်းဒီရေတိုးဝင်ရိုက်ခတ်ခြင်း၊ ပင်လယ်ဒီလှိုင်းများရိုက်ခတ်တိုက်စားခြင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည့်အတွက် ကမ်းရိုးတန်းဒေသအနီးရှိ လူမှုပတ်ဝန်းကျင်၌ရေကြီးရေလွှမ်းခြင်းအစရှိသည့် သဘာဝဘေးကြောင့် ဖြစ်လာနိုင်သော ပျက်စီးနစ်နာမှုများကာကွယ်ပေးနေသော အဖိုးတန်သစ်တောဖြစ်၏။
၅။ လူသားများအတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များကို ပုံပိုးပေးနိုင်ခြင်း
ဒီရေတောသစ်ပင်၊ သစ်ရွက်၊ သစ်မြစ်နှင့် အသီးများသည် တိရစ္ဆာန်အစာအဖြစ်သုံးရန်၊ လက်ဖက်ရွက်များအားများပြုပြင်ရန်မှအစပြု၍ ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့်ပစ္စည်းများအထိ ကြွယ်ဝသော သဘာဝအရင်းအမြစ်များစွာပါဝင်နေသည်။ ကမ္ဘာပေါ်ရှိသန်းနှင့်ချီသော လူသားတို့သည် စားနပ်ရိက္ခာ၊ ဝင်ငွေနှင့် ကျန်းမာရေးအတွက် ဒီရေတောများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မှီခိုနေရသည်။ ဒီရေတောအတွင်းမှ ငါးမျိုးစိတ်ပေါင်းများစွာသည် ဒေသခံတံငါသည်များ၏ နေ့စဉ်လူနေမှုဘဝကို ပံ့ပိုးကူညီပေးလျက်ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာအတွက် ငါးဖမ်းယူရရှိမှု၏ ၈၀% သည် ဒီရေတောများကို တိုက်ရိုက် သို့မဟုတ် သွယ်တိုက်၍ မှီခိုနေရသည်။
ဒီရေတောများသည် သဘာဝတရားက ပေးသော အလွန်လှပသည့်လက်ဆောင်တခုဖြစ်သောကြောင့်လည်းကောင်း၊ ဒေသခံများနှင့် ဒီရေတောတွင်ကျက်စားကြသည့် တောရိုင်းတိရိစ္ဆာန်များအတွက် လုံခြုံမှုကိုပေးနိုင်သောကြောင့်လည်းကောင်း ဒီရေတောများ၏အရေးကြီးမှုကို သိရှိနားလည်ပြီး ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြရန်သည် မျိုးဆက်သစ်လူငယ်များဦးစားပေးဆောင်ရွက်ရမည့် တာဝန်တခုဖြစ်လာသည်။
ထို့ကြောင့် ဒီရေတောများထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းလမ်းများကို လေ့လာဆည်းပူးသင်ယူကြရန်အတွက် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
ဆက်စပ်မေးခွန်းများ
ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ
U Yan • ဖြေကြားချက် 3 ခု
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
naymyo • ဖြေကြားချက် 3 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ
ဇင်ကိုလတ် • ဖြေကြားချက် 2 ခု
နှိမ်နင်းရခက်တဲ့ဗီဇပြောင်းတက်ပွတ် တက်ကားကိုထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ဆေးပေါ်ပြီလားဗျ
မျိုးဇော် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....