ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

18/05/2018 16:54 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁၄.၅.၂၀၁၈ မှ ၁၈.၅.၂၀၁၈)ထိ
ဆန်၊ စပါး
ပြီးခဲ့တဲ့အပတ်က ဆန်စျေးရော စပါးစျေးရော စျေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပုသိမ်စျေးကွက်မှာ စပါးစျေးရော ဆန်စျေးရော ငြိမ်နေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ ဆန်အချောတွေက စျေးငြိမ်နေပြီး ဒုတိယတန်းစား ဆန်တွေဖြစ်တဲ့ ဧည့်မထဆန်၊ နွေသီးထပ်ဆန် နဲ့ ရက် ၉၀ ဆန်တို့က စျေးအနည်းငယ်သာ အတက်အကျအပြောင်းအလဲ ရှိပါတယ်။ တစ်ပတ်အတွင်းမှာတော့ ဆန်စျေးက အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ပုသိမ်စျေးကွက်မှာ ပထမတန်းစားစပါးဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၉၅၀၀၀၊ ပေါ်ဆန်းရင် အမျိုးအစားကလည်း တင်း ၁၀၀ ကို ၉၈၁၀၀၀ နဲ့ စျေးငြိမ်နေပါတယ်။ ပထမတန်းအမျိုးအစားဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၄၅၀၀၀၊ ပေါ်ဆန်းရင်က တစ်တင်းခွဲ တစ်အိတ်ကို ၄၃၀၀၀နဲ့ ဖျာပုံပေါ်ဆန်းမွှေးကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၄၃၀၀၀ ပေါက်စျေးရှိပါတယ်။ ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေး နဲ့ဧရာမင်းအမျိုးအစားကလည်း တင်း ၁၀၀ ကို ၇၃၆၀၀၀ သီးထပ်ရင်စပါးကတော့ တင်း ၁၀၀ ကို ၅၂၅၀၀၀၊ မနောသုခ နဲ့ မီးကောက်တို့ကတော့ သုံးပတ်ဆက်တိုက် စျေးငြိမ်နေပြီး မနောသုခက တင်း ၁၀၀ ကို ၅၇၀၀၀၀ ကျော်၊မီးကောက်ကတော့ တင်း ၁၀၀ ကို ၅၉၈၀၀၀ အသီးအသီးပေါက်စျေးရှိပါတယ်။ ဒုတိယတန်းစားဆန်ဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းဆန်တို့ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၃၀၀၀၀ ပေါက်စျေးရှိပါတယ်။

မတ္ပဲ (FAQ/RC)
ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံက မတ်ပဲကို တန်ချိန် ၁၅၀၀၀၀ ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲစျေးနှုန်းတွေ မြင့်တက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ပြီးစျေးက တစ်အိအိကျဆင်းသွားပါတယ်။ စျေးကွက်အတွင်း အချို့ပဲတွေက လက်ကျန်ရှိပြီး အချို့ပဲတွေက လက်ကျန်မရှိတော့တဲ့အနေအထားမှာ စျေးကွက်ထဲနေ့စဉ် ဝင်ရောက်နေတဲ့ မတ်ပဲကတော့ စျေးတက်ချိန် အလုအယက်ရောင်းနေတဲ့အနေအထားမှာလည်း ရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာလည် တစ်ပတ်ကို တန်ချိန် ၃၀၀၀ နီးပါးအရောင်းအဝယ်ဖြစ်နေပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း တစ်နေ့ကို အိတ် ၂၀၀ ကနေ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်နေပါတယ်။ စျေးတက်နေချိန် ပဲတွေအရောင်းအဝယ်ဖြစ်နေပေမယ့် လက်ရှိအနေအထားက တောင်သူလက်ထဲ ပဲရှိတဲ့အနေအထားမဟုတ်ပဲ လှောင်သမားလက်ထဲမှာသာ ပဲရှိတာဖြစ်တဲ့အတွက် အကျိုးအမြတ်ကတော့ တောင်သူတွေ မရရှိလိုက်ပါဘူး။ လက်ရှိအိန္ဒိယနိုင်ငံကမတ်ပဲကို ဝယ်ယူမယ်ဆိုတဲ့ သတင်းကြောင့် မတ်ပဲစျေးတွေက တက်နေပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ လက်ရှိကာလ အခြေအနေစျေးကိုရရှိဖို့ခဲယဉ်းနိုင်မယ်လို့လည်း ကုန်သည်အချို့က ယူဆထားပါတယ်။ မတ်ပဲက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလပိုင်းမှာ တစ်တန်ကို ၉၇၀၀၀၀ ကျော် စျေးရရှိခဲ့ပါတယ်။၂၀၁၇ သြဂုတ်လပိုင်းကစပြီး အိန္ဒိယနိုင်ငံက ရဲ့ ပြောင်းလဲလိုက်တဲ့မူဝါဒကြောင့် မြန်မာနိုင်ငံရဲ့ ပဲစျေးတွေ တစ်ရှိန်ထိုး ထိုးကျဆင်း သွားပြီး တောင်သူတွေ အထိနာခဲ့ရပေမယ့် လက်ရှိအနေအထားက တောင်သူတွေ အနေအထားတစ်ခုကိုထပ်ပြီး ရောက်နိုင်လိမ့်မယ်လို့လည်း တောင်သူတွေက မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံထုတ်လုပ်မှုက တန်ချိန် ၂၄ သန်းကျော်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံကို ပဲတင်ပို့တဲ့ နိုင်ငံတွေထဲမှာ မြန်မာကတင်ပို့မှုနှုန်းထားလျော့ကျလာတဲ့အတွက် ပြည်ပဝယ်ယူမှုမြင့်ရင် စျေးတက်မှာဖြစ်ပြီး ပြည်ပတင်ပို့မှု နည်းရင် စျေးကကျဆင်းမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မတ်ပဲက ရန်ကုန်စျေးကွက်မှာ တစ်တန်ကို ၄၉၀၀၀၀ ကျော်အထိ စျေးတက်လာခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ၃ တင်းဝင် တစ်အိတ်ကို ၄၇၀၀၀ အထိ တစ်အိတ်ကို ၇၀၀၀ စျေးမြင့်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၄၃၅၀၀ ပေါက်စျေးရှိပြီး ၃၀၀၀ ကျော်၊ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၄၇၀၀၀ကျော်ပေါက်စျေးရှိပြီး တစ်အိတ်ကို၅၀၀၀ ကျော်စျေးတတ်လာပါတယ်

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လက်ရှိမှာ အိန္ဒိယနိုင်ငံကတိုးပြီး ဝယ်ယူမယ်ဆိုတဲ့သတင်းတွေကြောင့် စျေးကမတ်ပဲ နီးနီးမြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် ပဲလုပ်ငန်းရှင်နဲ့အစိုးရက ထုတ်ပြန်ခဲ့တဲ့ ပဲစင်းငုံနီကို ယခုထိမစိုက်ပျိုးပဲ တစ်ခြား ဝင်ငွေရ သီးနှံတွေကို စိုက်ပျိုးပါဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် တောင်သူတွေအကြား ဝေခွဲမရတဲ့အခြေအနေ ဖြစ်နေပါတယ်။ အိန္ဒိယက ဝယ်ယူမယ်ဆိုတဲ့ သတင်းကြောင့် လာမယ့်မိုးပဲကို စိုက်ပျိုးသင့်လား ၊ အမှန်တကယ် တစ်ခြားအစားထိုးသီးနှံတွေကို စိုက်ပျိုးသင့်လားဆိုတဲ့ မေးခွန်းတွေလည်း အမြောက်အမြားရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က စျေးဖွင့်ရက်မရှိခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း တစ်တန်ကို ၅ သိန်းနီးနီးအထိ စျေးတက်ခဲ့ပြီး နယ်ကုန်စည်ဒိုင်တွေမှလည်း စျေးကအမြင့်စျေးရရှိနေပါတယ်။ စျေးမြင့်ရနေပေမယ့်လည်း ပဲအဟောင်းလက်ကျန်က မရှိတော့ စျေးကွက်ထဲကိုလည်း ဝင်ရက် မဝင်ရက်ဖြစ်တဲ့အတွက် နေ့စဉ်တော့ စျေးကအရောင်းအဝယ် မဖြစ်ပါဘူး ြမြန်မာနိုင်ငံပဲစင်းငုံနီက တစ်ခြားပြည်ပပဲစျေးနှုန်းတွေနဲ့ယှဉ်ရင် စျေးကသက်သာနေတာဖြစ်ပြီး အိန္ဒိယစိုက်ပျိုးမှုမှာလည်း လိုအပ်ချက်ရှိနေသေးတာဖြစ်တဲ့အတွက် ပဲစင်းငုံကတော့ ဆက်ပြီးအရောင်းအဝယ် ရှိနေဦးမယ်လို့လည်း ကုန်သည်အချို့က သုံးသပ်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယအစိုးရက ပဲစင်းငုံနီကို ပဲအလုံးအပြင် ပဲအခြမ်းပါတင်ပို့ရမယ်ဆိုတဲ့ ကန့်သတ်ချက်အချို့ကြောင့် ပဲကုန်သည်အချို့ကတော့ နောက်ဆက်တွဲ ခွဲခြမ်းတဲ့ စက်လိုအပ်ချက်တွေကို စိုးရိမ်မှုတွေ ရှိလာပါတယ်။ ပဲစင်းငုံနီက ပြီးခဲ့တဲ့ အပတ်ကတည်းက စျေးတက်လာတာဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ စျေးကအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၂၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၁၅၀၀ ကျပ်ရှိပြီး ၁၀၀၀၀ ကျော်၊ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၃၇၅၀၀ နဲ့ ၁၀၀၀၀ ကျော်အသီးသီးစျေးတက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ (ရှမ်း)(ကြူကုတ်) တို့ကတော ဒီတစ်ပတ်မှာ စျေးကထပ်ပြီး ကျဆင်းသွားပါတယ်။ ကြူကုတ်က ပြီးခဲ့တဲ့အပတ်က အရောင်းအဝယ်သွက်ပြီး စျေးအနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပုံမှန်အဝင်တွေရှိပြီး စျေးကျ ဆင်းသွားပါတယ်။ ရှမ်းကြက်သွန်အသစ်တွေကတော့ သင်္ကြန်ပြီးကတည်းက ဝင်ရောက်လာပေမယ့် တောင်ကြီးကြက်သွန်တွေက အဝင်နည်းပြီး အရည်အသွေးကလည်း သိပ်မကောင်းတဲ့အတွက် စျေးက ကျဆင်းသွားပါတယ်။ လက်ကျန်ကြက်သွန်တွေကများပြီး အသစ်တွေကလည်း ထွက်တာဖြစ်တဲ့အတွက် စျေးကွက်အတွင်းမှာ ကြက်သွန်ဖြူတွေများပြီး စျေးကတစ်ဖြေးဖြေး ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်စည်ဒိုင်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၁၀၀ ကနေ ၁၂၅၀ အထိ ပေါက်စျေးရှိပြီး အောင်ပန်း၊ တောင်ကြီးတို့ကတော့ ၈၅၀ ကနေ ၁၂၅၀ အထိ စျေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကြူကုတ်က တစ်ပိဿာကို ၁၁၅၀ ရှိပြီး ရှမ်းကတော့ တစ်ပိဿာကို ၁၀၅၀ ရှိပါတယ်။ တစ်ပိဿာကို ၄၀၀ နီးပါးစျေးကျဆင်းသွားပါတယ်။

 

ဝတ်ရည်မွန်(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်