အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်ဖြူဈေး ထပ်မြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့သုံးသပ်

ကြက်သွန်ဖြူဈေး ထပ်မြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့သုံးသပ်

AMIA
AMIA 28/06/2024

မတ်ပဲ

ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးကျဆင်းနေဆဲ အခြေအနေပါ။ တစ်ပတ်အတွင်း ငွေလဲလှယ်နှုန်း၊ အိန္ဒိယဝယ်ယူမှုနဲ့ ပြည်တွင်း မတ်ပဲ ထုတ်ရောင်းလာမှု အခြေအနေပေါ် မူတည်ပြီး အတက်အကျတွေ ရှိနေတာဖြစ်လို့ အများကြီး ကျဆင်းသွားတာမျိုးတော့မရှိပါဘူး။

အိန္ဒိယနိုင်ငံတွင်းမှာလည်း  နွေမတ်ပဲ တွေ ဈေးကွက်ထဲ အဝင်ရှိနေတာ ဖြစ်လို့ ဈေး က အေးနေ ပါတယ်။ ဒါ့အပြင် အိန္ဒိယအစိုးရက မိုးစိုက်မတ်ပဲ ရဲ့ အခြေခံဈေးနှုန်းကို ၁၀၀ ကီလိုဂရမ်ကို ၇၄၀၀ ရူပီး သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ၄၅၀ ရူပီးများလာတာ ဖြစ်ပါတယ်။ ကုန်သည်တွေကလည်း လက်ရှိအခြေအနေက အများကြီး ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က  တစ်တန်ကို ရူပီး ၈၉၂၅ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၂၅ ရူပီး ဈေးကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၂၃၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တစ်တန်ကို ၃၃၆၂၀၀၀ကျပ်၊ အင်္ဂါနေ့မှာတော့ ၃၃၁၇၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၃၃၅၃၀၀၀ကျပ် နဲ့ ကြာသပတေးနေမှာ တော့ တစ်တန်ကို ၃၃၉၂၀၀၀ ပေါက်ဈေးရှိနေပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနဲ့ယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ ကျော်ဈေး ကျဆင်းသွားပါတယ်။

(SQ/RC)ကတော့ တစ်တန်ကို    ၃၆၈၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၂၅   မှ ၅၅၅၆၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ ကျပ်ဈေးကျဆင်းပါတယ်။

မတ်ပဲ FOB ဈေးနှုန်းကလည်း  တစ်တန်ကို ၉၇၅ မှ ၉၉၅ ဒေါ်လာပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးကျဆင်းတာမျိုးမရှိဘဲ အတက်ဈေးနဲ့ ငြိမ်နေတဲ့ အခြေအနေပါ။ နေ့စဉ် အဝင်ပေါ်မူတည်ပြီး အနည်းငယ်အတက်အကျ သာ ရှိပါတယ်။

ပုံမှန်  ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတဆင့် တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်၊ နယ်သာလန်တို့ အပြင် အခြား ဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်တယ်လို့သိရပါတယ်။

စီးပွားကူးသန်းက ထုတ်ပြန်တဲ့ စာရင်းအရ ၃ လအတွင်း ပဲတီစိမ်း ၁၈၀၀၀၀ ကျော်တင်ပို့ထားတယ်လို့ သိရပါတယ်။ ပုံမှန်တင်ပို့မှုတွေ အတွက် အဝယ်ရှိပေမယ့် တရုတ်နယ်စပ်တစ်လျှောက် လမ်းကြောင်း ပိတ်ဆို့ မှုတွေကြောင့် ယခင်ကလောက် တင်ပို့နိုင်မှုမရှိဘဲ အဝယ်လည်း နည်းတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀  မှ ၄၆၇၀ ၃၅ ကျပ်၊ ပဲတီစိမ်းပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၈၅၀၀၀ မှ ၂၀၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀  ကျပ်ဈေးတက်လာပါတယ်။ 

နယ်ဈေးကွက်တွေ မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၄၀၀၀ ကြား ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်ပုံမှန် ရှိနေပြီး ဈေးကတော့ အတက်အကျ ရှိနေပါတယ်။  မိုးတွင်းကာလဖြစ်လို့ အရည်အသွေးပိုင်း ဆိုင်ရာ အနည်းငယ်ညံ့နေပြီး‌ ဈေးကောင်းမရရှိဘူးလို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်ကိုတော့ နယ်စုံ အဝင်သိပ်မရှိပါဘူး။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ)တို့က ပုံမှန်အဝင်ရှိနေပြီး တစ်ပိဿာကို ၁၆၀၀ မှ ၂၂၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ ပုံမှန်အဝင်ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ကြူကုတ်ကတော့ ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်များပါတယ်။ ကြက်သွန်ဖြူက လက်ရှိလမ်းခရီး အခြေအနေများကြောင့် ဈေးကွက်အဝင်နည်းနိုင်ပြီး ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ခန့်မှန်းမှုတွေ ရှိပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၉၃၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀  ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့

Win Min • ဖြေကြားချက် 0 ခု

trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ

Khing Hein • ဖြေကြားချက် 0 ခု

ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ

kyaw zin • ဖြေကြားချက် 2 ခု

ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ

Htet Lin • ဖြေကြားချက် 1 ခု

စိုက်ခင်းထဲပိုးအမဲကောင်လေးတွေအနည်းငယ်တွေ့လို့ဗျပြောင်ပြောင်ပြောင်နဲ့ကျောပေါ်ကစိုးရိမ်ရလားဆရာ ရေပေါ်မှာတော့ဥဖြူလေးတွေအနည်းငယ်တွေ့တယ်

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။