ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

06/04/2018 13:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂.၄.၂၀၁၈ မွ ၆.၄.၂၀၁၈)ထိ

ဒီတစ်ပတ်မှာတော့ဆန်ကြမ်းစျေးတွေ ကျဆင်းသွားပါတယ်။ မတ်ပဲကတော့  အတက်အကျရှိနေပေမယ့် ပဲစင်းငုံနီကတော့ အတက်စျေးနဲ့ ငြိမ်နေပါတယ်။ကြက်သွန်ဖြူကတော့ စျေးကျဆင်းသွားပါတယ်။

စပါး

ဒီတစ်ပတ် ပုသိမ်ကုန်စည်ဒိုင်မှာ ပထမတန်းစားပါးတွေက စျေးတက်ခဲ့ပေမယ့် ဒုတိယတန်းစား စပါးတွေကတော့ စျေးကျဆင်းသွားတာကို တွေ့ရပါတယ်။ ဆန်ကြမ်းအသစ်တွေ ဆက်တိုက်ဝင်ရောက်လာတဲ့အတွက် စျေးက ကျဆင်းသွားခဲ့ပါတယ်။ စျေးကျဆင်းနေတဲ့အပြင် အရောင်းအဝယ်ကလည်း ငြိမ်နေပါတယ်။ ပထမတန်းစားစပါးတွေကလည်း စျေးတက်နေပေမယ့် အရောင်းအဝယ်ကတော့ အေးနေပါတယ်။ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၀၀၇၆၁၀ ရှိပြီး ပြီးခဲ့တဲ့အပတ်က စျေးအတိုင်း ငြိမ်နေပါတယ်။ ပေါ်ဆန်းရင် အမျိုးအစားကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျော်စျေးတက်လာပါတယ်။ ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၁၀၁၇၃၇၀ ရှိပြီး တင်း ၁၀၀ ကို ၈၀၀၀၀ကျော်စျေးတက်လာပါတယ်။ ဒုတိယတန်းစားစပါးဖြစ်တဲ့ မနောသုခက တင်း ၁၀၀ ကို ၅၇၀၄၀၀ ရှိပြီး ၂၀၀၀၀ နီးပါးစျေးကျဆင်းခဲ့ပါတယ်။ မီးကောက်ကလည်း တင်း ၁၀၀ ကို ၅၉၈၀၀၀ ရှိပြီး ၂၀၀၀၀ ကျော် စျေးကျသွားပါတယ်။ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၆၀၀၀၀ ကျော် ကျဆင်းပြီး ၅၁၅၂၀၀ ပေါက်စျေးရှိနေပါတယ်။

ဆန်

ပုသိမ်ကုန်စည်ဒိုင်မှာ စပါးစျေးတက်ပေမယ့် ဆန်ချောတွေကတော့ ပြီးခဲ့တဲ့အပတ်အတိုင်း စျေးငြိမ်နေခဲ့ပါတယ်။ ဧရာဝတီပေါ်ဆန်း တစ်တင်းခွဲကို ၃၉၀၀၀၊ ပေါ်ဆန်းရင် နဲ့ ဖျာပုံပေါ်ဆန်းမွှေးတို့ကတော့ တစ်တင်းခွဲကို ၃၈၀၀၀ ပေါက်စျေးရှိပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ရွှေသွယ်လေး နဲ့ဧရာမင်းတို့ စပါးစျေးမှာ ငြိမ်နေပမယ့် ဆန်မှာတော့ စျေးအနည်းငယ်တက်လာတာကို တွေ့ရပါ တယ်။ တစ်တင်းခွဲကို ၂၈၀၀၀ နဲ့ ၅၀၀ စီ စျေးမြင့်တက်လာပါတယ်။ မနော်သုခဆန်ကတော့ တစ်တင်းကို ၂၃၀၀၀ ရှိပြီး ၁၀၀၀ ကျပ်၊ မီးကောက်က တစ်တင်းခွဲကို ၂၄၀၀၀ ရှိပြီး ၅၀၀ ကျပ်၊ သီးထပ်ရင်ကတော့ ၂၁၀၀၀ ရှိပြီး ၂၂၅၀ကျပ် စျေးကျဆင်းသွားခဲ့ပါ တယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာလည်း  ဆန်ချောတွေက စျေးငြိမ်နေပြီး ဆန်ကြမ်းအဝင်များနေတဲ့အတွက် ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်၊ ရက်၉၀ ဆန်၊ နွေသီးထပ်ဆန်တို့က တစ်အိတ်ကို ၁၀၀၀ ကျော်စျးကျဆင်းသွားခဲ့ပါတယ်။

မတ္ပဲ (FAQ/RC)

ဒီတစ်ပတ်မှာတော့ မတ်ပဲကတော့ ရန်ကုန်စျေးကွက်က အတက်အကျတွေ ရှိနေပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ စျေးက ကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြည်ပ ပဲတင်သွင်းခွင့်နဲ့ ပတ်သတ်ပြိး ဆန္ဒပြတာမှု မငြိမ်မသက်တွေကြောင့် ပြည်တွင်းးမှာပါ ပဲစျေးက မတည်မငြိမ်ဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံ ပြည်ပ ပဲတင်သွင်းခွင့်ကို တန်ချိန် ငါးသန်းသတ်မှတ်ခဲ့ပြီးချိန်မှစကာ နိုင်ငံအတွင်း ပဲစျေးတွေ အဆမတန်ကျဆင်းလာပြီး ပိုလျံမှုတွေ ဖြစ်လာတဲ့အတွက် ဆက်တင်သွင်းခွင့်ကို ရပ်ဆိုင်းထားရန် တောင်းဆိုနေပါ တယ်။ မြန်မာနိုင်ငံမှာလည်း ပဲနှမ်းအသင်းက အိန္ဒိယနိုင်ငံကို ပဲတင်ပို့ရောင်းချမှုကို တိုးပေးရန်၊ သီးသန့်ပို့တာ သတ်မှတ်ပေးရန်တို့ကို တောင်းဆိုထားပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံကို မတ်ပဲနှင့်ပဲတီစိမ်းကို  တန်ချိန် ၃ သိန်းနဲ့ပဲစင်းငုံကို တန်ချိန် ၂ သိန်းတင်ပို့နေပြီး တော့ ပဲတန်ချိန် ၁ သိန်းခန့် တိုးပြီးတင်ပို့ပေးရန် အိန္ဒိယနိုင်ငံ ပဲဝယ်ယူအစီအစဉ်အမှီ တင်ပြခဲ့ပေမယ့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံက ပဲကို တိုးဝယ် မဝယ် မသိရသေးပါဘူး။ လက်ရှိရန်ကုန်စျေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄၅၀၀၀၀ ဝန်းကျင်ပေါက်စျေးရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲ တစ်တင်းကို ၁၃၅၀၀၊ နေပြည်တော်ကုန်စည်ဒိုင်မှာ ၁၃၅၀၀၊ ပြည်ကုန်စည်ဒိုင်မှာ ၁၄၀၀၀ နဲ့ တစ်တင်းကို ၁၀၀၀ ကျော်စျေးကျ ဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ စျေးအနည်းငယ်တက်တယ်ဆိုပေမယ့် ထင်သလောက် အများကြီးတက်တာမဟုတ်ပဲ စျေးကျဆင်းသွားခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ နယ်ကုန်စည်ဒိုင်တွေမှာတော့ စျေးက တက်လာပါတယ်။ ရန်ုကုန်ဝယ်လက်တွေက နယ်အထိ ဆင်းဝယ်နေပြီး နယ်တွေမှာ ပဲစင်းငုံနီအသစ်က  မကျန်သလောက်အခြေအနေ ဖြစ်နေပါတယ်။ ပဲအဟောင်း လက်ကျန်တွေကိုသာ တစ်ဖြေးဖြေးထုတ်ရောင်းနေတယ်လို့လည်းကုန်သည်တွေ ထံကနေ သိရပါတယ်။ ပဲစင်းငုံနီကလည်း အိန္ဒိယကိုအဓိကတင်ပို့နေပြီးတော့ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီစျေးတွေက စျေးတက်လာတယ်လို့သိရပါတယ်။ လက်ရှိမှာ ရိတ်သိမ်းကာလဖြစ်နေတဲ့အတွက်ရော တောင်သူတွေကလည်း ဆန္ဒပြနေတဲ့အတွက်ကြောင့် ပဲစျေးက မြင့်နေခဲ့ ပါတယ်။ ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၈၀၀၀၀ ကနေ ၃၉၅၀၀၀ ကြားပေါက်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၃၀၀၊ ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၉၀၀၀၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၅၀၀ ရှိပြီး တစ်တင်း ကို ၅၀၀ လောက်စျေးတက်လာခဲ့ပါတယ်။

ကုလားပဲ

ကုလားပဲက မင်းတုန်း၊ ကံမ အစရှိတဲ့နေရာတွေက နေ့စဉ် ပုံမှန်ဝင်နေပြီး စျေးကလည်း ပုံမှန်ငြိမ်နေပါတယ်။ အရောင်းအဝယ်ကတော့ အဝင်ရှိသလောက် အရောင်းလည်းရှိနေပါတယ်။ ပဲလှောင်သမားတွေ နဲ့ပဲခွဲစက်တွေ က အဓိကထားဝယ်ယူနေပေမယ့် မတ်ပဲ နဲ့ ပဲစင်းငုံနီစျေးအကျက ကုလားပဲမှာပါ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လတ်တလော စျေးအမြင့်ရနေတဲ့ ပဲတွေထဲမှာတော့ ကုလားပဲက ပါဝင်နေပေမယ့် ပဲတီစိမ်းထက် စျေးနိမ့်နေပြီး ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်ရင် တော်တော်ကို စျေးက ကျဆင်းသွားခဲ့တာပါ။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲ ဖြူ၊ဝါ၊အကြီးအသေးက တစ်တင်းကို ၂၁၃၀၀ ကနေ ၂၃၃၀၀ ရှိပြီးတော့ စျေးငြိမ်နေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကနေ ၂၃၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်လောက်ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ ကနေ ၂၃၀၀၀ ရှိပြီး စျေးအနည်းငယ်တက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ရှိပြီး ၅၀၀ ကျပ်လောက်စျေးတက်လာပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 
 

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်