ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

01/06/2018 14:34 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်ပဲ (FAQ/RC)

မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို ရန်ကုန်ဆိပ်ကမ်းကနေ တဆင့် တင်ပို့မှုများနေတဲ့အတွက် တစ်တန်ကို ၅ သိန်းကျော်တဲ့အထိ ဈေးကမြင့်တက်သွားပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ရန်ကုန်ဝယ်လက်ရှိတဲ့အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးက မေလတစ်လလုံးကို ကိုင်လှုပ်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ပဲဝယ်ယူမှု ပြောင်းလဲသွားတဲ့မူဝါဒကြောင့် မတ်ပဲဈေးက ပြန်လည်ဦးမော့လာခဲ့ပါတယ်။ တောင်သူတွေကိုလည်း မျှော်လင့်ချက်အနည်းငယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မတ်ပဲဈေးကထင်သလောက် မတက်လာခဲ့ပဲ အိန္ဒိယနိုင်ငံရဲ့တိကျမှုမရှိတဲ့ ထုတ်ပြန်ချက်ကလည်း ဈေးကိုဆက်ပြီး မတက်ပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ရိပ်ရိပ် ကျဆင်းသွားခဲ့တဲ့ မတ်ပဲဈေးက မေလ တတိယအပတ်မှာ ပြန်မြင့်တက်လာပါတယ်။ မေလအစမှာ မတ်ပဲတစ်တန်ကို ၃သိန်း၉ သောင်းကျော်သာပေါက်ဈေးရှိခဲ့ပေမယ့် မေလကုန်မှာတော့ တစ်တန်ကို ၅ သိန်း ၁သောင်းကျော်အထိ တစ်လအတွင်း တစ်တန်ကို ၁ သိန်းကျော်ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဈေးကတက်ခဲ့ပေမယ့် တောင်သူတွေလက်ထဲ ပဲမရှိတော့တဲ့အတွက် တောင်သူအနည်းငယ်သာ အတက်ဈေး နဲ့ ဈေးရခဲ့ပါတယ်။ အတက်ဈေးနဲ့ဈေးရပေမယ့်လည်း အရှုံးကို မကာမိတဲ့ အခြေအနေပါ။ ရန်ကုန်ကုန်စည်ဒိုင်မှာ မတ်ပဲဈေးက ၅ သိန်း ၃ သောင်း နဲ့ တစ်ပတ်အတွင်း တစ်တန်ကို ၄ သောင်းကျော်တက်ခဲ့သလို နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ဒီတစ်ပတ်ပေါက်ဈေးက ၁၄၅၀၀ ရှိပြီး ၃၀၀ လောက်တက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၆၂၀၀ နဲ့ တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးကအနည်းငယ်ငြိမ်နေပါတယ်။ အိန္ဒိယနိုင်ငံကိုတင်ပို့မှုကနည်းပေမယ့် ဝယ်လက်တွေကတော့ ပုံမှန်ဝယ်ယူနေတဲ့အတွက် ဈေးကကျဆင်းမသွားပဲ အမြင့်ဈေးနဲ့ဈေးငြိမ်နေပါတယ်။ ပဲစင်းငုံနီကလည်း မေလ တစ်လလုံးမှာ ဈေးကွက်ကို အတော်ကိုင်လှုပ်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဝယ်ယူတာမလုပ်တော့ဘူးဆိုတဲ့ သတင်းတွေကြောင့်လည်း တောင်သူတွေမှာ ရသလောက်ဈေးနဲ့ ရှိတဲ့ပဲတွေကို ထုတ်ရောင်းတာတွေ လုပ်ခဲ့ပါတယ်။ ပဲအသင်းကလည်း ပဲစင်းငုံနီအစား အခြားသီးနှံတွေကိုပြောင်းစိုက်ဖို့အထိ တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲလုပ်ငန်းရှင်အသင်းနဲ့ အစိုးရက အိန္ဒိယအစိုးရကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အပေးအယူတွေပြုလုပ်ခဲ့တဲ့အတွက် လာမယ့်သုံးလအတွင်းတန်ချိန် ၂ သိန်း  ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြီး ထွက်လာခဲ့ပါတယ်။ ထိုထုတ်ပြန်ချက်ကြောင့် ပဲစင်းငုံနီဈေးက တစ်တန်ကို ၅ သိန်း၃ သောင်း ကျော်အထိ ဈေးပြန်လည်မြင့်တက်ခဲ့ပြီး လတ်တလော မတ်ပဲ နဲ့ဈေးအနည်းငယ်သာ ကွာဟမှုရှိနေပါတယ်။ မေလအစမှာ ပဲစင်းငုံနီ တစ်တန်ကို ၃သိန်း၅ သောင်းပေါက်ဈေးရှိခဲ့ပေမယ့် မေလအကုန်မှာတော့ တစ်တန်ကို ၅ သိန်း ၃ သောင်းအထိ ဈေးရရှိနေပြီး တစ်လအတွင်း တစ်တန်ကို၂ သိန်းနီးပါးဈေးတက်လာခဲ့ပါတယ်။ ဈေးတက်ခဲ့ပေမယ့် တောင်သူတွေလက်ထဲ ပဲမရှိတော့တဲ့အတွက် တောင်သူတွေက ဈေးကောင်းကိုတော့ မရလိုက်ပါဘူး။ ဒီတစ်ပတ် ရန်ကုန်ကုန်စည်ဒိုင်မှာ ဈေးအေးနေပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးတက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီတစ်တင်းကို ၁၃၀၀၀ ရှိပြီး ၂၅၀ ကျော်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၅၈၀၀ ရှိပြီး တစ်တင်းးကို ၁၀၀၀ လောက်တက် လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၄၀၀၀ ရှိပြီး ၁၀၀၀ နီးပါးဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ တစ်ပတ်နဲ့တစ်ပတ် ဈေးကအကျမရှိပဲ နယ်ကုန်စည်ဒိုင်ရော ရန်ကုန်ကုန်စည်ဒိုင်မှာပါ ဈေးကတက်နေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း အဝင်ကပုံမှန်ရှိနေပြီး အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ ပြည်ပဝယ်ယူမှုကလည်း တိုးလာတဲ့အတွက် ဈေးကတက်လည်း ပုံမှန်တက်နေပါတယ်။ ဈေးအမြင့်ဆုံးရရှိတဲ့ ပဲကြီးကိုပါ ကျော်ပြီး လက်ရှိဈေးအမြင့်ဆုံး ပဲနေရာမှာ ရှိနေတယ်လို့ပြောလို့ရပါတယ်။ ပြည်ပဝယ်လိုအားတောင်ပြည့်မှီဖို့ ခက်ခဲတဲ့အခြေအနေလည်း ရှိနေပါတယ်။၂၀၁၈ က ပဲတီစိမ်းနှစ်လို့ ပြောလို့ရပါတယ်။ မေလအစမှာ ပဲတီစိမ်းက တစ်တင်းကို ၂၀၀၀၀ ကနေ ၃၈၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပြီး မေလကုန်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကနေ ၄၃၀၀၀ ကျော်အထိ ဈေးက မြင့်တက်လာပါတယ်။ ပဲတီစိမ်းခရမ်းရွှေဝါကတော့ ဈေးအမြင့်ဆုံးရှိနေတာလည်း ဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း တစ်တင်းကို ၁၀၀၀ ကျော်ဈေးတက်လာပြီး အနိမ့်ဆုံးဈေး ၁၈၅၀၀ ကနေ ၄၂၀၀၀ ရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပတ်အတွင်း တစ်တင်းကို ၂၀၀၀ ကျော်ဈေးတက်လာပြီး တစ်တင်းကို ၄၄၀၀၀ ကျော်ရှိပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့ မေလတစ်လလုံး ကုလားပဲဈေးကတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ကုလားပဲဈေးက ပြန်ပြီးဈေးကျဆင်းသွားခဲ့ပါတယ်။ကုန်စည်ဒိုင်တွေကို ပဲတွေက အဝင်နည်းသွားတဲ့အပြင် အရောင်း အဝယ်ကလည်း မရှိသလောက် နည်းသွားတဲ့အတွက်ဈေးက ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲ ဖြူ၊ဝါ(အကြီး၊အသေး) က တစ်တင်းကို ၂၀၅၀၀ ကနေ ၂၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၀၅၀၀ ကျော်ရှိပြီး တစ်တင်းကို ၁၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၇၀၀ ရှိပြီး ၃၀၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မေလအစနဲ့နှိုင်းယှဉ်လိုက်ရင်တော့ လက်ရှိကုလားပဲ ဈေးက အတက်ဈေးမှာပဲ ရှိနေပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်