ယခုအပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ
(၃၀.၇.၂၀၁၈ မှ ၃.၈.၂၀၁၈)ထိ
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ဆန်က အရောင်းအဝယ်အေးတဲ့အတွက် ဆန်ကြမ်းဈေးတွေ ကျဆင်းသွားခဲ့ပြီး ဆန်ချောဈေးကတော့ ငြိမ်နေပါတယ်။ ဆန်ဈေးတွေငြိမ်နေသလို အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ပြီးခဲ့တဲ့အပတ်က အတက်အကျ မငြိမ်ပေမယ့် ဒီတစ်ပတ်မှာ အကြမ်းက ဈေးကျဆင်းသွားခဲ့ပါတယ်။ ဆန်အဝင်က တော့ မိုးတွေ ရွာနေပေမယ့် ပုံမှန်ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဧည့်မထဆန် ၂၅ % က တစ်အိတ်ကို ၂၀၃၀၀ ကနေ ၂၀၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ နွေသီးထပ်ဆန်ရှယ်ကလည်း တစ်အိတ်ကို ၂၁၈၀၀ ကနေ ၂၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ဈေးကျဆင်းသွားခဲ့ပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ကျန် ဆန်တွေကတော့ ဈေးအပြောင်းအလဲမရှိပဲ ငြိမ်နေပါတယ်။
ဇူလိုင်လအစမှာ အပြိုင်အဆိုင်ဈေးတက်ခဲ့ပေမယ့် ဇူလိုင်လကုန်မှာတော့ ဧည့်မထ ၂၅ % ဆန်က တစ်အိတ်ကို ၅၀၀ ကျပ်၊နွေသီးထပ်က တစ်အိတ်ကို ၁၅၀၀ ကျပ် နဲ့ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းဈေးတွေ ကျဆင်းခဲ့ပေမယ့် ပုသိမ်ဈေးကွက်မှာတော့ ဒုတိယတန်းစားစပါးရော ဆန်ကြမ်းပါ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ရွှေသွယ်လေးစပါးက တင်း ၁၀၀ ကို ၈၀၉၆၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၃၄၀၀၀ ရှိပါတယ်။ ဧရာမင်းကတော့ တင်း ၁၀၀ ကို ၈၀၀၄၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၃၄၀၀၀ ရှိပါတယ်။ မနောသုခကတော့ တင်း ၁၀၀ ကို ၆၄၄၀၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲ ကို ၂၆၀၀၀ ကျပ်၊ မီးကောက်က တင်း ၁၀၀ ကို ၆၉၀၀၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၂၉၀၀၀ ကျပ်၊ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၅၈၈၈၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၂၃၀၀၀ ကျပ် အသီးသီးရှိပြီး ဈေးငြိမ်နေခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ပြီးခဲ့တဲ့တစ်လလုံး အကျဈေးနဲ့ပဲ ရှိခဲ့ပေမယ့် ဇူလိုင်လ နောက်ဆုံးပတ်နဲ့ သြဂုတ်လပထမဆုံးအပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ အိန္ဒိယက အဝယ်အနည်းငယ်ရှိလာတဲ့အတွက် ဈေးကတက်လာတာဖြစ်ပြီး အချို့ ကုန်စည်ဒိုင်တွေမှာတော့ လက်ကျန်ပဲတွေ မရှိတော့တဲ့အတွက် ဈေးက တက်လာတာလို့လည်း သိရပါတယ်။ တစ်ချို့ကုန်စည်ဒိုင်တွေမှာတော့ ရောင်းချတဲ့သူ ရှိပေမယ့် ပဲအဝင်နည်းတဲ့အတွက်ဈေးက တက်လာတာလို့သိရပါတယ်။ ဒါပေမယ့် ပဲလက်ကျန်များနေတဲ့ နယ်တွေများတဲ့အတွက် စိုးရိမ်စိတ်ဖြင့် ဈေးလျော့ရောင်းချတာတွေမလုပ်ရအောင် ကုန်သည်တွေ ညှိုနှိုင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ FAQ/RC က ၂၀၁၇ အပြင် ၂၀၁၈ ပါ ဒီတစ်ပတ်မှာ အရောင်းအဝယ်ဖြစ်နေပြီး အသစ်က ဈေးပိုရနေတာကိုလည်း တွေ့ရပါတယ်။ လက်ရှိငွေဈေးတက်နေတာကလည်း မတ်ပဲကို ယခုထက် ဈေးမကျစေပဲ တန့်နေတဲ့အခြေအနေပါ။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၁၄၅၀၀ နဲ့ တစ်တင်းကို ၁၀၀၀ကျပ် ဈေးတက်လာပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၃၀၀ နဲ့ တစ်တင်းကို ၇၀၀ နီးပါး ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၄၆၀၀ ရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ် မတ်ပဲက တစ်တန်ကို ၄၂၀၀၀၀ ကျော်ကနေ ၄၃၅၀၀၀ အထိ ဈေးတက်လာခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်သောင်းကျပ်လောက်ဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီကလည်း ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယဝယ်ယူမှု ပိုလာတဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ သြဂုတ်လမှာ အပြီးတင်သွင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အဝယ်များပြီး ဈေးအနည်းငယ်တက်လာတယ်လို့သိရပါတယ်။ ထို့ပြင် တစ်ခြားပဲသီးနှံတွေကလည်း ဈေး တက်လာတဲ့အတွက် ပဲစင်းငုံကလည်း ဈေးတက်လာတာဖြစ်နိုင်တယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထားပါသေးတယ်။ နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၂၈၅၀ ရှိပြီး တစ်တင်းကို ၂၀၀ လောက်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၁၀၀ နဲ့ ၁၀၀ လောက်ဈေးတက်လာခဲ့ပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၂၀၀ နဲ့ တစ်တင်းကို ၄၀၀ လောက်ဈေး တက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၅၀၀ နဲ့ ၅၀၀ ကျပ်လောက်ဈေး တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်းပဲစင်းငုံနီက တစ်တန်ကို ၃၂၀၀၀၀ ကျော်လောက်ဈေးတက်လာပြီး အမြင့်ဆုံးဈေး ၅၀၃၀၀၀ ထိ ဒီတစ်ပတ်အတွင်းဈေးမြင့်တက်ခဲ့ပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပဲလက်ကျန်တွေ နည်းလာတဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ ထောပတ်ပဲက ရန်ကုန်ဈေးကွက်မှာ အနည်းငယ်ငြိမ်နေပမယ့် နယ်ကုန်စည်တွေမှာတေ့ာ ဈေးတက်လာခဲ့ပါတယ။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၄၀၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၃၇၈၀၀ ရှိပြီး ၄၀၀ ကျပ်လောက်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့အပတ်က တစ်တင်းကို ၄၂၀၀၀ ရှိပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးမဖွင့်ပါဘူး။ ထောပတ်ပဲကလည်း တစ်ခြား ပဲတွေနဲ့နှိုင်းယှဉ်လိုက် ဈေးအများဆုံးရရှိတဲ့ပဲလည်း ဖြစ်ပြီး ပြည်ပ ထက် ပြည်တွင်း ဝယ်လိုအားများတဲ့ ပဲလည်း ဖြစ်ပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ အဲ့နေ့ထိတော့ရလောက်ပါသေးတယ်နော့ဆျာ သတိမထားမိတာဆရာ အပင်တော်တော်များများမှာ အဲ့အပင်လေးတွေ အဲ့ပုံစံလေးတွေ စဖြစ်နေပီ နောက်ထပ်လေ မန်ကိုဇက် ၂ ကြိမ် ဂရမ်း ၁ ကြိမ် ဒိုင်ဇီ ၁ကြိမ် ပုံမှန်ဝင်ထားပါရဲ့နဲ့ ဘက်တီးရီးယားမဟုတ်ပဲ အဲ့မှို ရောဂါက ဘာကြောင့်ဝင်ရတာလဲဆရာ အချိန်ရရင်ရှင်းပြပေးပါအူးဆရာ
U Yan • ဖြေကြားချက် 0 ခု
ဒူးရင်းပင်အတွက်ဘာမြေဩဇာသုံးးရမလည်းဗျာ
စိုးခန့်ကကို • ဖြေကြားချက် 0 ခု
အရွက်ကဘာဖစ်လည်းဆိုတာသိချင်လို့ပါဗျ
စိုးခန့်ကကို • ဖြေကြားချက် 0 ခု
ငရုပ်စိုက်ဖို့အတွက်ဘာတွေပြင်ဆင်သင့်လည်း
Ko Zar • ဖြေကြားချက် 0 ခု
အပင်အားဆေးလောင်တာမျိုးက ပြန်ဖြေလို့ရလားဗျ တကယ်လို့ပြန်ဖြေလို့ရရင် ဆေးလေးညွန်းပေးပါအုံး
nay • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026