ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၈.၁၀.၂၀၁၈ မှ ၁၂.၁၀.၂၀၁၈)ထိ
ဆန်၊ စပါး
လက်ရှိမှာ ဆန်ဟောင်းတွေက ဈေးကွက်ထဲကို လက်ကျန်နည်းပြီး အဝင်လည်းနည်းလာ ပါတယ်။ မိုးစပါးအသစ်တွေ ဝင်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် လက်ကျန်ဆန်စပါးတွေက ဈေးကတက် နေခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး ဆန်ချောက ဆန်ကြမ်းထက်ဈေးပိုတက်နေတာကိုလည်း တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ ရွှေဘိုပေါ်ဆန်းက က တစ်အိတ်ကို ၁၀၀၀ ဈေးတက်ခဲ့ပြီး ၆၁၀၀၀ ကနေ ၆၃၀၀၀ ပေါက်ဈေးရှိနေပါတယ်။ အခြား ဆန်တွေကတော့ ဈေးငြိမ်နေပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးနဲ့ဆန်တွေ ဈေးတက်ခဲ့ပြီး ဒုတိယတန်းစား စပါးနဲ့ဆန်ကတော့ ဈေးငြိမ်နေပပါတယ်။
ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၃၅၈၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀ ကျော်ဈေးတက်ခဲ့ပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၅၄၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေး တက်လာပါတယ်။
ပေါ်ဆန်းရင်ကတာ့ တင်း ၁၀၀ ကို ၁၂၇၀၀၀၀ ကျော်ရှိပြီး ၅၀၀၀၀ ကျော်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၂၀၀၀ တက်လာပြီး ၅၁၀၀၀ ပေါက်ဈေးရှိပါတယ်။
ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၁၃၁၄၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ကို ၈၀၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၂၀၀၀ တက်လာပြီး ၅၄၀၀၀ ပေါက်ဈေးရှိပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်အမြင့်ဆုံးဈေး သုံးတင်းဝင်တစ်အိတ်ကို ၅၈၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ပါတယ်။ ပဲအသစ်တွေလည်း ထွက်တော့မှာ ဖြစ်သလို လက်ကျန်ပဲတွေက နည်းနေတဲ့အတွက် ဈေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။
တောင်သူတွေကလည်း ဈေးအမြင့်ကို ဆက်လက်စောင့်နေပြီး လက်ကျန်ပဲတွေကို ထုတ်မရောင်းသေးတာတွေကိုလည်း တွေ့ရပါတယ်။ လက်ကျန်ပဲတွေကို ထုတ်ရောင်းတဲ့အချိန်မှာတော့ ဈေးကပြန်လည်ကျဆင်းသွားပြီး ကုန်သည်အချို့ ဈေးကစားနေတာကိုလည်တွေ့ရပါတယ်။ လက်ရှိမတ်ပဲကို အိန္ဒိယနိုင်ငံအပြင် တရုတ်ကပါ အဝယ်ရှိနေပြီး အရောင်းအဝယ်ကတော့ အရင်လောက် မများပေမယ့် သွက်နေတယ်လို့ ပြောလို့ရပါတယ်။
ပဲကုန်သည်များအသင်းကတော့ မတ်ပဲအသစ်တွေ မကြာခင်ထွက်ရှိတော့မှာ ဖြစ်လို့ အဟောင်းတွေကို ရောင်းချရာမှာ ကုန်သည်တွေအနေနဲ့တိုက်ရိုက်ရောင်းချကြရန်၊လက်ဆင့်ကမ်းရောင်းချချင်း မပြုလုပ်ရန် သတိပေးထားပြီးလက်ဆင့်ကမ်းရောင်းချပါက အရေးယူသွားမယ်လို့ အောက်တိုဘာ လ ၈ ၇က်နေ့က ထုတ်ပြန်ချက်ထုတ်ထားပါတယ်။ မန္တလေးဈေးကွက်မှာလည်း မတ်ပဲက တစ်အိတ်ကို အမြင့်ဆုံးဈေး ၅၈၀၀၀ အထိ ရရှိနေပြီး ရန်ကုန်ဈေးကွက်မှာလည်း အမြင့်ဆုံးဈေး ၅၇၀၀၀ အထိ ဈေးရရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာလည်း တစ်အိတ်ကို ၅၇၀၀၀ ရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်အိတ်ကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အတက်ဈေးနဲ့ ဈေးနှစ်ရက်သာဖွင့်ခဲ့ပြီး ကျန်ရက်တွေမှာ ဈေးမဖွင့်ခဲ့ပါဘူး။ နယ်ဈေးကွက်တွေမှာတော့ အရောင်းအဝယ်က ပုံမှန်ဖြစ်နေပြီး ဈေးတက်နေတာကိုလည်းတွေ့ရပါတယ်။
လက်ရှိမှာ အခြားပဲတွေက ဈေးကျဆင်းနေခဲ့ပေမယ့် လက်ကျန်နည်းလာလို့ အရောင်းအဝယ်ပြန်သွက်လာခဲ့ပြီး ဈေးကအနည်းငယ်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၄၂၅၀ နဲ့တစ်တင်းကို ၄၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁၄၆၀၀ နဲ့ တစ်တင်းကို ၁၂၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၅၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ပဲပုတ်
ပဲပုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်သလို အသစ်တွေကလည်း မကြာခင်ဝင်ရောက်တော့မှာဖြစ်တဲ့အတွက် ဈေးက ပြန်ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ပဲပုတ်က တစ်တင်းကို ၂၆၄၀၀ နဲ့ ၃၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၅၀၀ နဲ့ ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၆၆၀၀ နဲ့ ၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်းဈေးကပြန်ကျဆင်းသွားပါတယ်။ ကြက်သွန်ဈေးတွေ တက်နေတဲ့အတွက် အဝယ်က အေးသွားပြီးဈေးက ကျဆင်းသွားပါတယ်။ နေ့စဉ် ပိသာချိန်ပေါင်း ၃၀၀၀၀ ကနေ ၅၀၀၀၀ ကြားသာ ဝင်ရောက်နေပေမယ့် ဈေးကတော့ ကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း ၉၀၀ ကနေ ၁၀၀၀ ရှိပြီး တစ်ပတ်အတွင်း ၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း ၉၀၀ ကနေ ၁၀၅၀ ရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၀ ကျပ် တက်လာပြီး ၉၅၀ ကနေ ၁၃၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026