ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၂.၃.၂၀၁၈ မွ ၁၆.၃.၂၀၁၈)ထိ
ဒီတစ်ပတ်မှာတော့ မတ်ပဲ ရော ပဲစင်းငုံနီရော စျေးပြန်တက်လာပါတယ်။ပြီးခဲ့တဲ့ အပတ်က စပါးဝယ်ယူတာနဲ့ ပတ်သတ်ပြီး အခြေခံနှုန်းထားသတ်မှတ်လိုက်တဲ့အတွက် စပါးစျေးရော ဆန်စျေးပါ စျေးတက်လာခဲ့ပါတယ်။
စပါး
ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းက အခြေခံ စပါးစျေးဝယ်ယူမှုကို ငွေကျပ် ၅ သိန်း သတ်မှတ်ပေးလိုက်တဲ့ နောက်မှာ စပါးစျေးက တက်လာခဲ့ပါတယ်။ အခြေခံ နှုန်းထားသတ်မှတ်လိုက်တာဟာ ပြည်ပစျေးကွက်ဝင် ပထမတန်းစား ဆန်တွေကို စိုက်ပျိုးမှုနည်းတဲ့ တောင်သူငယ်တွေကို အဓိကထားရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အခြေခံနှုန်းထားနဲ့ ဝယ်ယူမှုကို လာမယ့်မိုးစပါးကနေ စတင်ဝယ်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ ထုတ်ပြန်ကြေညာပြီးလိုက်တဲ့နောက်မှာ စပါးက တင်း ၁၀၀ ကို အနည်းဆုံး ၄၀၀၀၀ နီးပါးအထိ စျေးတက်သွားတာကို တွေ့ရပါတယ်။ ပထမတန်းစား ဆန်တွေဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀၀ ကို ၁၀၀၇၀၀၀ ကျော်ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀ ကျော်၊ ပေါ်ဆန်းရင်က တင်း ၁၀၀ ကို ၉၀၂၀၀၀ ကျော်ပေါက်စျေးရှိပြီး ၃၀၀၀၀ ကျော်၊ ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၉၂၈၀၀၀ ကျော်ရှိပြီး ၄၀၀၀၀ ကျော် စျေးတက်လာခဲ့ပါတယ်။ ဒုတိယတန်းစား စပါးတွေဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းကတင်း ၁၀၀ ကို ၆၉၀၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၅၀၀၀၀၊ သီးထပ်ရင်က တင်း ၁၀၀ ကို ၅၇၉၀၀၀ ကျော်ပေါက်စျေးရှိပြီး ၂၀၀၀၀ ကျော်စျေးတက်လာခဲ့ပါ တယ်။ တစ်ခြားအမျိုးအစားဖြစ်တဲ့ မနောသုခက တင်း ၁၀၀ ကို ၅၉၈၀၀၀ ၊ မီးကောက်က ၆၁၆၄၀၀ ရှိပြီး စျေးအပြောင်းအလဲ မရှိခဲ့ပါဘူး။
ဆန်
ဆန်ကတော့ ဧရာဝတီတိုင်းမှာတင်မဟုတ်ပဲ နယ်စုံမှာပါ စျေးက တက်လာပါတယ်။ ပြည်ပ တင်ပို့မှုကလည်း တိုးလာတဲ့အတွက် စျေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာတော့ ဧရာဝတီပေါ်ဆန်း ဆန်က တစ်တင်းခွဲ ကို ၃၉၀၀၀၊ ပေါ်ဆန်းရင်က ၃၇၀၀၀၊ ဖျာပုံပေါ်ဆန်းက ၃၈၀၀၀ နဲ့ တစ်တင်းခွဲကို ၁၀၀၀ လောက်တက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ရွှေသွယ်လေးနဲ့ဧရာမင်းက တစ်တင်းခွဲကို ၂၇၅၀၀၊ မနောသုခ ဆန်က ၂၄၀၀၀၊ မီးကောက်က ၂၄၅၀၀၊တို့ပေါက်စျေးရှိပြီး တစ်တင်းခွဲကို ၅၀၀ ကနေ ၁၀၀၀ ကြားအထိ စျေးတက်လာပါတယ်။ တစ်ခြားပြည်နယ် နဲ့တိုင်းတွေမှာလည်း ဆန်ချော တစ်တင်းခွဲကို အနည်းငယ်ဆုံး ၁၀၀၀ ကနေ ၃၀၀၀ ကြားစျေးတက်လာပြီး ဆန်ကြမ်းကလည်း တစ်တင်းခွဲကိုအနည်းဆုံး ၅၀၀ ကနေ ၁၅၀၀ ကြားစျေးတက်လာပါတယ်။
မတ္ပဲ (FAQ/RC)
ပြီးခဲ့တဲ့ အပတ်က စျေးကျဆင်းသွားတဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ စျေးအနည်းငယ်ပြန်တက်လာပါတယ်။ပြည်ပဝယ်လိုအားများရင် စျေးတက်ပြီး ပြည်ပဝယ်လိုအားနည်းရင် စျေးကျတဲ့ အမျိုးအစားဖြစ်တဲ့အတွက် မတ်ပဲရဲ့ စျေးတက်မှုက ပြည်ပဝယ်လိုအားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့လည်း ပြောလို့ရပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံမှာလည်း ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာက ပဲတင်သွင်းမှုကို ကန့်သတ်ထားဖို့ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ကုန်သည်တွေက တောင်းဆိုနေပါတယ်။ လက်ရှိသတ်မှတ်ထားတဲ့အရေအတွက်က ကျန်ရှိနေသေးတဲ့အတွက် ထပ်ပြီး တင်သွင်းမှုဆက်လုပ်မယ်ဆိုရင် ပြည်တွင်းမှာ လက်ကျန်ပဲတွေ အများအပြား ကျန်ရှိနေမှာကို ကုန်သည်တွေအနေနဲ့စိုးရိမ်နေမှုတွေလည်း ရှိနေပါတယ်။ ထို့ပြင် ပြည်ပတင်သွင်းတဲ့ပဲက ပြည်တွင်းပဲထက် စျေးသက်သာနေတဲ့အတွက် တောင်သူတွေအနေနဲ့လည်း အုံကြွမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံကသာ လက်ရှိကန့်သတ်မှုထက် ဆက်ပြီးကန့်သတ်မယ်ဆိုရင် မတ်ပဲနဲ့ပဲစင်းငုံက ထပ်ပြီးစျေးကျဆင်းနိုင်ဖွယ်ရှိနေပါတယ်။ လက်တလော မှာတော့ ရန်ကုန်ကုန်စည်ဒိုင်မှာ ၅ သိန်းအထိ စျေးပြန်တက်ခဲ့ပါတယ်။မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၃၀၀ ရှိပြီး ၃၀၀ ကျပ်စျေးတက်လာပါတယ်။မုံရွာမှာ စျေးအနည်းငယ်တက်ပေမယ့် နေပြည်တော်ကုန်စည်ဒိုင်၊ ပြည်ကုန်စည်ဒိုင်မှာတော့ စျေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ စျေးအနည်းငယ်ပြန်တက်လာပါတယ်။ ပဲတွေကို ရန်ကုန်ဝယ်လက်တွေက အဝယ်များနေပေမယ့် တောင်သူတွေက အတက်စျေးကို စောင့်နေတဲ့အတွက် အရောင်းနည်းပြီး စျေးကွက်မှာ တက်နေတာလည်းဖြစ်ပါတယ်။ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာလည်း ဖြစ်တဲ့အတွက် ပြည်ပဝယ်လိုအားပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ စျေးအနည်းငယ်တက်ခဲ့ပေမယ့် မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၇၀၀ ရှိပြီး ၃၀၀ကျပ်စျေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၇၀ ရှိပြီး ၇၀ ကျပ်စျေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၃၅၀၀ ရှိပြီး ၂၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၄၇၅ ကျပ်ရှိပြီး တစ်ပိဿာကို ၂၅ ကျပ်စျေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၂၀၀ ရှိပြီး တစ်တင်းကို ၄၀၀၀ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။
မဝတ်ရည်မွန်(AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 0 ခု
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....