စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လျောက်လွှာခေါ်ယူခြင်း

10/07/2017 11:24 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အစိုးရ

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

လျောက်လွာခေါ်ယူခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေး ဆည်းမြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန၊ ရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်။

(က) အငယ်တန်း စာရေးရာထူး                        လစ်လပ် (၈၀)နေရာ
(လစာနှုန်းကျပ် ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)

(ခ) အငယ်တန်း အင်ဂျင်နီယာ (၄) နေရာ             လစ်လပ် (၁၂၀) နေရာ
(လစာနှုန်းကျပ် ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)

၂။ လျောက်ထားသူသည်

(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား ဖြစ်ရပါမည်။

(ခ) အငယ်တန်းစာရေး အငယ်တန်းအင်ဂျင်နီယာ ရာထူးများအတွက် ၃၀.၆.၂၀၁၇ ရက်နေ့တွင် အသက် (၂၇) နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၀)နှစ်ထက်မကျော်လွန်သူ ဖြစ်ရပါမည်။

ဂ) အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရပါမည်။

(ဃ) အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးအတွက် အင်ဂျင်နီယာဆိုင်ရာ ဘွဲ့တစ်ခုခု/ အင်ဂျင်နီယာ ဒီပလိုမာ ရရှိသူဖြစ်ရမည်။

(င) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရပါမည်။

(စ) ဌာနတွင် အနည်းဆုံး (၃) နှစ်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။

(ဆ) ဒေသခံများအား ဦးစားပေး စဉ်းစားမည်။

(ဇ) အခြားဝန်ထမ်း အဖွဲ့အစည်းများမှ လျောက်ထားသူသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျောက်ထားရမည်။

၃။ လျောက်လွှာတွင် အမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်/ နိုင်ငံသားစီစစ်ရေးကဒ်ပြား အမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည် နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ်/ အမျိုးသားမှတ်ပုံတင်အမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင်လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမားရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ ဆက်သွယ်ရန် အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။

၄။ လျောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူူးတွဲပေးပို့ရမည်။

(က) ဘွဲ့လက်မှတ်မိတ္တူ

(ခ) အသက်အထောက်အထားအတွက် အခြေခံပညာ အထက်တန်းအောင်လက်မှတ်မိတ္တူ

(ဂ) သက်ဆိုင်ရာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ ၃၀.၆.၂၀၁၇ ရက် နောက်ပိုင်းရရှိသည့် အကျင့်စာရိတ္တ ထောက်ခံချက်မူရင်း (ဝန်ထမ်းများအတွက် ကိုယ်တိုင်ဝန်ခံချက်)

(ဃ) သက်ဆိုင်ရာ ကျန်းမာရေးဌာနတွင် (၁)လ အတွင်းစစ်ဆေးထားသည့် ဆေးစစ်ချက်မူရင်း

(င) ဝန်ထမ်းမဟုတ်ရင် အလုပ်သမားမှတ်ပုံတင်မိတ္တု။

၅။ ဝန်ထမ်းမဟုတ်သူများသည် လျောက်လွှာများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဦးစီးဌာန ရုံးများသို့ လိပ်မူပြီး နေပြည်တော် (သို့) စာတိုက်မှ မှတ်ပုံတင်၍ ၃၀.၇.၂၀၁၇ ရက်နေ့ နောက်ဆုံးထား၍ လျောက်လွာပေးပို့ရမည်။

၆။ ဝန်ထမ်းများသည် မူရင်းလျောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲမှ တစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ ၁၅.၈.၂၀၁၇ ရက် နောက်ဆုံးထား၍ အရောက် ပေးပို့ရမည်။ ကြိုတင်လျောက်လွှာ တစ်စောင်ကို ဓာတ်ပုံအပိုတစ်ပုံနှင့်အတူ မိမိဖြေဆိုမည့် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဦးစီးဌာနရုံးများသို့ လျောက်လွှာပိတ်ရက်မတိုင်မီ အရောက်ပေးပို့ရမည်။

၇။ ဝန်ထမ်းသစ်များ ဖြည့်တင်းခန့်ထားရန် လိုအပ်သည့် ဒေသများ အမည်စာရင်းနှင့် အသေးစိတ် အချက်အလက်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်/ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေး ဦးစီးဌာနရုံးများရှိ ကြော်ငြာသင်ပုန်းများတွင် ကြော်ငြာထားမည်ဖြစ်၍ သွားရောက်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်